
ယခုဆောင်းက အတော်လေး အေး၏။ ဆောင်းတွင်းပဲ အေးမှာပေါ့ ဆိုပေမယ့် ယခုဆောင်းက တဆိတ်ပိုအေးလွန်းနေသလိုပင်။ ဆောင်းသည် သူ့ချည်းချည်း မလာဘဲ မိုးကိုပါ အဖော်အပေါင်း အဖြစ် ခေါ်ခေါ် လာတတ်၏။ အချို့ရက်တွေမှာ ကိုရွှေမိုး ရွာ၏။ အချို့ရက်တွေမှာတော့ ကိုရွှေမိုးက ဆူပုတ်ပုတ် မျက်နှာမဲကြီးနှင့် ကြည့်နေလေ့ ရှိပြန်၏။ ထို့ကြောင့်ပင် အအေးပေါ် အအေးဆင့်လို့ နေတော့၏။
ယခင်တုန်းကတော့ အေးလိုက်တာဟု ရေရွတ်ပြီးသွားလျှင် ပြီးပြီ။ ခုကတော့ ရေရွတ်မိတိုင်း နောက်ဆက်တွဲတွေ ပါလာတော့၏။ ကိုယ့်အိမ် ကိုယ့်ရာမှာ နွေးနွေးထွေးထွေးလေး နေနေရသူ အဖို့တောင် ခုလိုဖြစ်နေလျှင် အိုးပစ် အိမ်ပစ် ပြေးနေရသူတွေ၊ စစ်ဘေးရှောင်နေရသူတွေ မည်သို့များ နေမည်နည်း။
အဘယ်သူက ကိုယ့်အိမ်ကိုယ့်ရာကို မချစ်ခင်၊ မတွယ်တာဘဲ နေမည်နည်း။ အဘယ်သူကများ စွန့်ပစ်ချင်မည်နည်း။ မတက်သာသည့် အခြေအနေမို့ စွန့်ခွာ ပြေးရသည် မဟုတ်လား။

ခရီးလေး ဘာလေး ထွက်ဖြစ်လို့ ရက်လေး နည်းနည်း ကြာရင်ကို ကိုယ့်အိမ်၊ ကိုယ့်ရာကို လွမ်းနေရပြီ မဟုတ်လား။ မိမိ အိမ်နှင့် ခွဲခွာပြီးတော့မှ အဝေးတနေရာမှာ အလုပ် လုပ်ကိုင်နေရသူများ အဖို့လည်း ကိုယ့်အိမ် ကိုယ့်ရာကို လွမ်းကြ၊ သတိရကြသူများပင် ဖြစ်၏။
ယခု မြန်မာနိုင်ငံ၏ နေရာ တော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ၏။ နောက်ဆက်တွဲ အနေဖြင့် ပြည်သူတွေ ရှောင်ရ ရှားရ၊ ပြေးရ လွှားရ၊ ပုန်းခိုရနှင့် အတော်လေး အတိ ဒုက္ခ ရောက်ရ၏။ သတင်းတွေ မြင်ရ ကြားရ ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ရ၏။
သူတို့လို မဟုတ်ဘဲ အိမ်မှာပဲ သက်တောင့် သက်သာ နေနေရသည့် ကိုယ့်ကိုပင် လိပ်ပြာ မလုံချင် ဖြစ်လာ၏။ ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင်သဖြင့် မိမိ ကိုယ်ကိုလည်း အားမလို အားမရ ဖြစ်ရ၏။
ရောင်နီလာဖို့ နေဝင်ညတွေ နောက်ထပ် ဘယ်လောက်များ ဖြတ်ကျော်ရဦးမည်နည်း။
အင်း လူပျိုကြီးဆိုတော့ ဆောင်းကြောက်ရှာမှာပ။
!LOL
lolztoken.com
A depression.
Credit: theabsolute
@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)
ဟုတ်လောက်ပေတယ်ဗျို့ ကျနော်တို့ကို အားကျလိုက်ပါလား တိုးလိုးတွဲလောင်းနဲ့ ကလေးတွေပြောပါတယ်
ဟာ....
ဆောင်းက ကုန်ခါနီးမှ အေးလာသလိုပဲ !LOLZ
lolztoken.com
I won’t be able to live with myself.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
ဟုတ်ပဗျာ
အနာဂတ်အရေးတွေးလို့ ရင်လေးမိပါတယ်
မောရတယ် ဗျာ
🤣🤣🤣ဒီလို သင်လွယ် တက်လွယ်တပည့်လေး ၁၀ယောက်လောက် မရချင်ဘူး