Airdrop token များ၏ လားရာ ( Henry Aung )

in HIVE-MYANMAR5 years ago (edited)

001.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ Airdrop များ အကြောင်းရေးမည်ဟု စိတ်ကူးထားသော်လည်း အချိန်မပေးနိုင်သဖြင့် သေချာ အသေးစိတ်မဖေါ်ပြနိုင်တော့ပါ။ ယခုတလော ကျွန်တော်သတိထားမိလာသည်တခုမှာ Coin / token / NFT များ အများအပြားထွက်လာကြသည် ဖြစ်ရာ အချို့ကတော့ ဈေးကွက်ပေါ်တွင် နေရာယူနေကြပြီ ဖြစ်ပါသည်။

ဤ အသစ်ထွက်လာသော Cryptocurrency များသည်လည်း ဈေးကွက်ပေါ်မတင်မှီက Airdrop များ ချထားပေးခဲ့ပြီး ဖြစ်ရာ ယခင်က Airdrop ရယူထားသူတို့ ယခု ဈေးကွက်တွင် ဝင်ရောက် ဝယ်ရောင်း လုပ်နိုင်ကြပြီ ဖြစ်ပါသည်။

ကျွန်တော်နားလည်ထားသလောက် ရှင်းပြရလျင် Cryptocurrency တခု မထုတ်မှီ အရင်ဦးဆုံး ကြေညာ ရပါသည်။ ထို Cryptocurrency project မည်မျှကောင်းကြောင်း မည်သို့ခိုင်မာကြောင်း မည်သို့ ရှေ့ဆက်မည် ရေရှည်တွင် အောင်မြင်စေရန် မည်သို့ လုပ်ဆောင်မည် အစရှိသဖြင့် White Paper တွင်ချပြရသလို ထိုအကြောင်းအရာအား လူအများ သိစေရန် ရှိသမျှသော Social Media တွင် ကြေညာကြရပါသည်။

ဤသို့ကြေညာရာတွင် ကျွန်တော်တို့က သူတို့ကိုယ်စား ကြေညာပေးရခြင်း ဖြစ်သဖြင့် အဖိုးအခအနေဖြင့် ထို Project ၏ token များအား အချိုးကျ ဝေစုရစေပါသည်။ ဤသည်မှာ ကျွန်တော်တို့ ရယူနေကြသော Airdrop များပင် ဖြစ်ပါသည်။

ဤသို့ဖြင့် ထို project များ လူသိများလာသော အခါ ICO / IEO စသည်ဖြင့် token များအား ဈေးပေါပေါဖြင့် ချရောင်းကာ ရံပုံငွေ ရှာကြပါသည်။ ဤသို့ ဖြင့် လုံလောက်သော ရံပုံငွေ ရရှိသော အခါ Project များ စတင် လုပ်ဆောင်ပါတော့သည်။

ထို့ကြောင့် အကြမ်းဖျင်း သတ်မှတ်ရလျင် Cryptocurrency Project တခု စတင်ကြေညာသည်နှင့် ထို project ၏ token များ ဈေးကွက် ပေါ်ရောက်လာစေရန် အနည်းဆုံး ၁ နှစ်ခန့် အချိန်ယူကြရပါသည်။

ယနေ့ ကျွန်တော်တို့ ရယူထားသော Airdrop token များ ဈေးကွက်ပေါ်ရောက်လာစေရန် အနည်းဆုံး ရှစ်လ မှ အများဆုံး တနှစ်ခွဲ ခန့်စောင့်ဆိုင်းကြရမည့်သဘော ဖြစ်ပါသည်။ ဤသည်မှာ ယေဘုယျ သဘောသာဖြစ်၍ Cryptocurrency project များအားလုံး ဤအတိုင်း အစပြုကြသည်ဟု ဆိုလိုရင်း မဟုတ်ပါ။

အကယ်၍ Project တခု၏ token ဈေးကွက်ပေါ်ရောက်လာသည့်တိုင် အဖွင့်ဈေးမှာ အတော်လေး နည်းပါးနေအုံးမည် ဖြစ်ပါသည်။ ဥပမာ သုည ဒသမနောက်တွင် နောက်ထပ် သုညလေးလုံး ငါးလုံး အစရှိသဖြင့် ဈေးပေါက်သောကြောင့် မိမိရရှိထားသော Token များမှာ မည်မျှလောက်မှ ရှိမည်မဟုတ်သေးပါ။ မိမိလက်ဝယ်ပိုင်ဆိုင်ထားသော Token ဈေးတက်လာစေရန် ထို Project ၏ လုပ်ငန်းဆောင်တာများတွင် အများကြီးမူတည်ပါသည်။

၁ - Project အောင်မြင်သည် လူကြိုက်များသည် ။ ၂ - Project Team က အနည်းဆုံး ၃ လတကြိမ် / ၆ လတကြိမ် မိမိတို့ ထုတ်ထားသော Token များအား ပြန်ဝယ်၍ ဖျက်စီး ပြစ်သည်။ ၃ - Token စုထားယုံမျှဖြင့် ( stake ) လစဉ် အတိုးနှုန်း ရရှိသည် ။ ၄ - ထို token သည် Exchange site ပေါင်းများစွာတွင် လွတ်လပ်စွာ ဝယ်ရောင်းနိုင်သည်။

