
အိမ်မှာ မျက်မှန် သမား နောက် တယောက် တိုးလာခဲ့ပြီ။ အခြားသူတော့ မဟုတ် တူမလေး ဖြစ်၏။ တူလေးနဲ့ တူမလေးကို နွေရာသီ english စာ summer class အပ်ထား၏။ သင်ပုန်းကစာတွေ မမြင်ရသဖြင့် အရှေ့ဆုံးခုံမှ ထားပေးသည် ဆို၏။ ဒါပေမယ့်လည်း မမြင်ရသေးဘူး ဆိုနေပြန်၏။ နေရာဟောင်းထက်စာရင် နည်းနည်း ပိုမြင်ရတာလောက်ပဲ ရှိ၏။ ရှင်းရှင်းလင်းလင်း မမြင်ရဟု ဆို၏။
သို့နှင့် မျက်စိဆေးခန်းပြပြီး မျက်မှန်တွေ ဘာတွေ စစ်ပေါ့။ အဝေးမှုန်ကိုမှ power 250~300 လောက် ရှိ၏။ ကျနော့်ထက်ကို များနေ၏။ ကျနော်ကမှ 25 လောက်ပဲ ရှိ၏။ ကျနော်က ပါဝါထက် ဆလင်ဒါ ဖြစ်၏။
ထုံးစံအတိုင်း အမေနဲ့ အမတို့က ပြောကြလေပြီ။ ph တွေ computer တွေ ကြည့်လို့ ဆိုပြီးတော့ ပေါ့။ ဆိုင်တော့လည်း ဆိုင်ပေမယ့် ဆိုင်တော့လည်း မဆိုင်ပေ။ တချို့ကလေးတွေဆို ph မကြည့် ဘာ မကြည့်ဘဲနဲ့ မျက်မှန်ကို ပုလင်းဖင်လောက် အထူကြီးတွေ တက်ရသူတွေတောင် ရှိသည် မလား။ ယနေ့ခေတ် တချို့ကလေးတွေထက်စာရင် အိမ်က နှစ်ယောက်က screen time နည်းသည်ဟုတောင် ပြောလို့ရ၏။ သူတို့ကို အချိန်နဲ့သာ ပေးကြည့်၏။
Online class တွေ ဘာတွေကြောင့် screen time နည်းနည်း ပိုသွားတာတော့ ရှိမည်။ ဒါလေး တချက်ပဲ။ online class က တနေ့လုံးစာ အတွက် screen time ၃ နာရီ ရှိ၏။ မီးလာရင် PC မီးမလာရင်တော့ ph နဲ့ပေါ့။ ပြီးရင် သူတို့ဟာ သူတို့ YouTube ကြည့်၊ ဂိမ်းဆော့တာက တနေ့လုံးစာ အတွက် ၂ နာရီလောက် ရှိမည်။ ဒီလို တွက်ကြည့်တော့ screen time က ၅ နာရီလောက် ဖြစ်သွား ပြန်ရော။ များတယ်လို့ ပြောရင်လည်း ပြောလို့ ရမည့် အနေအထား ဖြစ်၏။
မနက် အိပ်ရာထပြီးတာနဲ့ ရေတွေ ဘာတွေ သောက်ပြီးရင် ဒူးခေါင်းကနေ ရေလောင်းဖို့ တူမလေးကို မှာထားရ၏။ မျက်မှန် လုံးဝ မပျောက်ရင်တောင် ပါဝါလျော့သွားဖို့ အတွက်ပေါ့။ ပြီး မျက်စိ အတွက် အားဖြစ်စေမယ့် အသီးအနှံတွေကို စားဖို့ကိုလည်း တပါတည်း ပြောနေရ၏။ တူမလေးက အသီးအရွက်တွေ သိပ်မစားပေ။

!LOLZ
!MEME
lolztoken.com
but then I turned myself around.
Credit: theabsolute
@donjaun, I sent you an $LOLZ on behalf of @htwegyi
(1/8)
Thanks for supporting The LOLZ Project. We !LUV our users!
Credit: elgatomayor
Earn Crypto for your Memes @ HiveMe.me!
မုန်လာနီ ကို သုပ်စား ၊ဒီတိုင်းအးစိမ်းလည်စားပါ။ကိုယ့်တွေ့တော့ သက်သာပါတယ်ရှင့်။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts:
Support the HiveBuzz project. Vote for our proposal!
ကျမ သားလည်း တက်နေရပါပြီ😊
Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more