
ဘာတဲ့ သာသနာပြုမင်းတဲ့။ ဘောမ တသိုက်က ကြင်စိုးကို သမုတ်ကြတာ။ ထိုစကား ထွက်လာပြီးနောက် online မှာတောင် စကားသံတွေ ညံသွားသေး။ နဂိုထက် ပိုပြီး ဆဲကြ ဆိုကြနဲ့ပေါ့။ ယခုစျေးတွေ တက်နေပုံနဲ့ ထိုစကားကိုတောင် လှောင်ကြ ပြောင်ကြသေး။ အမယ်လေး သာသနာပြုမင်းဆိုတာ မှန်ပါ့ ခုနေများ ဘာဝယ်ဝယ် ဘုရား ဘုရား တနေရတာ။ တကယ့်ကို ဘုရား မမေ့အောင် လုပ်နိုင်သူကြီး ဆိုပြီးတော့ ပေါ့။
ကုန်စျေးနှုန်းက တက်ရသည့် အထဲ မီးကလည်း မမှန်ပေ။ ပေးချင်သလိုပေး လာချင်သလို လာနေတော့ ၏။ ကြင်စိုး လက်ထက်မှာ အရာရာဟာ ပိုပိုလို့ ဆိုးရွား လာနေတော့၏။ သာသနာပြု မင်းတဲ့ အဟတ် တကယ်တမ်းက ပြည်ဖျက်အရူး သာသနာဖျက် အရူး ဖြစ်၏။ သူကြောင့် တတိုင်းပြည်လုံး ဒုက္ခ ပင်လယ် ဝေနေရ၏။ အဘ ကောင်းပါတယ် ပြောတဲ့သူတွေလည်း အတူတူ ဒုက္ခ ခံနေရတာပဲလေ။ အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးတွေပေါ့။ ခုတော့ သူတို့လည်း တွေဝေနေကြပြီ ဘော ဆက်မ သင့် မ မ သင့်ကိုပေါ့။
ပြည်သူတွေမှာ ယခု ကာလမှာ အတော်လေး ဘေးကြပ် နံကြပ် ဖြစ်လို့နေရ၏။ ပြည်သူတွေ ကြပ်တည်းတော့ ပြည်သူတွေကို မှီခိုနေရသည့် ပြည်သူ့ ကိုးကွယ်ခံ ဘုရား သားတော် ရဟန်းသံဃာတို့လည်း ဒုက္ခ ရောက်ရ၏။ အထင်သာဆုံး အချက်က ယခင်လောက် ဆွမ်း၊ ဆွမ်းဟင်း မပေါများတော့ပေ။ မြန်မာ လူမျိုးတွေက အင်မတန် သဒ္ဓါတရား ထက်သန်သူများ ဖြစ်၏။

ခုလည်း သဒ္ဓါတရား မထက်သန်လို့ရယ် မဟုတ်၊ ထက်သန်ကြပါ၏။ လာချင်သလိုလာ ပေးချင်သလိုပေး နေသည့် မီးကြောင့် ဆွမ်းထချက်သူ ပြည်သူ အများ ယခင်လို ဆွမ်းလောင်းဖို့ ထမင်းအိုး အလျင်မှီအောင် မတည်နိုင်ကြသဖြင့် ဆွမ်းခံ ကြွသူ ရဟန်း ကိုရင်တို့မှာ ယခင်လောက် ဆွမ်းအများကြီး မရတော့ပေ။
နေ့စဉ် ဆွမ်းလောင်းနေသည့် အမေက ထိုကိစ္စကို ကောင်းကောင်းကြီး မြင်နေ သိနေရတော့ သူ့ခမြာ စိတ်မကောင်း နေပေ။ ဒီနေ့ဆို ဦးဇင်းတွေ သပိတ်ထဲ ဆွမ်းလည်း သိပ်မပါဘူးဟူသည့် စကားက ရက်ခြား၊ မကြာခဏ ကြားနေရသည့် စကား ဖြစ်လို့လာ၏။
မီးက လုပ်ချင်သလို လုပ်နေတော့ မနက် ထမင်းအိုး ထပြီး မတည်နိုင်၊ မတည်လိုက်ရသူ များသဖြင့် ဦးဇင်းတွေလည်း ယခင်လောက် ဆွမ်း မရ ဖြစ်ကုန်ရ၏။ အိမ်မှာတော့ အမေနှင့် ကျနော် အချိန်တွက်ထားပြီး အဆင်ပြေအောင် ထမင်းအိုး ကြိုနှိပ်၊ ကြိုတည်ထားလေ့ ရှိသဖြင့် ဆွမ်းကောင်းကောင်း လောင်းနိုင်နေခြင်း ဖြစ်၏။
အမေ၏ ဆွမ်းတွေ မများဘူး ဟူသည့် စကားကြားတိုင်း သာသနာဖျက် အရူးကြီး ကြင်စိုးကို ကျိန်ဆဲနေမိတော့၏။
ည ၁ နာရီ ထမင်းအိုးတည်နေတာပဲ အိမ်မှာတော့ မနက် ၄ နာရီပျက်မယ့်ရက်ဆိုရင်။
ထမင်းချက်တာပဲ မီးနဲ့ ချက်ရမလား ထင်းနဲ့ ချက်ရမလား ဒွိဟ ပါဖြစ်တယ် ။ !LOLZ
lolztoken.com
In the Stu-Stu-Studio
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @callmemaungthan
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/4)
ကိုယ်တွေတော့ မီးပျက်ရင် ထင်းနဲ့ ချက်ရတယ် မအလ ကြောင့်။
!LOL
lolztoken.com
But I'm clean now.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)