အထက်ပါ အချက်များ ဖြင့်ပြည်စုံလျင် မိမိရရှိထားသော Token သည် ၂ နှစ် မှ ၅ နှစ်အတွင် ဆတိုးကိန်းဖြင့် ဈေးတက်သွားမည်မှာ သေချာသလောက်ပင် ဖြစ်ပါသည်။ သို့သော် ထွက်လာသမျှသော Cryptocurrency project များအားလုံးအောင်မြင်ကြသည်မဟုတ်ပါ။ ထို့ကြောင့် မိမိရယူထားသော Airdrop token များ ဈေးကောင်းရသည် ဆိုခြင်းမှာ ထီထိုး၍ ထီပေါက်သည်နှင့်တူပါသည်။

ယခုတလော ဈေးကွက်ပေါ်ရောက်လာသော Cryptocurrency အသစ်များသည် အများအား ဖြင့် သုညဒသမ သုည လေးလုံး ဈေးတွင်ရှိနေကြသော်လည်း ၂၄ နာရီ ဝယ်ရောင်းအားမှာ ဒေါ်လာ သန်းနှင့်ချီ၍ ရှိပါသည်။

ဥပမာအားဖြင့် ကျွန်တော်တို့ Hive Platform အား အမှီပြု၍ ထွက်ပေါ်လာသော Gaming project တခုဖြစ်သည့် Splinterland သည် အောင်မြင်သွားပြီဟု ဆိုနိုင်ပါသည်။ SPS token သည် ယမန်နေ့ က ၂၄ နာရီ ဝယ်ရောင်းအား ဒေါ်လာ ၈၄ သန်းကျော်သို့ ထိုးတက်လာ၍ 1 SPS = 1$ ကျော်အထိ ဈေးတက်သွားခဲ့ပါသည်။

Hive အတွင်ရှိ Gamer များ Splinterland ဆော့၍ SPS စုထားလျင်တော့ ထီပေါက်ပြီဟု ဆိုနိုင်ပါသည်။ ကျွန်တော်ကတော့ Game စိတ်ဝင်စားသူ မဟုတ်၍ SPS တခုမျှ စုထားခြင်းမရှိခဲ့ပါ။ Hive platform မှ ထွက်လာသော Project များတွင် အချီကြီး နှစ်ခု လက်လွတ်သွားခဲ့ရပါသည်။

ပထမတခုမှာ Leo ဖြစ်၍ ယခု ဒုတိယ မှာ Splinterland ဖြစ်ပါသည်။ Project အစပိုင်းအားလည်းသိမှီလိုက်သည် ။ Token ဈေး နည်းသောကာလအားလည်း မှီလိုက်သည် ။ သို့သော် စိတ်ဝင်စားမှု မရှိသောကြောင့် ဝယ်မစုထားခဲ့ပါ။ ရယူထိုက်သော ကံမပါလာသေးဟူ၍သာ မှတ်ယူရပါတော့မည်။

မည်သို့ပင် ဆိုစေ ကျွန်တော်တို့ Hive platform တွင်ရှိနေသမျှကာလပတ်လုံး ဤသို့သော Project ပေါင်းများစွာနှင့် တွေကြုံနေရအုံမည် တွေ့ကြုံနေရဆဲ ဖြစ်ပါသည်။ မိမိကိုယ်တိုင်သေချာလေ့လာ၍ အရယူထားတတ်ရန်သာ လိုပါလိမ့်မည်။

ထို့ကြောင့် မိတ်ဆွေတို့အနေဖြင့်လည်း Airdrop token ရယူခြင်း၌ အထင်မသေးကြပါရန်နှင့် အချိန်စကားပြောလာသော အခါ ထို Airdrop token များသည် ငွေကြေးများ ဖြစ်လာပါလိမ့်မည်။ ယခုကျွန်တော်ဤ ဆောင်းပါးရေးနေချိန်တွင် SPS တခု၏တန်ဖိုးမှာ 0.80 $ ကျော် တန်ဖိုးရှိနေပါသည်။ မိခင် Token ဖြစ်သော Hive ထက်ပင်ပို၍ ဈေးကောင်းနေပါသေးသည်။ မနက်ဖြန် ဆောင်းပါးတွင် Airdrop များရယူနိုင်သည့် အခြားသော link များအား သေချာဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

28/07/2021 - Wednesday - 16;51 Pm

Sort:  

Your airdrop is well written. In which we like to buy coins. It's a great launch. Everyone can benefit from this.

အဲ့ လေပြုတ်ကျတွေ ကိုရှာဘို့ မကျွမ်းကျင်သေးဘူး။
အစအဆုံးပြောပေးတဲ့ ကိုဟိန်းရဲ့ လေပြုတ်ကျ တစ်ခု နှစ်ခုတော့
လုပ်ကြည့်ဖူးပါတယ်။

တခုနဲ့တခု က အတူတူ နီးပါးပါပဲ။ သိပ်အခက်ကြီးတော့မဟုတ်ပါဘူး။

SPS ကို မသိခဲ့ဘူး။ Splinterland က DEC ကိုပဲ သိခဲ့တာ။ နာသဗျာ။
!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (9/10)

ဟုတ်ပါ့.... တွေးမိတိုင်း ကလိကလိ ဖြစ်မိတယ်။

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more