Windows Installation (Chapter 1)

in HIVE-MYANMAR4 years ago

fb_img_1638790212152.jpg

တနေ့က phone လုပ်ပြီးတော့ ဒီနေ့ကား laptop ဖြစ်ချေ၏။ ကျနော့် laptop တော့ မဟုတ် အသိ တဦး၏ laptop ဖြစ်၏။ laptop က boot မှာပဲ ရပ်နေပြီး bootable device မတွေ့ နေခြင်း ဖြစ်၏။ ဆန်းတော့အဆန်း။ ဒါပေမယ့် လည်း မဆန်း ပြန်ပေ။ တခါတလေ ဖြစ်တတ်၏။ မဖွင့်တာကြာသည့် laptop ဆို ကြာမှ ပြန်ဖွင့်က ထိုသို့ ဖြစ်တတ်၏။ တခါတလေပေါ့။

ခုလည်း အသိက သူ့ laptop အဲ့လို ဖြစ်တော့ လှမ်းမေး သဖြင့် နောက်ရက်မှ လက်ဖက်ရည်သောက်ရင်း လုပ်ကြရအောင် ချိန်းလိုက်၏။ လိုရမယ်ရ Google ခေါက်ပြီး solution ကြိုရှာ၊ ကြည့်ထားလိုက်၏။ နောက်နေ့ လက်ဖက်ရည်ဆိုင်မှာ ဆုံပြီး လုပ်ပေးလိုက်၏။ boot setup ထဲ ဝင်ပြီး ဟိုပြင် ဒီချိန်း လုပ်ပေးလိုက်ရုံလေးသာ။

windows တက်သွားပေမယ့် စက်က အတော်ကြီး လေးနေသလိုပင်။ i5 5 th generation ကြီးက ထိုသို့လေးနေတာ သိပ်သဘောမကျ ချင်ပေ။ သူ့ laptop က update မတင် ဖြစ်တာ အတော် ကြာခဲ့ပြီ။ ၃ နှစ်ကျော်၊ ၄ နှစ်လောက်ပင် ရှိတော့မယ် ထင်၏။ ဘာလို့ဆို အရင်လည်း သူ့ laptop ကို ကျနော်ပဲ ကြည့်ပေး လုပ်ပေးထားတာကိုး။

img_0.8965709175420016.jpg

သူ့ စက်က လေးနေ၊ ကျနော့်မှာလည်း mobile data တွေက များနေသဖြင့် window update download ဆွဲလိုက်၏။ အတော်များသား နှစ်ခေါက်တောင် ဆွဲတယ်၊ အင်းလေ မတင်တာလည်း ကြာပြီကိုး။ download မှာ သိပ်မကြာလိုက်။ mobile data download speed က 5 MB လောက် သွားသည်ကိုး။ ကြာနေတာက install.

ကျနော့်မှာ ကိုယ့် စေတနာနဲ့ ကိုယ် တိုင်တွေ ပတ်လို့။ install က ကြာသင့်သည်ထိကို ပို ကြာနေ၏။ အစကတော့ အချိန် ရှိတယ် ဆိုပြီး တင်လိုက်တာပဲ။ ခက်တာက အဲ့အချိန်ထက် ​ပိုကြာသွားတော့ အဆင်မပြေ ဖြစ်ရော။ သူငယ်ချင်းက သွားစရာ၊ ကြိုစရာ ရှိနေသေးသဖြင့် ကျနော့်မှာ laptop ကြီး အိမ်သို့သာ သယ်လာလိုက်ရ၏။ အိမ်မှာပဲ ဆက်လုပ်ရုံပေါ့။ မီးက ပျက်နေတော့ ညနက် သန်းခေါင် မီးလာမှ ထလုပ် ရပေလိမ့်ဦးမည်။

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more