
“ကျွန်ခေတ်မှာ လူရာမဝင်ချင်နဲ့”
“ကျွန်ခေတ်မှာ လူရာမဝင်ချင်နဲ့” ဆိုတဲ့ စကားကို ယခုတလော စိတ်ထဲမှာ ခဏခဏ ရေရွတ်နေမိသည်။ ထိုစကား၏ အဓိပ္ပါယ် ကိုလည်း ရှင်းရှင်းလင်းလင်းနားလည်သည်။ ဟုတ်သည်။ ယခု ကျမတို့မြန်မာနိုင်ငံကြီးကို ကျွန်ခေတ်ရောက်အောင်ဆွဲခေါ်နေ သည်။ ဘယ်ကျွန်လဲဆိုတော့ စစ်ကျွန်ပေါ့။
ကိုယ်တွေက နိုင်ငံရေးနားမလည်ပါဘူး။ ကိုယ့်အလုပ်ကို လုပ်တာ ဆိုပြီး နန်းတို့တွေကပြောကြသည်။ သူတို့တွေလို ကြီးကြီးကျယ် ကျယ်တွေ မပြောချင်ပါဘူး။ ကျမတစ်ဦးတည်းအမြင်ဆိုရင်တော့ ကိုယ့်ကိုယ်ကို လေးစားမှုရှိမှသာ သူများလေးစားမည်။ ကိုယ်တိုင် ကလဲ လေးစားလောက်အောင်နေမှရမည်။ ကိုယ့်ကို လေးစားဖို့၊ ချစ်ခင်ဖို့အတွက် စည်းစိမ်ဉစ္စာမလို၊ ကိုယ်ကျင့်တရားကောင်း ရန်သာလိုသည်။ ထိုသို့လေးစားအားကျထိုက်သူရဲ့ စကားကိုသာ နားထောင်ချင်သည်။ အရူးကို ဆရာတင်ရင် ကိုယ်သာအရူးဖြစ်မည်။ ဒီလောက်ပါပဲ။

လတ်တလောတွင်တော့ ကျမတို့ကို ကျွန်ခေတ်မှာ လူရာဝင်စေရန် စေတနာသကာဖုံးပြီး ပြန်ခေါ်နေသည်။ တိုက်ရိုက်တော့မဟုတ်။ ကိုယ်လိုလူတွေအတွက် ခက်ခဲပါသည်။ ခါတိုင်း လကုန်လျှင် လစာ လေးရ၊ လောက်အောင်သုံး၊ သင့်ယုံဝတ်၊ ပျော်အောင်နေခဲ့ကြသည်။ ယခုတော့ အပျော်ဆိုတာ မရှိသလောက်ပင်။ ပျော်လဲ မပျော်ချင်။ ရင်ထဲမှာ ကြိမ်မီးအုံးလို ပူလောင်နေသည်။
ကိုယ်လဲ ကိုယ့်အလုပ်လေးကိုယ် လုပ်ချင်တာပေါ့။ ဘယ်သူကမှ ရိုက်နှက်ပြီး ဒီလမ်းကိုလျှောက်ခိုင်းတာမဟုတ်။ ကိုယ့်သဘောနှင့် ကိုယ် လျှောက်လာပြီး ပန်းတိုင်မြင်နေရမှ ပြန်လှည့်ရအောင် ကိုယ်က အရူးမဟုတ်ပေ။ သို့ပေမယ့် ပြုံးသူမှာ မျက်ရည်စတွေနဲ့ ဆိုသလို အားသာ တင်းထားရသည်။ ယဲ့ယဲ့ပဲ ရှိတော့တယ်။ ဝမ်းရေး ခက်သည်ကိုး။
ကျွေးတာက အမကကျွေးပေမင့် ကိုယ်တိုင်သုံးဖို့အတွက်တော့ ရှာ ရသေးသည်။ တဖက်တလမ်းကနေ အမအိမ်စာရိတ်ကို ထောက်ချင် သည်။ သည်တော့ အိုးမကွာ အိမ်မကွာ အလုပ်လေးရှာသည်ပေါ့။ ဝန်ထမ်းတွေဆိုသည်ကလည်း တသက်လုံးဘောပင်ကိုင်လာရတော့ တကယ်နင်လားငါလား စီးပွားရှာမည်ဆိုတော့ ကြီးမှလက်ပေးသင် ဆိုသလို ဘာမှမတတ်ပေ။

