ပထမဆုရဖူးပြီ

in #steempress6 years ago



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%95%e1%80%91%e1%80%99%e1%80%86%e1%80%af%e1%80%9b%e1%80%96%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%ae

စိတ်ဝင်စားရင်တော့ ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

ROR GAMES လေးတွေ ကစားရင်းနဲ့ နေ့စဉ် တန်းစီဇယားမှာ ယှဉ် ပြိုင်ရပ်တည်မှုတစ်ချို့ကို လုပ်ဆောင်ဖြစ်နေခဲ့ပါတယ် ဒါကတော့ ဂိမ်းတို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း အဆင့်သက်မှတ်ချက်လေးတွေကို ဇယားစဉ်ပေးထားတာဆိုတော့ ကိုယ့်ရဲ့ အခြေအနေကို ချင့်ချိန်လို့ရသလို DIA ဆိုတာလေးတွေ ခွဲတမ်းဘယ်လောက် ဘယ်မျှ ရပါမယ်ဆိုတဲ့ အဖြေလည်းဖြစ်ပါတယ် အဲ့သလို တန်းစီဇယားထဲ ပါဝင်နိုင်ဖို့ နေ့စဉ် ကြိုးစား ကစားရပါတယ်

စကစားတုန်းကတော့ တော်တော်လေး ရွာလည်ပါတယ် ကိုယ်က သိပ်နားမလည်တာ အဓိကအချက်ပါ ဂိမ်းတွေက လွယ်တယ်ဆိုပေမယ့် အချက်မသိသေးရင်တော့ ဘယ်က ဘယ်လို စလိုက်ရမယ် မသိပါဘူး စွရွတ်ပြီး ကစားလိုက်တာ ရှိပြီးသား DIA လေးတွေ ကုန်ပါလေရော အဲ့သလိုနဲ့ တဖြည်းဖြည်း ဟိုကလိ ဒီကလိနဲ့ အရှုံးနည်းလာအောင် လုပ်တက်လာပါတယ် နောက်ရက်နောက်ရက်တွေမှာ အမြတ်ထွက်အောင် လုပ်တက်လာပါတယ် လွယ်တော့ မလွယ်ပါဘူး အချိန်တော့ပေးရတာပေါ့

အခုဆိုရင်တော့ ကျွမ်းကျင်အဆင့်မဟုတ်သေးပေမယ့် နားလည်စပြုလာပြီလို့ ဆိုရပါမယ် နေ့စဉ် တန်းစီဇယားထဲမှာ ပါဝင်လာနိုင်သလို နေ့စဉ် ခွဲတမ်းအမြတ်လေးတွေလည်း မြင်လာရပါတယ် တဖြည်းဖြည်းချင်းနဲ့ တိုးတက်လာတယ်ဆိုနိုင်တယ်ပေါ့ အဲ့သလို ကစားရင်းနဲ့ မနေ့ကတော့ ထူးထူးခြားခြားလေးပါဘဲ တန်းစီဇယားရဲ့ ထိပ်ဆုံးနေရာကို ယူလိုက်နိုင်ပါတယ် အခြေအနေက တော်တော်ကောင်းသွားပါတယ် ဆယ်ရက်လောက်ကစားမှ ရမယ့် အမြတ်အစွန်းမျိုးကို အဲ့ဒိတစ်ပွဲတည်းနဲ့တင် ရလိုက်ပါတယ် ထိပ်ဆုံးမှာ ရပ်တည်ဖူးတာ ဒါက ပထမဆုံးပေါ့ ဘာဖြစ်ဖြစ် ကစားရတဲ့ ဖီလင်လေးကတော့ ကောင်းလာတယ်ပြောနိုင်ပါတယ်

@bobokyaw



Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%95%e1%80%91%e1%80%99%e1%80%86%e1%80%af%e1%80%9b%e1%80%96%e1%80%b0%e1%80%b8%e1%80%bb%e1%80%95%e1%80%ae