
စိတ်ကူးနဲ့လက်တွေ့ကတော့ အမှန်တကယ်ဖြစ်မလာခဲ့ဘူး။အစတုန်းကတော့ အရင်ကလျှောက်ခဲ့ဖူးတဲ့လမ်းကို လျှောက်တာပဲ လွယ်လောက်မှာပါလို့ တွေးခဲ့ဖူးပါတယ်။အမှန်တကယ်လျှောက်လှမ်းကြည့်လိုက်တော့ အနည်းနဲ့အများ အခက်အခဲလေးတွေတွေ့နေရပါတယ်၊အထူးသဖြင့် Hive မှာပေါ့။
Steem လိုပဲနေမှာပါလို့ Hive ကလဲမခက်လောက်ပါဘူး။အရင်ကလဲ ကိုယ်ကလုပ်ခဲ့ဖူးတာပဲလို့ လွယ်လွယ်လေးနဲ့တွေးလိုက်ခဲ့ပြီး Steem မှာ လုပ်နေကြအတိုင်း Hive ကိုလဲထို့နည်းအတူ စာရေးခဲ့ပါတယ်။ပထမတစ်လကတော့ သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေချော့မွေ့ခဲ့ပါတယ်။ ဒုတိယတစ်လမှာလဲ အဆင်ပြေချော့မွေ့ခဲ့မယ်လို့တွေးထင်မှတ်ယူထားပါတယ်။
တစ်ရက်နဲ့တစ်ရက်စာရေးဖို့ကိုမနက်အိပ်ယာထကတည်းက အရင်ဆုံးတွေးမိတာ ကျတော်ဒီနေ့ Hive မှာဘာရေးရမှာလဲဆိုတဲ့ အတွေးပါပဲ။မနေ့ညကရော်ကျတော်ရေးပြီးလက်စကိုပဲ ဆက်လက်ပြီးပြန်ရေးရမှာလား နောက်ထပ်အသစ်တစ်ခုကိုပဲရေးရမလား။အသစ်ရေးရင်ရော်ဘာအကြောင်းကိုရေးရမလဲဆိုတာ စဥ်းစားရင်စဥ်းစားရင်နဲ့ တခါတလေး ကိုယ့်Company သွားဖို့တောင်နောက်ကျနေခဲ့တယ်။
နောက်ကျနေလို့ဆိုင်ကယ်အမြန်မောင်းနေတော့လဲ စိတ်ကူးက Hive ပေါ်ကိုပဲရောက်ရောက်နေတယ်။
စိတ်ကိုမနည်းပြန်လည်ထိန်းချူပ်ပြီးတော့ ကိုယ်ကဆိုင်ကယ်မောင်းနေတာပဲဆိုတာ သတိပြန်ဝင်လာအောင် လုပ်လုပ်နေရတယ်။တော်ကြာကိုယ်လဲတခုခုဖြစ်သွားမှာကို တုန့်လှုပ်နေတယ်။ ကြားထဲကပွိုင့်တွေက ပြတ်နေတော့ ပိုဆိုး။Hive မှာစာရေးဖို့ resources လေးများရလိုရငြား ဘေးဘီဝဲယာလေးကိုကြည့်ရတာအမောပါပဲ။
တခါတလေးအလုပ်ထဲမှာအားနေရင် ကိုယ်ကငူငူငိုင်ိုင်ထိုင်နေတဲ့အခါ (ဟဲ့ နင်ဘာတွေးနေတာလဲ)လို့အမေးခံရတဲ့အခါ။ဒီလိုပါပဲဟိုအကြောင်းဒီအကြောင်းပေါ့လို့ဖြေလိုက်ပါတယ်။အမှန်တကယ်တော့ ကျတော်က ဒီနေ့အတွက် Hive မှာဘာရေးရင်ကောင်းမလဲ၊ဒါမှမဟုတ် ဘာအကြောင်းကိုရေးရမလဲဆိုတာ ကွကိုယ်ထိုင်စဥ်းစားနေတာပါ။(ရယ်လျှက်)
@kaunglay2
23:19PM
လက်မသွက် သေးလို့ပါ။ ပြီးတော့ Reward လည်း နည်းနေသေးလို့.... Hive 5$ လောက်ဖြစ်လာရင် ရေးကွက် တွေ အလိုလို တွေ့လာလိမ့်မယ် ။😁😁 !LOL
lolztoken.com
Prism, it's a light sentence.
Credit: reddit
@kaunglay2, I sent you an $LOLZ on behalf of @kachinhenry
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)
ဟုလောက်မယ်!LOLZ
lolztoken.com
Details are sketchy.
Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @kaunglay2
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/1)