
ဟိုတုန်းက သရဲခြောက်မှာပင် ကြောက်ခဲ့သည့်
အဖေ့ရုံးသည် ယခုအခါ စီးပွားရေးသမားတို့
သဘောကျသည့်နေရာဖြစ်ခဲ့သည်။
78လမ်း၊ 26လမ်းမှ လမ်း30ထိ နေရာများက
ငထွေးတို့ငယ်စဉ် ပြေးလွှား ဆော့ကစားရာ
နေရာများဖြစ်သည်။ ယခုအခါ မီးရထား
မြေများက စည်ပင်ပိုင်မြေများအဖြစ် ရောက်ရှိ
သွားကြောင်း နွယ်ဦးမွန်ပိုစ့်တွင် ဖတ်ဖူးကြ
ပေမည်။
အဖေက လမ်းဗိုလ်ကြီး၏ အားကိုးရာ
တပည့်ဖြစ်သည်။ အဖ့တို့ခေတ်က
ရထားလမ်းတွင် ရထားတွဲချော်ကျပါက
ဌာနသုံးခု အပြိုင်အဆိုင် ငြင်းခုန်ကြရသည်။
ပညာပြိုင်ကြရသည်။ တွဲချော်ကျရခြင်းမှာ
မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို
အကိုးအကားများဖြင့် ပြောဆိုငြင်းကြသည်။
တခါက မန္တလေးဘူတာယာဒ်ဝင်း အတွင်း
တွဲချော်ကျသည်။ ကိုယ်တွေလည်း ကလေးပီပီ
သွားစပ်စုကြည့်မိသည်။ ပို့ဆောင်ရေး
ဌာနမှ လူက တွဲများမကောင်းသဖြင့်ကျကြောင်း၊
ထိုအပြင် လမ်းပိုင်းကြံ့ခိုင်မှု မရှိ၍ကျကြောင်း
ပြောသည်။ စက်မှုဌာနကလည်း သူတို့
တွဲများ ကောင်းမွန်ကြောင်း ပြောဆိုသည်။
ငထွေးအဖေ ဖိုက်တာကြီးက ထ၍ပြောပါတော့သည်။
"ကဲ သူငယ်ချင်းတို့ ငြင်းမနေနဲ့ တွဲမကောင်းဘူး၊
လမ်းမကောင်းဘူး ပြောနေတာ ခဏထားပါအုံး၊
သူငယ်ချင်တို့ ကုန်တွဲကို ဖွင့်စစ်ချင်တယ်"
"ဟာ ဒါတော့ဘယ်ဖြစ်မလဲ"
ဟု ပို့ဆောင်ရေးမှ လူကပြောသည်။
အဖေက ဘာလို့ တွဲဖွင့်စစ်ချင်တာလဲ ကိုယ်တွေ
မသိပါဘူး။ ကြည့်နေရင်း ပျင်းလို့
အိမ်ပြန်လာခဲ့သည်။ ညရောက်မှ
ငထွေးအဖေက ယမကာထွေထွေနှင့်
ပြောတာကြားရသည်။

" တို့မြို့ပြများ အချဉ်မှတ်တာ နှမပေး
ပို့ဆောင်ရေးကောင်တွေ။ ဒါမျိုးလာလုပ်လို့
ရမလားဟင့်။ သူတို့တွဲက ကုန်ချိန်တွေ
လယ်ဗယ်မညီပဲ တင်လာလို့ တွဲပြုတ်ကျတာကို
တို့ဌာနတွေကို အပြစ်လာလုပ်တာ ထွီ"
မြိုပြနှင့် စက်မှုကပညာသည် အချင်းချင်း
နားလည်မှုရှိကြသည်။ ပြဿနာဖြစ်ပါက
ဌာနအချင်းချင်းညှိယူကြသည်။ ပို့ဆောင်ရေးက
ဝင်ငွေကောင်းပေသည်။ ထိုအချက်လည်း
ပါပေမည်။
အဖေက လုပ်ငန်းကျွမ်းကျင်၍ ထိုခေတ်က
စံပြလုပ်သားဆုရခဲ့သည်။ ပုံတွင် အဖေစံပြ
လုပ်သားရစဉ်က ရိုက်ထားခြင်းဖြစ်သည်။
အဖေက သူစံပြဆုရသည်ကို သမီးနှင့်
သူ့သူငယ်ချင်း သမီးများကိုခေါ်၍ ပန်းကုံး
စွပ်ခိုင်းသည်။ သူများထက်ပိုပြီး စတားဖြစ်
ချင်သည်။ အဖေက နည်းနည်းတော့ကြွား
