ဝင်ကစွပ်ပမာ

in HIVE-MYANMAR4 years ago

img_0.4870942837155657.jpg

ဒီနေ့အရှုပ်တွေလုပ်နေရသည့်အပြင် မီးကပါထပ်မံပျက်သွားသေ ကြောင့် ပို့စ်တင်ဖို့နောက်ကျနေပါသည်။ လူကသာမအားတာ စိတ်ထဲမှာတော့ စာရေးဖို့ အတွေးပေါင်းစုံ ကပေါက်တိကပေါက်ချာ ဖြင့် တွေးနေမိသည်။ New feed မှ ရင်ဖွင့်စာတစ်ပုဒ်ကြောင့် ဆရာကြီး ရွှေဉဒေါင်း၏ စာတစ်ကြောင်းကို သတိရလာသည်။

“တကယ့်အဖြစ်အပျက်များသည် စိတ်ကူယဉ်ထက်ပင် ဆန်းကြယ် ၏”

ထိုဝါကျကို ဆရာကြီးရွှေဉဒေါင်းဝတ္ထုထဲမှာ စတင်ကြားဖူးခြင်းဖြစ် သည်။ ဝတ္ထုခေါင်းစဉ်တော့ မမှတ်မိတော့ပေ။ ထိုစာသား အကြောင်းကို တိတိကျကျပြောရရင် ဦးစံရှားက ဦးသိန်းမောင်ကို အလွန်ထူးဆန်းသည်၊ ဆန်းကြယ်သည်ကို နောက်ထပ်ဘယ်လို စကားလုံးဖြင့် ဖော်ပြနိုင်သေးလဲ ဆိုပြီး မေးသည်။ ကျမလည်း ဦးစံရှားက အဲလိုမေးတော့ စာကို ဆက်မဖတ်သေးဘဲ တတ်နိုင် သလောက်ကိုယ့်ဖာသာဖြေကြည့်မိသည်။

သိတဲ့အတိုင်း ကိုယ့်ဦးနှောက်ကလည်း သူများနည်းတူပေါ့။ အလွန် ထူးဆန်းသည်၊ အရမ်းဆန်းကြယ်သည်။ ဒီလောက်ပဲ တွေးမိသည်။ ဦးသိန်းမောင်လည်း ထိုသို့ပင်ဖြေသည်။ မဟုတ်၊ ထပ်တွေး၊ ထပ်ဖြေ၊ နှစ်ခါသုံးခါလောက်ဖြေပြီး နောက်ဆုံးအဖြေတွင် ဦးစံရှားက “အဲ… ဟုတ်တယ်” ဆိုပြီး မှန်သွားသည်။ အဲ့ဒီအဖြေက “မယုံနိုင်လောက် အောင် ဆန်းကြယ်သော” ဆိုပြီး ပြောပြသွားတယ်။

သူရေးပြမှ ဟုတ်သားပဲ ဆိုပြီးတွေးမိတော့သည်။ ကြည့်ပါအုံး ဒီ လောက် လွယ်လွယ်လေးကို ကိုယ့်မှာ မတွေးမိလေခြင်းပေါ့။ အဲဒီ ကတည်းက ထို “မယုံနိုင်လောက်အောင်”ဆိုသောစာသားလေးကို မှတ်မိသွားခြင်းဖြစ်သည်။

ကျမက ဒီလိုအစချီနေတာဟာ တစ်ခုခုကိုပြောချင်လို့ နိဒါန်းပျိုး နေတယ်ဆိုတာ အားလုံးသိကြမှာပါပဲ။ ဟုတ်ပါသည်။ ကျမ တစ်ခုခု ကို ပြောပြချင်နေပါသည်။ ဖေ့ဘုတ်သုံးသူတိုင်း မိမိနှစ်သက်သဘော ကျသော ဂရုတစ်ခုခုကို ဝင်မိမှာပါပဲ။ ကျမလည်း မန်ဘာဝင်ထားတဲ့ ဂရု တစ်ခုရှိသည်။ ထိုဂရုမှာ မိသားစုဂရုတစ်ခုဖြစ်ပြီး မန်ဘာဝင်များ လည်း မနည်းလှပေ။ မိသားစုဂရုဆိုသည့်အတိုင်း မန်ဘာဝင်များ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ စနောက်ကြခြင်းဖြင့် ဂရုမှာ အသက် ဝင်လှသည်။

