
ဘောလုံးပွဲတွေ မရှိတော့ ပျင်းဖို့ကောင်းသား။ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွေတော့ ရှိပါရဲ့ ဒါပေမဲ့ မကြည့်ချင် ပျင်းဖို့ ကောင်းသလို ခံစားရ၏။ World Cup လာမှပဲ ကြည့်တော့မယ်။ ဒီရက်ထဲ တိုင်းနဲ့ ပြည်နယ် U 18 ပွဲစဉ်တွေ ကြည့် ဖြစ်၏။ ကြည့်ဖြစ်တယ် ဆိုပေမဲ့ 2 ပွဲထဲပါ။ ဆီမီးနဲ့ ဖိုင်နယ်။ အုပ်စု ပွဲစဉ်တွေကိုတော့ သတ်မှတ်ထားတဲ့ ဇုန်ဒေသတွေမှာ လက်ခံကျင်းပပါတယ်။ ရှုံးထွက် အဆင့်တွေကိုတော့ ရန်ကုန်မှာ ကျင်းပပါတယ်။ Live လွှင့်ပါတယ်။ ကြည့် ဖြစ်တဲ့ 2 ပွဲက ရှမ်း U 18 ပွဲစဉ် ဖြစ်ပါတယ်။
မနေ့က ဗိုလ်လုပွဲမှာတော့ ကရင် အသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ကာ ဒုတိယနဲ့သာ ကျေနပ် ခဲ့ရပါတယ်။ ကရင်အသင်းက ပထမပိုင်းမှာ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်း တပိုင်းလုံး ရှမ်းအနေဖြင့် ခြေပဂိုး ရဖို့ ဖိကစားခဲ့ပေမဲ့ ဂိုးတော့ မရခဲ့ပါဘူး။ ကရင် ခံစစ် ကောင်းနေတာရယ်၊ ရှမ်း တိုက်စစ်က အဆုံးသတ် မသေချာတာတွေကြောင့် အဆိုပါ ၁ လုံးထဲသော ဂိုးနဲ့ ကရင် အသင်း အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။
ဒီနေ့မှာ မြန်မာ အမျိုးသမီးအသင်းရဲ့ ၃ နိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ရှိပါတယ်။ AYA Bank Tri-Nation Cup ဟု အမည် ပေးထား၏။ Myanmar, Uzbekistan & Thailand သုံးနိုင်ငံ ပါဝင် ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ မြန်မာက အိမ်ရှင် အဖြစ် လက်ခံ ကစားမည် ဖြစ်၏။ ဒီနေ့ ညနေ ၅ နာရီမှာ Myanmar vs Uzbekistan ဇွန်လ ၉ ရက်နေ့မှာတော့ Myanmar vs Thailand တို့ ယှဉ်ပြိုင် ကစားပြမည် ဖြစ်၏။
AFF U 19 Championship ပွဲစဉ်တွေလည်း ရှိသေး၏။ မကြည့်ဖြစ်လောက်ပေ။ အမျိုးသမီးပွဲစဉ်တွေတော့ ကြည့်ဖြစ်မည်။ ညီလေးတွေ အစား ညီမလေးတွေကို အားပေးလိုက်ပါဦးမယ်။
(screenshot from MFF page)