ချင်သည်။
ပုံပါ တံတားသံဘောင်ပေါ်တွင် လမ်းလျှောက်
နေသည်မှာ ပလိပ်-တံတားဦး-မြင်ခြံ ရထား
လမ်းကို ဖောက်နေခြင်းဖြစ်သည်။ ထိုရထားလမ်း
ဖောက်နေရင်း ဖလက်တွဲပေါ်မှ ပြုတ်ကျ၍
ကွယ်လွန်ခဲ့သည်။ ဖလက်တွဲဆိုသည်မှာ
သစ်လုံးများ၊ သံလမ်းများတင်သည့် ဘေး
အကာများမပါသည် တွဲပက်လက်ကြီးဖြစ်သည်။
အဖေကွယ်လွန်ချိန်တွင် အသက်51နှစ်
ရှိပြီဖြစ်ပါသည်။
@htwegyi
6-2-2022
So sad
ဟုတ်တယ်
စိတ်မကောင်းစရာနဲ့ ဆုံးသတ်လိုက်တယ်။
!PIZZA
ဟုတ်တယ်ဗျာ
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped htwegyi (x1)
@hive.phyowinkoko(1/10) tipped @htwegyi (x1)
walarhein tipped htwegyi (x1)
You can now send $PIZZA tips in Discord via tip.cc!
ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသွားနာဘဲ
မိသားစုနှင့် ထပ်တူဝမ်းနည်းရပါတယ်
ကြာခဲ့ပါပြီလေ
စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ် ဘထွေးရေ
ဟုတ်ကဲ့ပါ
အသက်ငယ်ငယ်လေးနဲ့ ကွယ်လွန်သွားတာ နှမြောစရာပဲ စိတ်မကောင်းဖြစ်မိပါတယ် ဉီးထွေးရေ
ပင်စင် မယူလိုက်ရဘူးပေါ့လေ။
အတွဲလိုက် ဆက်ထားတဲ့ ရထားတွဲတွေမှာ ကုန်ချိန် လယ်ဗယ် မညီရင် တွဲချော် တတ်သလား..? နောက်ဆုံး တွဲ မှ မဟုတ်ပဲ အလယ်တွဲ ဆိုရင်ကော... ကျွန်တော် ထင်တာ တတွဲနဲ့ တတွဲ ထိန်းညှိ ထားပေးတယ် ထင်တာ... အဲသလို ဗဟုသုတ တွေ ဖတ်ချင်ပါသေးတယ်.....
Ecency point 100 လက်ဆောင်ပေးလိုက်ပါတယ်။ !PIZZA
တွဲပိုင်းဆိုင်ရာတော့ သေချာမသိဘူးရယ် တွဲက စက်မှုဌာနက
ပိုသိတယ်။ တွဲတတွဲ ဥပမာ ကုန်တွဲ တတွဲ အတွင်းမှာ
ကုန်ပစ္စည်းတင်တဲ့အခါ ပညာပါရမယ်ထင်တယ်။ တွဲရဲ့ ဟိုဖက်ထိပ်
ဒီဖက်ထိပ်က ကုန်အလေးချိန်ညီမယ့် ကုန်တင်ရတာ။
နောက်ပြီး လမ်းဘူတာချမယ့် ကုန်ပစ္စည်းကို ဘူတာစဥ်လိုက်
ကုန်တွဲရဲ့ အပေါက်နားမှာ ထားရတယ်။
ကုန်တင်တာ အဲ့လိုတွေရှိတာလားဗျ။ အလေးချိန်မညီရင် တော်တော် အန္တရာယ်များတာပဲနော် အဲ့လိုဆို။
အန္တရာယ်ရှိပါတယ် အလေးချိန်မညီမျှတဲ့ တွဲ တတွဲ လမ်းချော်ကျရင်
အခြားတွဲတွေပါ လိုက်ပြီး ချော်ကျတတ်ပါတယ်။
အဲ့တာတွေ မသိခဲ့ဘူးဗျ။ ရထားပေါ် ပစ္စည်းတင်ရင် သာမာန်ပဲ ထင်ခဲ့မိတာ။ စိတ်ထဲမှာ ရထားက ကားထက် ဟန်ချက်ညီတယ်ပဲ တွေးနေမိတာကိုး။ကျေးဇူးပါ။
!PIZZA
ဖတ်ကောင်းတယ်။