
Telegram က မရ၊ Color note ကလည်း restore လုပ်မရနှင့် အတော်လေး ဂွကျလှ၏။ သို့နှင့် Discord ဖွင့်၏။ verify code တောင်း၏။ ကိုယ့် အပြစ်နဲ့ကိုယ်၊ အခြား မဟုတ် security ကောင်းအောင် မြင့်အောင် Discord ကို step 2 verification ခံထားလိုက်တာ ခုတော့ step 2 code တောင်းနေခဲ့ပြီ ဖြစ်၏။ သွားရော Discord ကော၊ Telegram ကော ဝင်မရပေ။ နောက်ပိုင်း LOA က Discord မှာ ပိုပြီး ပြောကြ ဆိုကြ လုပ်ဆောင်ကြမည် ဖြစ်သဖြင့် Telegram မရသေးလည်း Discord ကနေ သုံးမယ် ဆိုမှ ကိုယ့် security နဲ့ ကိုယ် တိုင်ပတ်တော့၏။
Step 2 code က color note မှာ မှတ်ထားတာ၊ ခု color note က restore မရဘူးဆိုတော့ သွားရော။ pc ထဲက color note ကနေ key ယူလို့ရပေမယ့် မီးက မလာနေပေ။ မနက်မှပဲ မီးလာမှ လုပ်လို့ရပေတော့မည်။ သို့နှင့် အခြား လိုအပ်သည့် App တွေကိုသာ down ထားလိုက်၏။ Telegram ဝင်မရသည်ကို YouTube မှာ ကြည့်ပြီး လုပ်ကြည့်သေး၏။ မရပေ။ မထူးသည့် အတူတူ တော့ သူပြောထားသလို ၈ နာရီ သာ စောင့်လိုက်တော့မည်။ ယခုက ညလည်း နက်လာခဲ့ပြီ။ အချိန် အားဖြင့် မနက် တနာရီတောင် ထိုးနေခဲ့ပြီး ဖြစ်၏။ မနက်မှ ကျန်တာ ထပ်လုပ်တော့မည်။
မနက်ခင်းထတော့ ကျန်နေသည့် အရာများကို ထပ်လုပ်၏။ color note ကတော့ ခုထိ restore မရပေ။ (firmware တင်ပြီး ၄၊ ၅ ရက်ထိ မရပေ။ လုံးဝများ မရတော့ပြီလားပဲ) network error သာ ပြပြနေတော့၏။ phone ကလိနေရင်းက သူငယ်ချင်းက လက်ဖက်ရည်သောက်ရန် ph လှမ်းဆက်သဖြင့် လက်ဖက်ရည်သောက် ထွက်လာခဲ့လိုက်၏။ Telegram လည်း မရသေးဘူး ကိုး။ Discord ကတော့ ရပြီ ဖြစ်၏။ မနက်က မီးလာသဖြင့် pc ဖွင့်ပြီး color note ကနေ key ကို keep note ပြောင်းယူထားလိုက်၏။ ခုထိတော့ firmware အသစ်နှင့် အသားမကျနေသေးပေ။

ယခင် Dot os က Android 11 ဖြစ်၏။ ယခု Spark os ကတော့ Android 12 ဖြစ်၏။ ကျနော့် ph အမျိုးအစား အတွက် MIUI version က 12 အထိ Android version က 11 အထိသာ ရတော့ ပေးတော့မည်ဟု xiaomi က ကြေငြာ ထားပြီး ဖြစ်၏။ Miui 13 ရရ မရရ ကိစ္စ မရှိပေ၊ custom rom ရနေသရွေ့ အဆင်ပြေ၏။ ခုပဲ Android 12 ရပြီ မဟုတ်လား။ ကျနော် သုံးသည့် custom rom တွေက Google Pixel phone တွေ၏ firmware (rom) ပုံစံတွေကို inspire ယူထား၏။ pixel phone မကိုင်နိုင်သေးသော ကျနော့် အတွက် ရသေ့ စိတ်ဖြေစရာပင်။
Android 12 က Android 11 ထက် ပိုကောင်း၏။ ပိုလည်း သွက်၏။ အားသွင်း ရတာ မြန်၏။ အဲ အားကုန်လည်း မြန်သလိုလိုပင်။ Android 11 ထက်စာရင်တော့ အားကုန်တာ မြန်သလိုပင်။ ဘာပဲဖြစ်ဖြစ် performance ပိုကောင်း၊ သုံးလို့ ပိုကောင်း သဖြင့် ထိုအချက်ကို ပလပ်ပေးလိုက်လို့တော့ ရပါ၏။ လောလောဆယ် Android 12 လေးနှင့် သာယာ လိုက်ပါဦးမည်။ ကိုယ်က ခုမှ Android 12 ရတုန်း ရှိသေး၊ Google က pixel phone တွေ အတွက် Android 13 တောင် ထုတ်ပေးနေပြီ ဖြစ်၏။ အင်း Android 13 တော့ ကျနော့် ph အမျိုးအစား အတွက် မထွက်တော့ဘူး ထင်ပါရဲ့။ 13 မရလည်း 12 ပေါ့ဗျာ။
ပြီးပါပြီ
အခုဖုန်းက ဘယ်လောက် version မှန်းတောင် မစစ်မိနေဘူး 😁