Hive High

in HIVE-MYANMAR3 years ago

Hive စျေးက 0.4$ နဲ့ 0.5$ ကြားမှာပဲ လူးလာ ခေါက်ပြန် နေခဲ့၏။ ဒီစျေးတန်းမှာပဲ အနေကြာလာနေခဲ့တာ၊ တခါတလေ လေးများ 1$ နားတွေ ဘာတွေထိ ရောက်သွားပစ်လိုက် ပြီးရော။ တက်ဖူးတယ် ရှိအောင်လေး တက်ကြည့်ပါလားဟု မချင့်မရဲ ဖြစ်နေမိ၏။ 0.2$ နဲ့ 0.3$ ကြားမှာ အတော်ကြာခဲ့၏။ ထို့နောက် 0.4$ နဲ့ 0.5$ ကြားမှာ ထပ်ကြာ ပြန်၏။ တခါတလေများဆို စျေး အနိမ့်ကို ပြန်ပြန်ဆင်းသေး၏။ ကိုယ်ရွှေ Hive က အင်မတန်မှ ရောင့်ရဲတင်းတိမ်နိုင်လွန်းလှ၏။

ကျနော်တို့ တသိုက် Hive ဆိုပြီး ဖြစ်ပေါ် လာ ကတည်းက Steemit ကို စွန့်ခွာပြီး Hive တခုထဲမှာပဲ တစိုက်မတ်မတ် ရေးခဲ့၊ တင်ခဲ့ကြ၏။ ဖြတ်သန်းရင်း ပျံသန်းရင်းနဲ့ Hive မှာလည်း နေသားကျနေပြီ ဖြစ်၏။ Hive platform နဲ့ နေသားကျသည့်အပြင် Hive စျေးနဲ့လည်း နေသားကျလို့ နေခဲ့ပြီ ဖြစ်၏။ Hive စျေး 10$, 100$ တို့အစား Hive စျေး 1$ ရောက်သော်ဟု စိတ်ကူးကြည့်ဖို့ပဲ တွေးထား၏။

စိတ်ကူးယဉ်တာပဲ ယဥ်ပစ်စမ်းပါဆိုသော်လည်း လက်တွေ့နဲ့ အင်မတန် ကင်းကွာသည့် စိတ်ကူးမျိုးတော့ မယဥ်ချင်ပေ။ Hive စျေး အများကြီး တက်ပြီး ပြန်ကျမှာထက် 1$ လောက်မှာပဲ ငြိမ်နေ၊ ထိန်းထား နိုင်ရင်ကို ကျေနပ်ပါပြီလေ။

တခါတလေ မင်္ဂလာဆောင်တွေ ဘာတွေ သွားလို့ အသိတွေ ဘာတွေနဲ့ တွေ့ရင် ဘာလုပ်နေလဲ မေးသော် ဘာမှ မလုပ်ဘူးဟုသာ ဖြေဖြစ်၏။ ထိုထက် ပိုပြီး မေးလာပါက Hive platform အကြောင်း အကြမ်းဖျဥ်း ပြောပြပြီး အဲ့ဒါ လုပ်နေတယ် ဖြေဖြစ်၏။ ဒီနေရာမှာတင် မရပ်ဘဲ နေထိုင် ရပ်တည်လို့ရလား မေးက ခဏတာ ဆွံ့အ သွားလေ့ ရှိ၏။ လောလောဆယ်တော့ မရပ်တည်နိုင်သေးကြောင်း ပြန်ဖြေ ဖြစ်၏။ တချိန်ချိန်တော့ ဖြစ်လာနိုင်ကြောင်း ထပ်လောင်း ပြော ဖြစ်၏။

ဒီလို ဒီလိုတွေကြောင့် Hive စျေးကို တန်းတခုခုမှာ ရှိနေစေလိုခြင်း ဖြစ်၏။ ခုချိန် မတက်သေးရင်တောင် ကျနော်တို့ မြန်မာကလူတွေ ကိုယ်စီ power တသောင်းနား ရောက်ချိန်မှာ အနည်းဆုံး 1$ စျေးတန်းမှာ ရှိရင်ကို ကျေနပ်ပါပြီလေ။ တရက်ကို 10$ ဖိုးလောက် ဝင်ရင် တော်ပါပြီလေ။ လောလောဆယ်တော့ တရက် 1$ ပင် တခါတလေ အနိုင်နိုင် မလား။ မည်သို့ပင် ဆိုစေ တနေ့ ရောက်ရမယ်ဆိုတဲ့ အတွေးနဲ့ ရှေ့ဆက်လို့ လှမ်းနေပါ၏။ ဒီခရီးက မနီးပေ။ ဒါပေမယ့် တယောက်ထဲ လျှောက်နေရတာမှ မဟုတ်ဘဲ အဖော်အပေါင်းတွေနဲ့ လျှောက်နေရတာဆိုတော့ အားရှိပါတယ်လေ နော့်။

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

ဟုတ်တယ်ဗျာ တဒေါ်လာတော့ ရောက်စေချင်သပ။
!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
@htwegyi(1/5) tipped @donjaun