တစ်နေ့တာအတွက် အလုပ်တာဝန်တွေနဲ့ မအားမလပ်နိုင်အောင် ရှိကြပါလေသော ဒီလို အခြေအနေမျိုးမှာ ညမအိပ်ခင် လုပ်စရာ တစ်ခုက ကျန်နေပါသေးသည် နေ့စဉ် မပျက် စာလေးတွေရေးလို့ စတီးမစ်ပေါ် တင်လိုက်ရမှ နေသာထိုင်သာ ရှိလေသည်။ လိုချင်လောဘရဲ့ စေ့ဆော်မှုအားအရှိန်တို့ကြောင့် မအားပါဘူး ဆိုသော်လည်း စာလေးတွေ ရေးဖြစ်သည်။ စိတ်ညစ်စရာတွေကြုံနေရလည်း စာတွေရေးနေတာပါဘဲ ပျော်စရာတွေ ရှိနေလို့ အပျော်လွန်နေမိလည်း စာတွေ ရေးခဲ့သည်။ လုပ်ချင်တာတွေ တော်တော်များများကို စွန့်လွှတ်ခဲ့သည်။ ယုံကြည်မှုတစ်ခုအတွက် များစွာ ရင်းနှီးခဲ့သည် အချိန်တွေ အချိန်တွေ မနည်းပါဘူး ပြန်တွေးကြည့်တော့လည်း လုပ်ခဲ့တာတွေအတွက် ကျေနပ် အားရမိပါသည်။
တစ်ခုခုတော့ ဖြစ်မြောက်အောင် လုပ်ခဲ့ချင်မိသည်။ ငွေကြေးဖြစ်ဖြစ် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ဖြစ် အရာထင်သော အမှတ်ထင်ထင်ရှိသော တစ်ခုခုပေါ့ လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကိုးစားခဲ့ပါသည။် မျှော်မှန်းသလောက် မဖြစ်လာခဲ့သော်လည်း အရွေ့ကောင်းတွေကိုတော့ တွန်းပို့နိုင်ခဲ့တာသေချာပါသည်။ လုပ်နိုင်တာတွေ လုပ်ခဲ့ပြီးပြီဘဲ ဘာကို မကျေနပ်ဘူး ပြောရဦးမှာလဲ စိတ်ရှိတိုင်းတော့ ဘယ်အရာမှ ပြီးပြည့်စုံမနေနိုင်ဘူးပေါ့ ကံဇာတာရယ် တစ်ခါတော့ အလှည့်ပေးပါဦလားး အလှည့်တော့ကြုံခဲ့တာပါဘဲ မိမိရရ ဖမ်းဆုပ်နိုင်ခဲ့သလား သေချာရေရာ ရှင်းမပြတက်တော့ပါ
အစကတည်းက ဒီလိုမှန်းသိရင်လား......... ဒါတော့ ကလေးဆန်လွန်းပါတယ်လေ ဒီလိုမှန်းသိရင် ဟိုလိုလုပ်ခဲ့မှာဘဲမဟုတ်ဘူးလား ချိန်သားကိုက် လုပ်နိုင်ခဲ့မယ်လို့ ထင်တာပါဘဲ လွဲချော် တိမ်းစောင်းမှုလေးတွေကတော့ ရှိနေခဲ့ပြီလေ တိကျတဲ့ ပြစ်မှတ်ကို မထိမှန်ခဲ့တောင် ပြစ်မှတ်နဲ့တော့ အနီးဆုံး ပြစ်နိုင်ခဲ့တယ် မဟုတ်ဘူးလား ဘာကို အားမရဖြစ်နေရဦးမည်လဲ ဒါဟာ စတီးမစ်က ပေးတဲ့ သင်ခန်းစာဘဲပေါ့ လိုချင်တပ်မက်မှုတိုင်းမှာ လွှဲချော်ခြင်း သီအိုရီက ကျိန်စာသင့်စေခဲ့တယ်ဘဲ ဆိုရပါတော့မယ် အချိန်ကာလတစ်ခုရွေ့လျှားသွားတဲ့အခါ အမှားတွေအတွက် နေရာတစ်ခု ချန်ထားပေးရမယ်လို့ တွေးမိခဲ့သင့်တယ် တော်ပါသေးတယ် အများကြီး မျှော်လင့်မထားခဲ့မိတာ ကံကောင်းခြင်းလက်ဆောင်ဘဲပေါ့ အခြားတေးတစ်ပုဒ်တော့ ဆိုကြည့်ပါဦးမယ် သံစဉ်တွေပြောင်းသွားတဲ့အခါ ခံစားမှုနှစ်သက်ရာတွေလည်း ပြောင်းလဲသွားမှာပါဘဲ
Nc Game ကစားရတာ အချိန်တွေ ကုန်လွန်းလှပါတယ် ဒီအတွက် ပြန်လည်ကုစားဖို့ တစ်ခုခုတော့ လုပ်ရဦးမယ် သိပ်မကြာခင်တော့ ဂိမ်းတွေနဲ့ ဝေးတဲ့ နေရာတစ်ခု အရောက်သွားပါဦးမယ် ဒီလောက် ဆိုရင်တော်လောက်ပြီလားလို့ပါဘဲ တစ်ခုခုမှာ တစ်နေရာတည်းမှာ စွဲမြဲမနေတက်တာလည်း အားနည်းချက် လို့ ဆိုရမလားဘဲ နှောင်ဖွဲမှု ကင်းတဲ့ လွတ်လပ်ပေါ့ပါးခြင်းကို အလိုရှိပါတယ် ဂိမ်းတွေက ကိုယ့်ရဲ့ အချိန်တွေကို ဗြောင်ကျကျဘဲ လုယူနေသလားလို့ပါ စတီးမစ်နဲ့ ပါတ်သက်ရာ ပါတ်သက်ကြောင်းဆိုတော့လည်း ဒီကောင်တွေကို နားလည်ပေးထားရသလိုဘဲ
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=36

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!