လမ်း ရှိမြဲ

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


1i8h7sido8.png


ဒီနေ့ စိတ်ကူးပေါက်မိတာကတော့ စီးပွားရေးလုပ်ငန်းလို့ခေါ်နိုင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူ တွေအသုံးတည့်နိုင်မယ့် အကြောင်းအရာဖြစ်မယ်ထင်တယ်။ စီးပွားရေးလုပ်ငန်းလို့ ဆိုလိုက်ရင် ကြီးကြီး ကျယ်ကျယ်တွေ ပြေးပြေးမြင်တတ်ကြတော့ ကိုယ်ပိုင်ဈေးဆိုင်လိုလုပ်ငန်းလေးတွေ မျက်နှာငယ်နေ ရတယ်လေ။ လုပ်ငန်းလို့ဆိုရင် အကုန်အကျုံးဝင်သွားတာပေါ့။ အခုရေးတာတွေက ဘောင်ဝင်ချင်လည်း ၀င်နိုင်မယ်၊ မ၀င်ချင်လည်းမ၀င်ဘူးပေါ့လေ။ စီးပွားရေးပညာရှင်မဟုတ်လေတော့ ရမ်းသမ်းရေးရမှာပဲ။ အသုံးတည့်တာတစ်ခုလောက်ပါသွားတယ်ဆိုရင်တော့ ရေးရကျိုးနပ်တာပေါ့။ လုပ်ငန်းအားလုံးအတွက် အရေးကြီးတဲ့အချက်တစ်ခုကတော့ ဘာလို့ လုပ်ငန်းလုပ်တာလဲဆိုတာကို စဉ်းစားကြည့်တယ်။ ရှင်းပါတယ်။ အမြတ်အစွန်းတစ်စုံတစ်ရာလိုချင်လို့ပဲမဟုတ်လား။ မိမိတို့အကျိုးစီးပွားအတွက် တည်ထောင်ထားတာ၊ ဖွဲ့စည်းထားတာပဲဖြစ်မယ်မဟုတ်လား။ ဒီလိုဆိုရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့သူ ဒါမှမဟုတ် လုပ်ကိုင်မယ့်သူတွေဟာ အရည်အချင်းတော့ရှိရမယ်မဟုတ်လား။ ဘယ်လိုအရည်အချင်းရှိသင့် သလဲဆိုတာလေးကို ပုံဖော်ကြည့်မိတယ်။ ပုံပဲဖော်ကြည့်မိတာပါ။ စိတ်ကူးနဲ့ဆိုတော့ ပုံရိပ်က မပြတ်မသား ဖြစ်ပြီး မပီပြင်ဝိုးတ၀ါးနဲ့ ရေးလိုက်တာပဲဖြစ်ပါတယ်။ မပီပြင်ပေမယ့်လည်း မြင်မိသလောက်တော့ မျှပေးချင်မိ တယ်။


lpjcmdq8w4.png


လူတိုင်းမှာက စွမ်းရည်ဆိုတာတွေရှိပြီးသားပဲဖြစ်တယ်လို့ ဆရာအတော်များများက ပြောဆိုလေ့ရှိကြပါတယ်။ တကယ်လည်းမှန်နိုင်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် လူအတော်များများက ဒီစွမ်းရည်တွေကို ထုတ်ပြီး အသုံးချတာမရှိတတ်ပါ။ တကယ့် ကျဉ်းထဲ ကျပ်ထဲရောက်တဲ့အခါမှာတော့ အဲဒီစွမ်းရည်ကို မဖြစ်မနေ ဖြစ်ညှစ် ထုတ်ကြတယ်။ အကျဉ်းအကျပ်ကလွတ်မြောက်လိုတဲ့အတွက် မဖြစ်မနေကို ရှိသမျှအားကုန် ညှစ်ထုတ်ကြ တယ်။ အသက်ဘေးနဲ့ကြုံတဲ့အချိန်ဆိုရင် ပိုတောင်သိနိုင်လိမ့်မယ်ထင်တယ်။ အစွမ်းအစဆိုတာ ထုတ်သုံးမှ အလွယ်တကူထွက်တယ်။ ဓားများလိုပဲဖြစ်မယ်။ သွေးနေမှ ထက်နေတတ်တယ်။ ခုတ်ချင်ရင် အလွယ်ခုတ်နိုင် တယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဖြစ်မြောက်အောင်မြင်ရမယ်ဆိုတဲ့ စိတ်မရှိရင်တော့ အောင်မြင်ဖို့အတော်နည်း သွားပါတယ်။ စစ်မတိုက်ခင်က မြားကုန်ဆိုတဲ့စာလိုပဲဖြစ်မှာပေါ့။ စစ်မှမတိုက်ရသေးဘူး မြားကကုန်နေတယ်။ အလုပ်မှမလုပ်ရသေးဘူး အရှုံးပေးနေတယ်။ ဘယ်အရာကိုမဆို ထိပ်တိုက်ရင်ဆိုင်ပြီး ရဲရဲဝင့်ဝင့်နဲ့ လုပ်ကိုင်မယ် ဆိုရင် အောင်မြင်ဖို့ရာခိုင်နှုန်းအတော်များပါတယ်။ စိတ်ကောင်းစေတနာကောင်းလေးတွေလည်း ထားမှ ဖြစ်မယ်ပေါ့။ စိတ်ဆိုး စိတ်ယုတ်တွေထည့်ပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ခဏတာအတွက်တော့ ဖြစ်ချင်ဖြစ် လိမ့်မယ်။ ရေရှည်မှာတော့ နာမည်ဆိုးနဲ့ နာမည်ပျက်ပဲကျန်ရစ်တတ်ပါတယ်။ နာမည်ဆိုး ဘယ်သူကရွေးလဲ ဆိုရင် ကိုယ့်လုပ်ရပ်၊ ကိုယ့်စေတနာကပဲ ရွေးပေးလိုက်တာပါ။



