*Whose face is like lotus lily,
words are as cool as sandal-wood,
*Whose heart is full of poison,
*One should not associate with such a person of that nature.
LOKANITI
*မျက်နှာမူကား ပဒုမ္မာကြာ၊
နှုတ်ထွက်စကားက စန္ဒာကူးနံ့သာ၊
*စိတ်နှလုံးသားက အဆိပ်ပမာ၊
*ထိုသို့သဘောရှိသောသူကို မပေါင်းအပ်ရာ။
လောကနီတိ

ဤ လောကနီတိ စာအုပ်လေးထဲမှာ မှတ်သား ဖွယ်ရာနှင့် လိုက်နာကျင့်သုံးရမည့် အချက်များ ပါရှိပြီး၊ လူသားအားလုံး အတွက် ဆောင်ရန်၊ ရှောင်ရန်များ ကိုလမ်းညွန်ပြသပေးထားပါသည်။ နီတိဆိုသည်မှာ သင်္သကရိုက်ဘာသာစကားဖြစ်ပြီး လမ်းညွန်ဟု အဓိပ္ပါယ်ရပါသည်။ ယခုလို စာအုပ်လေးကို ငှါးရမ်းပေးဖတ်လို့ သူငယ်ချင်း ကိုလည်း အတိုင်းမသိကျေးဇူးတင်ပါသည်။ Myanmar Steemit users များကိုလည်း ပြန်လည်မျှဝေပေးပါလိုက်ပါသည်။
မျက်နှာမူကား ပဒုမ္မာကြာ ၊
လောကတွင် လူအမျိုးမျိုး ရှိတဲ့အထဲမှာ တစ်ချို့မျက်နှာ ပိုင်ရှင်တွေဟာ ကြည့်လိုက်ရင်ကို ကြည့်သူရင်ထဲမှာ အေးချမ်းမှူ သို့မဟုတ် ရင်ထဲ လိုက်ခနဲ ငြိမ်းချမ်းမှုမျိုးကိုပေးနိုင်စွမ်းရှိကြပေသည်။ မျက်နှာအမျိုးမျိုးရှိပါသည်။ လေးထောင်မျက်နှာ၊ တြိဂံမျက်နှာ၊ ထောင်မှန်စတုဂံ မျက်နှာ များဖြစ်ကြပါသည်။ ထိုကဲ့သို့မျက်နှာများထဲမှ ထောင့်မှန်စတုဂံမျက်နှာ များမှာ ထင်ပေါ်ကျော်ဇော်တက်ပြီး အများစုမှာ ရုပ်ရှင် သရုပ်ဆောင်များဖြစ်ကြပါသည်။ အလျင်းသင့်လို့ မျက်နှာ အကြောင်းဖတ်ရှူမှတ်သားထားတာလေးကို ဝေမျှလိုက်ခြင်းဖြစ်ပါသည်။
နှုတ်ထွက်စကားက စန္ဒာကူးနံ့သာ၊
ပဒုမ္မာကြာ မျက်နှာ ပိုင်ရှင်လည်းဖြစ်ပြီး စကားအရာမှာ ကြွယ်လွန်းလှတယ်ဆိုရင် ဒီလူဟာ လူတွေရဲ့ အထူးဂရုစိုက်ခြင်းကို ခံရပြီး၊ မျက်နှာလည်း ပွင့်ကြပါသည်။ စကားပြောကောင်းသူအများကြီးရှိပါသည်၊ တစ်ချို့များ စကားပြောလိုက်တယ်ဆိုရင်ပဲ နားထောင်လို့်ကောင်းပြီး ထိုသူရဲ့ ပြောစကားများကြားမှာ မျောပြီး အမှားအမှန်ကိုတောင် မခွဲခြားနိင်လောက်အောင်ဖြစ်ရပါသည်။ ကျွန်တော် အလုပ်တစ်ခုမှာ တွေ့ဖူးပါတယ်၊ တော်တော်စကားပြောကောင်းတဲ့လူတစ်ယောက် တကယ်ဆိုဒီလူမှားနေတယ်ဆိုတာ သိလို့ တစ်ခြားတစ်ယောက်က ဝင်ပြီးပြောတော့ အဲ့ဒီလူက စကားကို သွယ်ကာဝိုက်ကာ စီကာပက်ကုံး ပြန်ပြောလိုက်တော့၊ ဝင်ပြီး အမှားကိုထောက်ပြတဲ့သူကပဲ မှားနေသလိုမျိုးဖြစ်သွားသည်။ ထိုသူရဲ့အမှားကိုပြောပြတဲ့ သူမှာ မခံသိမခံသာ ဖြစ်သွားရသည်။
