Crytpto တို့ဆေး

in HIVE-MYANMAR5 years ago

image

Scam တဲ့လား အစကတည်းက သိသလိုလို
မသိသလိုလို ပါပဲ။ အပိုတွေကို မဆိုတတ်ဘူး
သာမန်လူ Crytpto သမားတစ်ယောက်မို့လေ။
ကိုထီး ရယ်၊ မေဆွိရယ်ဆိုထားတဲ့
သီချင်းစာသားနဲ့ တူသလိုလို။ တူဆို
ကူးရေးထားတာ။

အတော်ရက်စက်တဲ့ axo2moon လို့
မပြောတော့ပါဘူး။ အဲ ဖြစ်လေ့ဖြစ်ထ
ရှိတဲ့ သဘောပဲဟာ။ နှိပ်ဟေ့ နှိပ်
မနားတမ်း နှိပ်သာနှိပ် ဒေါ်လာ၅၀၀
နည်းတဲ့ငွေမှ မဟုတ်တာ။
ရရင် အမြတ် မရတော့လည်း
ဘေလ်ကုန် အချိန်ကုန် သက်သာသွား
သပေါ့။

အမြတ်ကတော့ ဟော့ ပိုစ့်ရေးဖို့
ကုန်ကြမ်းရသပေါ့။ လူတွေရဲ့သဘောက
လောဘလေးတွေ ကိုယ်စီ အနည်းအများ
ရှိကြတာကလား။ လောဘရှိတော့
နှိပ်တာပ။ နှိပ်မိတော့ Scam ခံရတာပ။
အဲ ကျုပ်တို့ အသိ မိတ်ဆွေအမျိုးသမီးကြီး
တစ်ဦး အလိမ်ခံရတဲ့အကြောင်း‌ရေးပြ
ပါဦးမည်။

img_0.7693438181468164.jpg

မန်းလေး ဘူတာကြီးခုံတံတား မဖျက်ခင်က
တံတားပေါ်မှာ အလိမ်ခံရတာ။
သနပ်ခါးတုံးနဲ့ ဆွဲကြိုး အလိမ်ခံရတာ။
လိမ်သူက သနပ်ခါးတုံးတွေ စရိတ်ပျက်လို့
အလကားနီးပါးဈေးနဲ့ ရောင်းမည်ဆိုပြီး
အဒေါ်ကြီးကို လောဘတက်အောင် နှူးလေသည်။
လူလိမ်က မည်သို့ မည်ပုံပြောသည်မသိ
လည်ပင်ကဆွဲကြိုးဖြုတ်ပေးခဲ့သည်။

အိမ်ရောက်တော့ သနပ်ခါးတုံးများက
အစစ်ကနည်းနည်း အတုကများနေ
သည်။ အဒေါ်ကြီးက ငါ့ကို "တို့ဆေး"
နဲ့လုပ်ပြီး လိမ်သွားတာ။ ရဲစခန်း သို့
သွားတိုင်လေသည်။ ရဲစခန်းတွင်
ရဲက ပြောလိုက်သည်မှာ
" တို့ဆေးဆိုတာ မရှိပါဘူးအဒေါ်
လောဘကြီးပြီး ဘာမှ မမြင်မိလို့
လိမ်ခံရတာပါ"

ကျွန်တော်တို့လည်း Crytpto တို့ဆေး
မိခဲ့ကြတာပါလေ။

မှတ်ချက်။ အံမယ် ပိုစ့်ရေးပြီလို့ ၁၅မိနစ်ပြည့်ပြီ
ဆိုပြီး လက်က axo2moon ကို
သွားနှိပ်နေပြန်ပါပြီ။

@htwegyi
15-6-2021

Sort:  

Cryptos မှာလည်း တို့ဆေးနဲ့ပေါ့လေ။
ဘယ်တက်နိုင်လဲ ကိုယ်တွေကမှ Free လိုချင်တာကို😀

အေးလေ တူတူ တို့ဆေး မိကြတာပ။

နှိပ်လို့ ရသေးမဟုတ်လား။

ရတော့ဘူးဗျို့။

တို့ဆေး ပဲမိသလား မိတာတောင် တရက်တည်း မဟုတ်ဘူး ၃ ရက်လောက်ကို မိနေတာ.... $500 ဖိုးများရမလားလို့....

သူ့က 500$ ကျုပ်တို့ကို နှူးတာဗျ

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more