
နောက်နေ့ laptop ပြန်ပေးရင်း စက်က လေးနေကြောင်း၊ windows ပြန်တင်ဖို့ အကြံပေးလိုကြောင်း၊ ဒါမှမဟုတ် ဒီအတိုင်း သုံးလိုလည်း သုံးလို့တော့ ရကြောင်း ပြောပြ၏။ သူငယ်ချင်းက နည်းနည်းတော့ တွေသွား၏။ photoshop ဘာညာတွေ သုံးသူ ဆိုတော့ ထို software တွေက ပြန်သွင်း ရဦးမည်ကိုး။ ဒါပေမယ့် အဲ့တာတွေကလည်း ကျနော်ပဲ ပြန်သွင်း ပေးရမည် ဖြစ်၏။ ရှေ့တခေါက် photoshop cc 2019 ကိုလည်း ကျနော်ပဲ သွင်းထားပေးခြင်း ဖြစ်၏။ ထိုစဥ်တုန်းက install လုပ်တာ အတော်လေး အလုပ်ရှုပ် သွားရသေးသည်ကိုး။ version မကိုက်၊ install လုပ်မရသည့် ဟာတွေ ဖြစ်နေတော့ အဆင်ပြေသည့်ဟာ လိုက်ရှာ သွင်းရသဖြင့် အတော်လေး ကြာသွားခဲ့၏။
ပြီး ထိုစဥ် internet ကလည်း MB အများကြီး မဟုတ် ပေ။ သူငယ်ချင်း၏ phone service ဆိုင်က wifi ကနေ download ရယူရခြင်း ဖြစ်၏။ ခုက အဲ့လောက် မခက်တော့ပေ။ ထိုစဥ်က software တွေကို သူ့ laptop ၏ local disk (D) ထဲမှာ သိမ်းထားပေးခဲ့သေး၏။ သူသာ မဖျက်လိုက်သေးလျှင်တော့ ကျန်သေးဦးမည် ထင်၏။
Windows တင်ပေးရမှာလည်း ကိုယ်၊ software ပြန်သွင်း ပေးမှာလည်း ကိုယ် ဒါတောင်မှ သူက အင်တင်တင် ဖြစ်နေသေး၏။ နောက်တော့ ပြန်တင်လိုက်မယ် ဖြစ်သွား၏။ ထို့ကြောင့် data တွေ ပြန်ပြီး backup ယူထားရန် ( C ထဲက data တွေကို D ထဲပြောင်းဖို့) laptop ပြန်ပေးလိုက်၏။ နောက်ရက်မှ laptop ပြန်ယူပြီး တင်ပေးရပေမည်။

နောက်နေ့မှာတော့ laptop ယူပြီး အိမ်သယ်လာလိုက်၏။ ကံကောင်းချင်တော့ မီးလာနေ၏။ windows က တခါ download ဆွဲထားတာ ရှိ၏။ iso file ဆိုတော့ stick ထဲ ကူးထည့်ကာ bootable windows stick လုပ်လိုက်လို့ရ၏။ ဒါပေမယ့် တလောက windows 10 ခွေ ဝယ်ဖူးထားတာ သတိရမိသဖြင့် လိုက်ရှာ ကြည့်မိ၏။ တွေ့၏။ သို့နှင့် stick ကနေ မတင်နေဘဲ CD drive ကနေပဲ တင်တော့မည်။ ခွေ windows version က 1909 ဆိုတော့ version တဆင့်တော့ နိမ့်မည်။ ခုက 20H2 version မလား။ ရှိစေတော့ ခွေကနေ တင်ပြီးမှ update လုပ်ယူလည်း ရတာပဲကိုး။ သို့နှင့် ခွေကနေပဲ တင်လိုက်၏။
Windows တင်၊ update လုပ်၊ လိုအပ်တဲ့ software တွေ သွင်းပြီး ညနေကြလျှင်တော့ သွားပြန် ပေးလိုက်တော့မည်။ သူလည်း အဆင်ပြေပြေနှင့် ပြန်သုံးရပြီ မဟုတ်လား။
အိမ်ချင်းနီးရင်တော့ ကျနော်လက်တျော့လးပြချင်လိုဂ်တာ။
ဖန်ရှင်တွေမသုံးတတ်လို့သင်ချင်လို့
Telegram မှာတော့ သင်တန်းတွေ ရှိမလားပဲဗျ။
Join ပေးပါအုံးရှင်