
ဒီနွေကတော့ အတော်ပူ၏။ စံချိန်တင် ပူသည်ဆိုပြီးတော့လည်း ပြောနေကြ၏။ ပြောရအောင်ကိုလည်း တကယ် ပူနေသည်ကိုး။ တောင်ပေါ်မှာတောင် ဒီလောက် ပူနေတာ အလယ်ပိုင်း ဒေသကသူတွေဆို မည်သို့ နေမည်နည်း။ နေ့လည်ခင်းတွေများ ပူချက် ပြော မပြတတ်အောင်ပင်။ ဒါတောင် ဒီရက်ပိုင်း မိုးလေး ဘာလေး နည်းနည်း ရွာလိုက်လို့ တော်သေး၏။
နေ့လည်ခင်းတွေဆို ဘယ်မှ မသွားဖြစ်ပေ။ ဒါကတော့ ခုမှ မဟုတ်၊ ယခင် ကတည်းက အပြင်က သိပ် မထွက် ဖြစ်တော့ ခုလို ရာသီဥတုက ပူပုံနဲ့ဆိုတော့ ပိုပြီး မထွက် ဖြစ်တော့ပေ။ အော်တို အပူရှောင်ပြီးသား ဖြစ်သွားသည်ပေါ့။ ဒီအတိုင်း အိမ်မှာပဲ စာရေး ပိုစ့်တင် ဂိမ်းဆော့ ရုပ်ရှင် ကြည့်ပေါ့။ ညနေစောင်းမှပဲ အပြင် ထွက်ဖြစ်၏။ ဒါတောင်မှ တချို့ရက်တွေမှ ထွက်ဖြစ်၏။
ပြောရရင် Covid ကာလမှာ ကတည်းက အိမ်တွင်းအောင်းသည့် အကျင့်ကြီးက ဒီဘက် အထိ ပါလာခဲ့သည်ပေါ့။ ငဗစ် ပြီး သွားပေမယ့် ငစစ် ဝင်လာတော့ သွားသွား လာလာ လုပ်ဖို့ကလည်း သိပ် မကောင်းလှပေ။ ခေတ်ကာလကကြီးက မကောင်းပေ။ ရာသီဥတုက မကောင်း၊ စီးပွားရေးတွေက မကောင်း၊ ကောင်းတာဆိုလို့ ကုန်စျေးနှုန်းတခုသာ ရှိမည်။
တခု ခံသာတာက တောင်ပေါ်ဒေသဆိုတော့ မိုးလေးအုံ့၊ မိုးလေး ရွာလိုက်တာနဲ့ အပူက နည်းနည်း လျော့သွားလေ့ ရှိ၏။ အဲ့လိုလေး ဖြစ်သွားမှလည်း နေရထိုင်ရတာ အတန်ငယ် သက်သာမည် မဟုတ်လား။
အလယ်ပိုင်း ဒေသ ညောင်ဦးမြို့က အပူဆုံးမြို့ စာရင်းထဲ ပါသတဲ့။ မန္တလေးလည်း ဘာထူးလဲ။ ရန်ကုန်ဆို ပိုဆိုးဦးမယ်။ အပူရှောင်နေတဲ့ ပြည်သူတွေပုံ တက်လာတာ မြင်ရတော့ စိတ်မကောင်းပေ။ မန္တလေးမှာဆိုရင် စျေးဝယ် စင်တာတွေထဲ အပူရှောင်နေကြသူတွေကို တွေ့ရပေလိမ့်မည်။ ညောင်ဦးမှာတော့ ဘုရား၊ ပုထိုးတွေထဲ အပူရှောင်ကြတဲ့ ဒေသခံတွေ ဘုရားဖူးတွေကို တွေ့ရ၏။
သစ်ပင် သစ်တောတွေ မရှိ၊ ပြုန်းတီးမှုဒဏ်ကို ကောင်းကောင်းကြီး ခံနေရပြီ ဖြစ်၏။ လူတွေ လုပ်ခဲ့သည့် ဒဏ်ကို လူတွေ ခံနေကြရပြီ ဖြစ်၏။ ကြင်စိုးတို့ကို တွန်းလှန်ရင်း တပြိုင်နက်ထဲ ကျနော်တို့၏ အကျင့်ဆိုးကိုပါ တွန်းလှန် ပြောင်းလဲ ကြရပေလိမ့်မည်။ နောင်လာ နောက်သားတွေ အတွက် ကျနော်တို့၏ အကျင့်ဆိုးတွေ ပြန်ရပေလိမ့်မည်။

ပူပါတယ်ဆို မီးကပျက်
ဘာပြာကောင်းမလဲ။
!LOLZ
!MEME
lolztoken.com
Subterfudge.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi
(1/8)
Credit: arthursiq5
Earn Crypto for your Memes @ HiveMe.me!