Special Saturday

in HIVE-MYANMAR4 years ago

fb_img_1638790212152.jpg

ဒီတပတ်မှာတော့ club ပြိုင်ပွဲတွေ ပြန်လည် စတင်၏။ ပြီးခဲ့သော အပတ်မှာတော့ နိုင်ငံတကာ ပွဲစဉ် တွေပဲ ရှိခဲ့သည်ကိုး။ ဒါပေမယ့် နိုင်ငံတကာ ပွဲစဉ်တွေကလည်း အကြိတ်အနယ် ရှိလှပေ၏။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမလား။ ခြေစစ်ပွဲ အောင်သည့် အသင်းတွေလည်း ထွက်ပေါ်လို့လာခဲ့ပြီး ဖြစ်၏။ စိတ်မကောင်း စရာက euro champion ကြီး အီတလီအသင်းဟာ ယခု 2020 Qatar ကမ္ဘာ့ဖလား ပွဲမှာတော့ ပါဝင်တော့မည် မဟုတ်ပေ။ နောက်ဆုံးပွဲစဥ်မှာ ရှုံးနိမ့်သွားသဖြင့် ကမ္ဘာ့ဖလား နှင့် လွဲချော်ခဲ့ရပြီ ဖြစ်၏။

ယခုနှစ် ကမ္ဘာ့ဖလား က ဘောလုံး လောက၏ ဂန္တဝင် ကစားသမားတွေ ဖြစ်လာ၊ ဖြစ်သွားတော့ မည့် ရော်နယ်ဒိုနဲ့ မက်ဆီတို့၏ နောက်ဆုံး နိုင်ငံတကာ ပြိုင်ပွဲလည်း ဖြစ်ချေ၏။ သူတို့၏ အသက်အပိုင်းအခြားရ နောက် တနှစ် သို့မဟုတ် နှစ်နှစ် လောက်သာ သူတို့ ကစားတာကို ကြည့်မြင်ခွင့် ရနိုင်တော့မည် ဖြစ်၏။ သူတို့ နှစ်ယောက် အတွက် ယခု ဆုဖလားက နောက်ဆုံး ဆုဖလားလည်း ဖြစ်ချေ၏။ ကိုင်မြှောက်ခွင့်ရမလား မရမလားကတော့ စောင့်ကြည့်ရပေမည်။ ကျနော်က ထိုကစားသမား နှစ်ယောက်လုံးကို သဘောကျ နှစ်သက်ပါ၏။

မနေ့ (စနေနေ့) ပွဲစဉ် များကတော့ တကယ်ကို ကြည့်ကောင်းခဲ့၏။ premier league ကိုသာ အဓိက ကြည့်ဖြစ်သဖြင့် premier league အကြောင်း သာ ပြောကြည့်ကြပါစို့။ မနေ့က ပွဲစဉ်တွေမှာ အသင်းကြီးတွေ၏ ပွဲစဉ် တွေလည်း အပါအဝင်ပင် ဖြစ်၏။ လီဗာပူး၊ ချယ်လ်ဆီး၊ မန်စီးတီး၊ မန်ယူ အသင်းတို့၏ ပွဲစဉ် တွေ ရှိ၏။ လီဗာပူး နဲ့ မန်စီးတီး ကတော့ ကိုယ်စီ ပြိုင်ဖက်အသင်းတွေကို အနိုင်ကစားနိုင်ပေမယ့် မန်ယူ အသင်းကတော့ အိမ်ကွင်းမှာ လက်စတာကို သရေသာ ကစားနိုင်ခဲ့၏။ အဆိုးဆုံးက ချယ်လ်ဆီး ဖြစ်၏။

img_0.29738498402895336.jpg

အိမ်ကွင်းမှာ ဘန်းဖို့ကို 1-4 ဆိုသည့် ရလဒ်နှင့် ရှုံးနိမ့်ခဲ့၏။ ထို ရလဒ်က မည်သူမှ ထင်မှတ်မထားသည့် ရလဒ် ဖြစ်ချေ၏။ ဘန်းဖို့က တန်းတက် အသင်းလေး တသင်း ဖြစ်၏။ အသင်းငယ်ဟု ပြောလို့ရ၏။ ဒါပေမယ့် မန်ယူ၊ အာဆင်နယ် တို့ ကြီးစိုးခဲ့သည့် ခေတ် ကျော်လွန်သွားပြီး နောက်မှာတော့ premier league မှာ အသင်းငယ် အသင်းကြီးဆိုပြီး ပြောမရတော့ပေ။ အသင်းငယ် ဆိုပြီး ကစားပုံ မကောင်းနေတာ၊ ရှိန်နေတာမျိုး မရှိဘဲ သူတင်ကိုယ်တင်ကို ကစားနိုင်ကြ၏။ ထို့ကြောင့်ပင် premier league ပြိုင်ပွဲတွေက ယခင် ထက်ကို ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာခဲ့ခြင်း ဖြစ်မည်။

မန်ယူ ပရိတ်သတ် ကျနော့် အဖို့ မပျော်ရတာ ကြာခဲ့ပြီ။ မန်ယူ၏ ရွှေထီးဆောင်းကာလတွေက အတိတ်မှာသာ ကျန်ခဲ့ပြီလားပေါ့။ ခုချိန်ထိ မန်ယူအသင်းအနေနဲ့ ယခင်လို ပြန်မဖြစ်လာနိုင်သေးပေ။ ဆာအဲလက်စ် အလွန် မန်ယူကား အတော်လေးကို ဆိုးရွား သွားခဲ့၏။ ခုထိကို ပြန် မတည်ဆောက်နိုင်သေးပေ။ ကစားသမားကောင်းတွေ ရှိပေမယ့် မန်ယူ DNA ရှိသည့် ကစားသမားမျိုးက မတွေ့ရတော့ပေ။ မန်ယူ player က ဒါမျိုးကွဆိုပြီး ချပြနိုင်လောက်သည့် player မျိုး ယခုအချိန်မှာတော့ အတော်လေး နည်းသွားခဲ့ပြီ ဖြစ်၏။

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@golden.future(2/5) tipped @donjaun (x1)

Learn more at https://hive.pizza.

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Feedback from the April 1st Hive Power Up Day
The fourth edition of Hive Power Up Month started today. Don't miss it!
Support the HiveBuzz project. Vote for our proposal!