သို့ပေမယ့် ကျည်ပွေ့ အတက်ပေါက်ရမယ်ဟဲ့လို့ ကြုံးဝါးပြီး သူငယ်ချင်းက ရောင်းခိုင်းသည့် ဝမ်းဆက်အထည်တွေ ယူရောင်း သည်။ အထည်တွေ လာပို့သည့်နေက စိတ်ကူးနဲ့ ဖဲရိုက်တာ ပျော်လို့။ အိမ်ရှေ့မှာ ဘယ်လိုရောင်းမယ်။ ညာလိုရောင်းမယ်နဲ့ စိတ်ကူးတွေယဉ်လိုက်ရတာ။ ညရောက်တော့ အမကအားပေး သည်။ ညည်းအထည်တွေ ရောင်းရမှာ မဟုတ်ဘူးတဲ့။
ဟုတ်တော့လည်းဟုတ်သည်။ သူငယ်ချင်းအထည်တွေက လက်လီ ဈေးတွေဖြစ်နေသဖြင့် မရောင်းရပေ။ အမနှင့် အိမ်သားတွေ အားပေးမှုကြောင့် အိမ်ရှေ့မှာ ရောင်းမယ့်စိတ်ကူးလေးပျက်သွားရ သည်။ သူများတွေလို ဈေးမှာသွားရောင်းရအောင်ကလဲ ဆိုင်ကယ် က မစီးတတ်။ အထည်ထုတ်ကြီး အိမ်မှာ တစ်ပတ်လောက်သောင် တင်နေသည်။
အမက ငါ့ညီမရယ် အမလုပ်စာ အေးအေးဆေးဆေးစားပါအေ။ အထည်တွေမရောင်းပါနဲ့ လို့ တားယူရသည်။ ကျမကလည်း အထည်တွေပြန်မပို့ချင်။ သူငယ်ချင်းက သုံးလနေမှငွေရှင်း၊ ရောင်းပြီးရင်လည်း မုန့်ဖိုးပေးအုံးမယ်ဆိုတော့ လောဘတက် မိသည်။ နောက်တော့ သူငယ်ချင်းတစ်ဦးနဲ့ စကားစပ်မိပြီး သူရောင်း ချင်သည်ပြောတော့မှ အဆင်ပြေသွားသည်။ ကျမလည်း ထိုအထည် ထုပ်ကြီး တလည်လည်နှင့် ခေါင်းကြီးရသမျှ အဆင်ပြေသွားသည်။
အင်း…ကျွန်ခေတ်မှာ လူရာမဝင်ချင်လို့ ငါ့တသက်တာမှာ မလုပ်ဖူး တာတွေ လုပ်နေရပါလားနော်လို့လဲ ကိုယ့်ကိုယ်ကို တွေးမိပါရဲ့။ တချို့ လူရာဝင်ချင်သူတွေကတော့ နောက်ဖေးပေါက်ကနေ တန်းစီ နေလေရဲ့။
@nweoomon
2-4-2022
နောက်ဖေးပေါက် ခွေးတိုးပေါက်မှာ စုပြုံးတိုးဝှေ့နေကြပါကုန်သော
ဂြိုလ်ကောင်းများသို့ ရေးသားချက် ဖတ်၍ကောင်းပါသည်။
!PIZZA
!LOL
lolztoken.com
It is pretty hot
Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(1/5) tipped @nweoomon (x1)
Please vote for pizza.witness!