
မီးက ည ၁၂ နာရီမှ လာ၏။ ကျနော် တရေးနိုးနှင့် ကွက်တိ ဖြစ်သွား၏။ ညနေခင်းတုန်းက update install က 20% မှာပဲ ရပ်နေခဲ့၏။ ဘာတဲ့ google မှာ ခေါက်ကြည့်တော့ stuck ဖြစ်သည်ဆိုပဲ။ မတက်လာသဖြင့် restart လုပ်ကြည့်၏။ ထုံးစံအတိုင်း window ready don't turn off computer ဆိုသည့် windows update တင်လျှင် ပေါ်သည့် စာတန်း ပေါ်လာပြီး အဝိုင်းလေးသာ လည်နေတော့၏။ ပုံမှန်ဆို ဘယ်နှယ် percent ရှိပြီ ဆိုတာကို ပြရမည် ဖြစ်ပေမယ့် မပေါ်လာနေပေ။ ခဏ မဟုတ် အတော်ကြာ စောင့်ပေမယ့် မတက်လာပေ။ သို့နှင့် sleep mode အတိုင်းလေးပဲ သယ်ပြန်လာ လိုက်တော့၏။ ညနေ ၆ နာရီ ထိုးနေပြီ ဖြစ်၏။ လက်ဖက်ရည်ဆိုင်ကလည်း ပိတ်တော့မည် ဖြစ်၏။
ထို အတိုင်း သယ်လာကာ power ပိတ်လိုက်ပြီး ခု ညသန်းခေါင် မီးလာမှ တရေးနိုး ထစစ် ထလုပ်ရခြင်း ဖြစ်၏။ bootable ရနေပြီးကတည်းက အဲ့အတိုင်းလေး ထားပေးလိုက်ရင် အကောင်းသား။ ခုက စေတနာ အကောင်းလွန်တော့ အအိပ်ပျက်ရောပေါ့။ ဘာပဲ ဖြစ်ဖြစ် ကိုယ်တိုင်လည်း ကောင်းတာပဲ ကြိုက်သလို ကိုယ့် သူငယ်ချင်းတွေကိုလည်း ကောင်းတာပဲ သုံးစေချင်၏။ အဲ့တော့ ရအောင် လုပ်ပေါ့။

Google ခေါက်တော့ solutions တွေရပါ၏။ ထို solutions တွေ အတိုင်း လိုက်လုပ်တော့ windows တော့ ပြန်တက်လာပါ၏။ ဒါပေမယ့် 20% ကိစ္စ ကတော့ မရသွားပေ။ သူတို့ ပြောသည့် solutions တွေ အတိုင်း လုပ်သော်လည်း မရနေပေ။ လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းက မနက် ၄ နာရီလည်း ထိုးလာခဲ့ပြီ ဖြစ်၏။ ပြန် အိပ်မှ ရတော့ မည်။ သို့နှင့် windows ပြန်တက်လျှင် ပြီးရော 20% မတက်လည်း နေပါစေတော့ ထားလိုက်၏။ မနက်မှ သွားပြန်ပေးရင်း ပြောပြမယ်ပေါ့။
သုံးလို့တော့ ရနေပြီ ဒါပေမယ့် အဲ့ update (install) ကတော့ 20% နဲ့ ဘယ်အချိန် ထိ နေမည်တော့ မသိပေ။ ရှိစေတော့ ကျနော်လည်း ပြန်အိပ်ချင်နေပြီ laptop လည်း သုံးလို့ ရပြီဆိုတော့ မခါးပေ။ ထို့ကြောင့် shut down ချ အိပ်ဖို့ ပြင်လိုက်၏။ နက်ဖြန် တွေ့မှ အခြေအနေ ပြောပြပြီး အဲ့တိုင်း သုံးချင်လည်းသုံး မသုံးလိုကလည်း windows ပြန်တင်ပေါ့။ ပြန်တင်မယ် ဆိုလည်း တင်ပေးလိုက်ရုံသာ၊ data တွေတော့ ရွှေ့ထားပေးပါဆိုပြီး request လုပ်ရမည်။ ရပ်နေတာထက် စာလျှင် အသစ် ပြန်တင်လိုက်တာတော့ ပိုကောင်း မည်ထင်။
Window အသစ်တင်လိုက် အဲ့တာ အကောင်းဆုံးပဲ အူးသက် 😆😆😆😆
အသစ်ပဲ တင်လိုက်ရတာပဲ။