မန်ဘာဝင်များသည့်အတိုင်း အကြောင်းအရာအမျိုးမျိုးကို ရေးတင် ကြသသည်။ တချို့ကတော့ အခွီ၊ တချို့ကတော့ အတည်၊ ထိုဂရုထဲ မှ တချို့ဆိုလျှင် မိမိဘဝအကြောင်းများကို စာရေးပြီး ရင်ဖွင့်ကြရာ သူတို့ရေးသော ဘဝအကြောင်းများသည် စိတ်ဝင်စားဖွယ်ကောင်း လေစွ။ တချို့ ဘာပိုစ့်မှမတင်သော Silent မန်ဘာများလည်း ရှိပါ သည်။ တချို့က စာရေးကောင်းလွန်းလှသည်။ အပိုင်းဆက်များ ဖြစ်၍ စိတ်ဝင်စားလွန်းသဖြင့် စောင့်ပြီးဖတ်ရသည်။ မိန်းမဆိုတာ မျိုးဟာလည်း စပ်စုမျိုးကိုး။

ထိုသူများကိုယ်တိုင်ရေးသားသော ဖြစ်ရပ်မှန်ဘဝ အကြောင်းများ ကိုဖတ်ကြည့်ပြီး ကျမမှာ အံ့ဩရ၊ စိတ်မကောင်းဖြစ်ရ၊ ပျော်ရွှင်ရနှင့် ရသစုံလှသည်။ ထို့နောက် နမူနာယူရသည်။ တစ်ချို့သူတို့၏ ဘဝ သည် ရှုပ်ထွေးဆန်းပြားလွန်းလှပါကလား။

ထိုဂရုတွင် ရေးသားရင်ဖွင့်သူအားလုံးတွင် တူညီသော အချက်က သူတို့ယောင်္ကျားများက သစ္စာမထားဖောက်ပြားသောကြောင့် တချို့ က Single Mother ဘဝဖြင့်၊ တချို့က SM ဖြစ်လုလု အခြေအနေ တွေ ဖြစ်ကြသည်။ တချို့ကျတော့ မိသားစုအကြောင်း။ အို.. အကြောင်းအရာစုံပါတယ်။

တချို့ကအကောင်အစစ်နှင့် တချို့ ကတော့ anonymous post ဖြင့် ရင်ဖွင့်ကြသည်။ သူတို့ရေးထားသော တချို့အကြောင်းလေးများ အနက် ကျမကြိုက်နှစ်သက်မိသော တချို့သူတို့၏ ဘဝအကြောင်းလေးများကို ဝင်ကစွပ်ပမာ အငှားခံစားရင်း အခါအခွင့်သင့်လျှင် ကျမ အာဘော်ဖြင့် ပြန်လည်ရေးသားပါအုံးမည် ဆိုသည့်အကြောင်း သတင်းပေးရင်းဖြင့်…။

@nweoomon
5-2-2022

Sort:  

ဖေ့စ်ဖွတ်ကြီးမှာ ဘာမှမလုပ်ဖစ်တာ အတော်ကိုကြာသွားဘီ

ခုတော့နေမကောင်းလို့ စာ‌လည်းမရေးနိုင်

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nweoomon (x1)
@kachinhenry(8/15) tipped @nweoomon (x1)
learningenglish tipped ansoe (x1)

Please vote for pizza.witness!

စောင့်မျှော်နေပါမည် ဘယ်လိုများ ရေးမလဲ မည်သည့်ကိစ္စတွေဖြစ်မလဲ။
ကိစ္စများမြောင် လူတို့ဘောင်ဆိုသလိုပ။
!PIZZA
!LOL

The punch line comes first.
The worst thing about time travel jokes is…

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

ရေးပါမယ်ဆိုမှ ကျန်းမာရေးကမကောင်း။

အင်မတန် ကောင်းမွန်တဲ့ အစီအစဉ်ပါ။ ဒါပေသိ မူရင်း ရေးသာသူ ရှိနေတော့ အကြောင်းအရာ ကျောရိုးသာ ယူပြီး မတူညီတဲ့ ကိုယ်ပိုင် ဇတ်လမ်း ဖန်တီးမှ ဖြစ်မယ်ထင်တယ်။ တချိန်ကြရင် အငြင်းပွားစရာ တွေဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။!PIZZA

ဟုတ်ကဲ့။ ဇာတ်အိမ်လေးအနည်းငယ်ပဲ ယူမှာပါ။ အကုန်ကူးမချပါဘူး။