Everything Okay

in HIVE-MYANMAR3 years ago

Rising os ကို သုံးကြည့် နေရင်းက အတော်လေး သဘောကျလာ၏။ သူက Spark os နဲ့ EvolutionX rom ပေါင်းစပ်ထားသည့် rom တခုဟု ပြောလို့ ရမည် ထင်၏။ customize, performance, smooth ဖြစ်မှု အစရှိသဖြင့် ပြောစရာ မလိုလှအောင် ကောင်းမွန်၏။ အရိုးသားဆုံး ဝန်ခံရရင် Spark os ကိုတောင် မေ့ချင်ချင် ဖြစ်သွား၏။ အားလုံး အဆင်ပြေတယ်ဆိုခါမှ Magisk သွင်းအပြီးမှာ ဇာတ်လမ်း စတော့၏။

EvolutionX မှာ တက်တဲ့ ပြဿနာ ဖြစ်သည့် Dolby ရရင် Viper4 မရ၊ Viper4 ရရင် Dolby မရသည့် ကိစ္စပေါ့။ ထူးထူးထွေထွေ အဖြေ ရှာမနေတော့ဘဲ Viper4 သာ သွင်းထားလိုက်၏။ နားကြပ်နဲ့ သီချင်း နားထောင် ရတာကိုပဲ ကိုယ်က ပိုကြိုက်သူကိုး။ သို့နှင့် Viper4 နဲ့ပဲ ရပ်လိုက်၏။ သုံးနေကြ Magisk modules တွေပါ သွင်းပေါ့။ အားလုံး ပြီးနောက် safetynet စစ်ကြည့်၏။ အဲ့မှာ fail တော့၏။

Banking app တွေက ph root လုပ်ထားရင် သုံးမရပေ။ security ပိုင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ကျနော်တို့က ထို banking app တွေ သုံးလို့ရအောင် Magisk မှာ denied list ထဲ ထည့်ပေးရ၏။ ဒါဆိုရင် banking app တွေ သုံးလို့ရပြီ။ ဒါပေမယ့် အပြည့်အဝတော့ အဆင်မပြေသေး။ Google play store certified ဖြစ်ဖို့ အတွက်တွေ ကျန်သေး၏။ ထိုအရာတွေ အဆင်ပြေဖို့ module တခု သွင်းပေးရသေး၏။ safetynet fix ဆိုသည့် module ဖြစ်၏။ root မလုပ်ထားတဲ့ ph တွေမှာတော့ အဆိုပါ ကိစ္စ ရပ်မျိုးတွေ မရှိ၊ မလိုပေ။

safetynet သွင်းပြီး ပေမယ့် CTS profile fail နေဆဲ ဖြစ်ပြီး Evaluation type မှာလည်း Hardware backed ဖြစ်နေဆဲပင် ဖြစ်၏။ Google ခေါက်ပြီး တွေ့သမျှ နည်းတွေနဲ့ စမ်းသော်လည်း မရနေပေ။ သို့နှင့် Group ထဲမှာပဲ သွားပြန်မေးရတော့၏။ module 2 ခု ပေးလာ၏။ Module CTS fix နဲ့ Safetynet ဖြစ်၏။ Safetynet က ကျနော့်မှ သွင်းပြီးသား မလို့ CTS fix ပဲ flash လိုက်၏။ ဒါပေမယ့် မရပေ။ သေချာ ကြည့်မိတော့ သူပေးထားသည့် Safetynet က modified ထပ်လုပ်ထားသည့်ဟာ ဖြစ်မည် ထင်၏။ mod 1.2 ဆိုပြီး ပါနေ၏။

သို့နှင့် ကိုယ့် အဟောင်းကို ဖြုတ်ကြည့်ပြီး သူပေးထားတဲ့ဟာ သွင်းကြည့်တော့ အဆင်ပြေသွား ခဲ့၏။ အဆင်ပြေချင် ပြန်တော့လည်း အဲ့လိုပါဆို နေ။ အစောပိုင်းတုန်းက ဒီလောက် ရှာပြီး လုပ်နေတာ မရဘူးရယ်။ ဒါမှန်းသိရင် Group ထဲ စောစော သွားတောင်းပါတယ်။ ခုတော့ အဆင်ချောသွားခဲ့ပြီ ဖြစ်၏။ ဆက်ပြီး သုံးကြည့်ဖို့သာ ကျန်တော့၏။ ကဲ EvolutionX ကနေ Rising ဆီသို့ပေါ့ဗျာ။

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

PIZZA!

$PIZZA slices delivered:
@donjaun(1/5) tipped @uthantzin