svxtrmvy4k.png


အခြားသူတစ်ယောက်ကို အားကိုးလွန်းရင် ကိုယ်တိုင်က အသုံးမကျဖြစ်သွားပါတယ်။ ကယ်တင်ရှင်ကို မျှော်လင့် နေရင် မှန်ကန်တဲ့လုပ်ရပ်ဟုတ်မယ်မထင်ဘူး။ ဒီတော့ကာ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ၊ ဘယ်လို ပြဿနာတွေကိုတွေ့တွေ့ ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်အောင်ကြိုးစားရမှာက မိမိတို့ရဲ့ တာဝန်ပဲ မဟုတ်လား။ ဘယ်အရာမဆို ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲလို့ မှတ်ယူထားပါတယ်။ ဖြေရှင်းလို့မရဘူးဆိုတာ တစ်ဖက်သတ်ဆန်တဲ့အတွေးအခေါ်မျိုးမရှိခဲ့ရင်၊ အနိုင်ကျင့်လိုတဲ့ ကြီးနိုင် ငယ်ညှင်းစိတ်ဓာတ်မရှိခဲ့ရင်ပေါ့လေ။ တစ်ဖက်သတ်ဆန်တာ၊ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တာက အဟိတ်တိရစ္တန်တွေရဲ့ ကျင့်စဉ်သာဖြစ်တဲ့အတွက် အသိဥာဏ်ရှိတဲ့လူတွေက မကျင့်သုံးသင့်၊ မကျင့်သုံးကြပါဘူး။ ကျင့်သုံးနေတယ်ဆိုရင်လည်း တိရစ္ဆာန်နဲ့ အတူတူဖြစ်သွားတယ်ဆိုတာတော့ သိထားသင့်ကြောင်းပါ။ လမ်းကြောင်း တစ်ကြောင်းပိတ်နေခြင်းက လမ်းသစ် တစ်ခု ဖြစ်ပေါ်စေပါတယ်။ ဆိုက္ကားဆိုတာ အလုပ်မဖြစ်ရင် သုံးဘီးဆိုတာအလုပ်ဖြစ်စမြဲပါ။ သုံးဘီးဆိုတာ အလုပ်မဖြစ်ရင် မော်တော်ကားဆိုတာအလုပ်ဖြစ်ပါလိမ့်မယ်။ သာမန်အတွေးနဲ့တွေးကြည့်တာပါ။ တကယ်ရေးချင်တဲ့စာတွေကို မရေးနိုင်လို့ တောင်တစ်လုံး မြောက်တစ်လုံး ရောက်တိ ရောက်ရာ ရေးနေခြင်း ဖြစ်တဲ့အတွက်တော့ သည်းခံကြပါလို့။ တကယ်ရေးချင်တဲ့စာတွေက ကျန်နေပါသေးတယ်။ ရေးလည်း ဖတ်တဲ့သူဦးရေ ဘယ်လောက်မှမရှိတော့ အားမရှိတာအမှန်ပဲ။ လမ်းတစ်လမ်းပိတ်ရင် အနည်းဆုံး လမ်းတစ်လမ်းတော့ ပွင့်နေမှာဖြစ်တဲ့အတွက် အားမလျော့၊ စိတ်မပျက်၊ ဆက်လက်ချီတက်ပါလို့အားပေးရင်း အားတင်းရင်းဖြင့် ---


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-7-2019 တနင်္လာနေ့(Monday)

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank a lot.


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးတင်ပါတယ်ဗျာ