
ဘောလုံးပွဲစဉ်တွေက တဖြည်းဖြည်း အရှိန်မြင့်လို့ လာနေပြီ ဖြစ်၏။ EPL မှ မဟုတ် အနယ်နယ် အရပ်ရပ်က ဘောလုံးပြိုင်ပွဲတွေပါ ပြိုင်ဆိုင်မှု ပြင်းထန်ဆုံး အခြေအနေ အချိန်ခါသို့ ရောက်နေပြီ ဖြစ်၏။ လိဂ် တော်တော်များများမှာ ချန်ပီယံတွေ စောစီးစွာ ထွက်ပေါ် လာခဲ့ပြီ ဖြစ်၏။ စပိန်မှာဆို Barcelona, ပြင်သစ်မှာ ရာသီသိမ်းဖို့ ၂ ပွဲကျန်နေသေးပေမဲ့ PSG အနေဖြင့် ၂ ပွဲလုံး ရှုံးခဲ့ရင်တောင် ၆ မှတ်ကွာရာကနေ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ချန်ပီယံ ဖြစ်ပြီဟု ဆိုလို့ရမည် ဖြစ်၏။ ကျန် ၂ ပွဲမှာ Lens အနေဖြင့် ၂ ပွဲလုံးကို ၁၀ ဂိုးကျော် သွင်းနိုင်ဦးမှ။
ဂျာမန်မှာ Bayern Munchen က စောစီးစွာ ချန်ပီယံ ဖြစ်ထားခဲ့ပြီ ဖြစ်၏။ အီတလီမှာဆိုရင်လည်း Inter Milan က Bayern Munchen လိုပဲ ခပ်စောစော ကတည်းက ချန်ပီယံ ဖြစ်ခဲ့ပြီ ဖြစ်၏။ EPL မှာသာ Man City နဲ့ Arsenal ဘယ်သူ ရမလဲ အဖြေမပေါ်သေးတာ။ Arsenal အနေဖြင့်တော့ ပိုအလေးသာနေသည်ဟု ပြောလို့ရမည် ဖြစ်၏။ West Ham နဲ့ပွဲသာ သရေကျခဲ့ရင် Arsenal အနေဖြင့် ဖိအားတွေ ဝင်သွားနိုင်၏။ ခုက လက်ကျန် ၂ ပွဲ နိုင်ရင်ကို ချန်ပီယံ ဖြစ်ပြီ။
နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ EPL Round 31 ပွဲကျန် အဖြစ် Man City vs Crystal Palace တို့ ကစားမည် ဖြစ်၏။ City အနေဖြင့် ချန်ပီယံ မျှော်လင့်ချက် မမှေးမှိန်ရေး ယခုပွဲစဉ်ကို အနိုင်ကစားထားဖို့လိုမည် ဖြစ်၏။ သရေတောင် ကျလို့မရပေ။ ထူးခြားမှုက Crystal Palace အနေဖြင့် လက်ကျန် ပွဲစဉ်တွေမှာ City နဲ့ကော Arsenal နဲ့ကော ကစားရမည် ဖြစ်၏။

EFL championship play off ပွဲစဉ်တွေလည်း ဒီတပတ်မှာ ကစားသွား၏။ နှစ်ကျော့လုံး ကစားပြီးလို့ ဗိုလ်လုပွဲ ကစားဖို့သာ ကျန်တော့၏။ အဆင့် ၃ မှ ၆ အထိ ၄ သင်း ယှဉ်ပြိုင်ကစားကြခြင်း ဖြစ်၏။ ဗိုလ်လုပွဲမှာ Hull City vs Southampton တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ ဗိုလ်စွဲသည့်အသင်းက EPL သို့ တန်းတက်ခွင့်ရမည် ဖြစ်၏။ မနှစ်က တန်းဆင်းသွားတဲ့ Southampton တို့ ဒီနှစ်မှာ EPL သို့ ပြန်လာနိုင်မလားက စိတ်ဝင်စားဖို့ ကောင်းနေ၏။ မနှစ်က EPL မှ တန်းဆင်းသွားသည့် ၃ သင်းထဲက Ipswich ကတော့ EPL သို့ တန်းပြန်တက်ခွင့်ရပြီ ဖြစ်၏။ Leicester city ကတော့ စိတ်မကောင်းစရာ League 1 သို့ တန်းဆင်းသွားရပြီ ဖြစ်၏။

Ronaldo ၏ Al Nassr အသင်း အနေဖြင့်လည်း ရာသီသိမ်းခါနီး ၁ ပွဲအလိုမှာ ချန်ပီယံဖြစ်ဖို့ ဒီမနက် Al Hilal ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့၏။ ဒီပွဲနိုင်ရင်ကို Al Nassr တို့ ချန်ပီယံ ဖြစ်ပြီ ဖြစ်၏။ ဦးဆောင်ဂိုးကို ၃၇ မိနစ်မှာ Al Nassr တို့ အရင် သွင်းယူခဲ့၏။ အဆိုပါ ဂိုးဖြင့် ပွဲပြီးတော့မယ် ထင်မှတ်ထားပေမဲ့ ၉၀+၈ မိနစ်မှာ Al Hilal တို့ ချေပဂိုး ပြန်လည်လို့ ရရှိသွားခဲ့လေ၏။ Saudi Arabia Pro League ရာသီသိမ်းဖို့ Al Nassr က ၁ ပွဲကျန်၊ Al Hilal က ၂ ပွဲကျန်၏။ ထို နှစ်သင်းကြား ၅ မှတ်ကွာနေ၏။ Al Hilal သာ ပွဲကျန် ၁ ပွဲကို သရေကျသွားခဲ့ရင် Al Nassr တို့ ရာသီအပိတ်ပွဲ မကန်ခင်မှာပင် ချန်ပီယံ ဖြစ်သွားမည် ဖြစ်၏။ ဘာပဲ ပြောပြော ရာသီသိမ်း ပွဲစဉ်ကို Al Nassr အနေဖြင့် အနိုင်ကစားပြီး ချန်ပီယံ ဖြစ်သွားလိမ့်မယ်ဟု တွေးထင်မိပါ၏။
(photos from RSL & EFL pages)