
စကားမချော်စေနဲ့
Greek နိုင်ငံကို နှစ်ပေါင်း သုံးဆယ်ကျော် တိတိကျကျဆိုရင် နှစ်ပေါင်း (၃၃ နှစ်) ကျော် အုပ်ချုပ်ခဲ့တဲ့ Pericles ပဲရိကလိစ်ဟာ မိုးလင်းတိုင်း တောင်းတဲ့ ဆုတောင်းတစ်ခုရှိတယ်တဲ့..
အကျိုးမရှိတဲ့စကား မသင့်တော်တဲ့စကားကို တစ်ခွန်းတောင်မှ သတိလက်လွတ် ပါးစပ်ကနေ ထွက်မသွားတဲ့သူ ဖြစ်ပါရစေ တဲ့။
ဒါဟာ သူ ဘယ်လောက် discipline ကြီးကြီးနဲ့ သူ့ကိုယ်သူ တည်ဆောက်ထားသလဲ ဆိုတာ ပြတာပဲ။
ဒါ့ကြောင့်ပဲ သူဟာ Greek သမိုင်းမှာ Age of Pericles လို့ သတ်မှတ်ရတဲ့ထိ ပြောင်မြောက်တဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့တယ်နော်။
ပြီးတော့ သူဟာ စကားပြော အင်မတန်ပိုင်တဲ့သူ ဖြစ်တယ်လို့ မှတ်တမ်းတင်ခံရတယ်။ အင်မတန်လည်း သိက္ခာကြီး dignity ကြီးတယ်။ ဘယ်သူ့ကိုမှလည်း ချော့ချော့မော့မော့ လုပ်မနေပဲနဲ့ နိုင်ငံကိုတည်ဆောက်သွားတယ်။
သူ့ရဲ့ ဥာဏ်အမြော်အမြင်နဲ့ ချင့်ချင့်ချိန်ချိန်စရိုက်ဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ personality ထဲမှာ အကျော်ကြားဆုံး ပေါ်ထွက်ခဲ့တယ်။
ဒါဟာ လူတစ်ယောက် ဖြစ်နိုင်ခဲတဲ့ ကိစ္စလို့ ပြောရမှာပါ။ ဒါပေမယ့် ဒါဟာ မဖြစ်နိုင် ခဲ့တာမှ မဟုတ်ပဲ။
သူလို သမိုင်းဝင်လူက မနက်တိုင်းတောင်းတဲ့ ဆုဟာ သတိမပါ ဥာဏ်မပါ စကားမချော်ပါရစေနဲ့ လို့ အဓိပ္ပါယ်ရတဲ့ ဆုကို တောင်းတယ်တဲ့ နော်။
အဲဒီတော့ ပြန်စဉ်းစားကြည့်ရင် သတိလွတ်ပြီး ကိုယ့်ပါးစပ်က ထွက်ချင်ရာ ထွက်မိခဲ့လို့ ကိုယ့်ဘာသာပြန်ရှက်နေရတဲ့ စကားတွေ ဘယ်လောက်များသလဲလို့။

ကိုယ့်ဘာသာ ပြန်ရှက်နေရတဲ့ အချိန်မှာ သတိထားကြည့်.. စိတ်မှာ အားမရှိဘူး.. ပျော်ရွှင်ကြည်နူးတဲ့စိတ် ရှိမနေတော့ဘူး .. စိတ်က နုံနုံနဲ့နဲ့လေး ဖြစ်နေတယ်...
ဘယ်လောက် နစ်နာလိုက်သလဲလို့..
လူဆိုတာ ဥာဏ်မြင့်တတ်တဲ့ သတ္တဝါ။ မနေ့က အသိဥာဏ်နဲ့ ဒီနေ့ အသိဥာဏ်တောင် တူတာ မဟုတ်ဘူး။ သတိနဲ့ နေတတ်တဲ့သူဆိုရင် ခုဏက အသိဥာဏ်နဲ့ ခုအသိဥာဏ်တောင် သိသိသာသာ ကွာသွားပြီဆိုတာ ကိုယ့်ဥာဏ်မှာ မြင်နေရတယ်။
အဲဒီတော့ မနေ့က အပျော်လွန်လို့ဖြစ်စေ ..ဒေါသဖြစ်လို့ဖြစ်စေ မာနဖြစ်လို့ဖြစ်ျစ စိတ်ကသိကအောင့် ဖြစ်လို့ ဖြစ်စေ ချော်ခဲ့ မှားခဲ့တဲ့ စကားလေးတွေက ဒီနေ့ ဥာဏ်နဲ့ ပြန်ကြည့်ရင် ရှက်စရာ ဖြစ်ရရင် မကောင်းဘူး။
ကိုယ်ချော်ခဲ့တဲ့စကားဟာ ကိုယ့်သမိုင်းပဲ။
ကိုယ့်သမိုင်းကိုယ် နေ့တိုင်းရေးတာပဲ။
စိတ်ကလည်း အမှားတိုင်းကို recording လုပ်မိလျက်သားပဲ။
ကိုယ့်ဘဝမြင့်မားတော့မယ့်အခါကျတော့မှ ကိုယ်ပါးစပ်က ထွက်ခဲ့တာတွေ ပြန်မှတ်မိနေရရင် အဆင့်ဘယ်လောက်မြင့်မြင့် ၊ ရာထူး ဂုဏ်ထူး ဘယ်လောက်ကြီးကြီး ဘယ်တော့မှ သိက္ခာကြီးတဲ့ စိတ်ခံစားမှုကို ခံစားရမှာ မဟုတ်ဘူး။
အဲဒီတော့ ဘဝကို နေတဲ့အခါ... မနက်ဖြန်ကျရင် နောင်တချိန်ကျရင် ရင့်လာမယ့် ဥာဏ်ကို မျှော်ပြီး နေပါ။
အနည်းငယ်တော့ စောင့်စည်းရတာ ချုပ်တည်းရတာ ရှိမှာပေါ့။
ကိုယ့် personality နဲ့ character ကို develop လုပ်တဲ့အခါ ပေးဆပ်ရမှု တချို့တော့ ရှိမှာပေါ့။
ဒါပေမယ့် ဒါကို မတန်ဘူးလို့ ပြောမှာလား။
စိတ်ချမ်းသာမှု ရှိပြီး မြင့်မားတဲ့ စိတ်နေစိတ်ထားအတွက် မတန်ဘူး ဆိုတာ မရှိပါဘူး။
photo : facebook