စိတ်နှလုံးသားက အဆိပ်ပမာ၊
ပဒုမ္မာကြာ လိုမျက်နှာမျိုး နှင့် စကားပြောရာမှာ စန္ဒာကူး နံ့သာ လိုမျိုး ချိုချိုသာသာ မွှေးပျံ့ စွာပြောဆိုတက်သူဖြစ်ပါလျက်၊ သိုပေမဲ့ စိတ်ထဲက ညစ်ညမ်းနေမယ်၊ ကောက်ကျစ်တဲ့သဘောရှိနေမယ်၊ လူတစ်ဖက်သားအတွက် အဆိပ်တောက် လို မကောင်းတဲ့ ဉာဏ်နီဉာဏ်နက်မျိုးရှိတဲ့လူဆိုရင်တော့ အဲ့ဒီလိုလူမျိုးကို မပေါင်းသင်းအပ်သူ ဟု လောကနီတိက လမ်းညွန် သတိပေးထားပါသည်။
ဤ သတိပေးစကားကို နားထောင်သင့်သလား နားမထောင်သင့်သလား စာဖတ်သူကိုယ်တိုင် စဉ်းစားစဉ်ခြင်ပါလေ။ ကျွန်တော်ကတော့ ဤနီတိလေးကို ဖတ်မိပြီး ကြုံတွေ့ခဲ့ရသော ထိုလူများကို သတိရမိပါသည်။ ယခုလည်း ကျွန်တော့ပတ်ဝန်းကျင်တွင်ထိုသူများရှိနေသည်ကို ပိုပြီးသတိထားမိသွားပါသည်။ ကျွန်တော်ကတော့ ထိုလူများကို အဆိပ်နှင်လူဟုသာ သတ်မှတ်လိုက်ပါသည်။
ထို့ကြောင့် စာဖတ်သူများလည်း လောကနီတိ က သတိပေးထားသော ထိုအဆိပ်နှင့်လူများကို အပေါင်းအသင်း မလုပ်ပဲ ရှောင်ရှားအပ်ပါသည်ဆိုတာကိုတင်ပြရင်း ဆောင်းပါးတိုလေးတစ်ပုဒ်အဖြစ်ရေးသားလိုက်ရပါသည်။
ကိုကိုမိုးဟိန်း
သစ်အယ်သီး
written by @kokomoehein
MSC no. 118
မရှောင်နိုင်လို့အတတ်နိုင်ဆုံး ရှောင်ကြည့်ဖို့ကြိုးစားနေရတယ် . .
ဟုတ် ဝေးဝေးကသာရှောင်ပါ
တတ်နိုင်သမျှ ရှောင်ရမှာပါလေ
ဟုတ်bro ရှောင်နိုင်တော့ အကောင်းဆုံးပေါ့
ရေးသားထားတာတွေ ကောင်းတယ်အကို
ကျေးဇူးပါ bro
Tag မှာ religious ... habit.. culture ထည့်သင့်တယ်။
ဟုတ်ဆရာ ပြင်လိုက်ပါ့မယ်ဆရာ
မန့်တွက်ကျေးဇူးပါဆရာ
ကောင်းတယ် အစ်ကို
ကျေးဇူးအကို
ဟိုး အမှန်ကြီးပဲဗျို့ ကျေးဇူးပါဗျာ
ဟုတ် ဝင်ဖတ်ပေးလို့ ကျေးဇူးပါ
Fighting Konyi
ဟုက်ကဲ့ပါ
ကျေးဇူးပါ @nyinyilwin
ပြန်vote ပေးဖို့ cb ကို link ပို့လို့ရပါတယ်ဗျ
https://www.facebook.com/kkmhkoko
ဖတ်လို့ကောင်းပါတယ် အစ်ကို
ကျေးဇူးပါ
@myinthwayko
ပြန်vote ပေးဖို့ cb ကို link ပို့ရပါတယ်ဗျ
https://www.facebook.com/kkmhkoko
ကြိုးစား ရှောင်ကြဉ်ရမှာပါ
ကျေးဇူးပါ ရှောင်ကြဉ်နိုင်ရင် အကျိုးမယုတ်ပါဘူးဗျ
ပြန်vote ပေးဖို့ cb ကို link ပို့လို့ရပါတယ်ဗျ
https://www.facebook.com/kkmhkoko
တန်ဖိုးရှိလှပါတယ်။
သတိထား ရှောင်ကျဉ်ရမဲ့ လူစားမျိုးတွေပေါ့..။
ဟုတ် bro အပြင်ဗန်းလှသလောက် အတွင်းပုပ်တဲ့ သူတွေ အများကြီး ကိုယ်တွေ့မို့ပါ