
ဆိုင်ရောက်ပြန်လာတော့လည်း အခန်းထဲမှာ အလှမွေးပြထားတဲ့ ရွေငါးအကြီးကြီးတွေကို မြင်ပြန်တော့ ဖုန်းရွေးနေရင်းကို ကျနော့ကို လာဆွဲပြလို့လိုက်ကြည့်ပေးရတယ်ဗျို့။ ဖုန်းကာဗာ ရွေးတဲ့အတန်းတဲ့ရောက်သွားပြန်တော့လည်း တစ်ခုပီးတစ်ခု သူ့အိမ်က ဟာလိုပဲဖြုတ်လိုက် တပ်လိုက်နဲ့ မပီးနိုင်လေပေါ့ ဒီကြားထဲ ရှူးရှူးကပေါက်ချင်လာလို့ မေမေက ကမန်းကတန်း ကားလမ်းမှာ ထွက်တယ်လို့ လူတွေကွယ်ရာမှ ပေါက်မယ်ဆိုလို့ ဟိုးအဝေးမှာ သွားပီလုပ်ရသေး။အဲ့ဒါနဲ့ နောက်ဆုံးတော့ ဆိုင်က ဖုန်းဝယ်လို့လက်ဆောင်ပြန်ပေးတဲ့ စတီးရေနွေးဘူးလေးပေးလိုက်မှ သီချင်းလေးတသာသာနဲ့ ထိုင်ခုံလေးတစ်လုံးပေါ်မှာ ငြိမ်တော့တာပဲဗျို့။

###19/11/2021
ငယ်လေးက ဖေဖေမလာခင်တုန်းက မမတွေနဲ့ ဆော့ပီးပျော်နေတာပေါ့။တခါတခါဆို ထမင်းကို ခေါ်ပီးကျွေးရတော့တယ်။နည်းနည်းလေးကြီးလာတော့ ပတ်ဝန်းကျင်မှာရှိတဲ့ဟာတွေက ငယ်လေးအတွက်တော့ ထိတွေ့ကိုင်တွယ်ချင်စရာတွေပဲဖြစ်လာတော့တယ်။သုံးဘီးဆိုင်ကယ်ပေါ်တက်ပီး တစ်ယောက်တည်းရှိနေချိန်ဆို သူ့စိတ်ကူးနဲ့သူ ဆိုင်ကယ်တွေမောင်းလိုက် ပါးစပ်ကပြောလိုက်နဲ့ အလုပ်ရှုပ်နေဆဲပေါ့။ မမတွေက ဆော့လို့ အဖွဲ့လိုက်ပြေးပီးနောက်ကလိုက်လာ
ပီဆိုရင် မပြေးနိုင်ပြေးနိုင်နဲ့ ရှေ့ဆုံးကတိမ်းပီလေ။

သမီးလေးက သူ့ကိုယ့်အတိုက်ခံရပီးပစ်လဲသွားမှာအရမ်းကြောက်တက်သူပေါ့။အဲ့ကြောင့်မို့ဖေဖေက မမတွေနဲ့ပြေးတိုင်းလိုက်တိုင်းဆော့တဲ့အချိန်လျော့ပီး အသားကဒ်လေးတွေနဲ့လုပ်ထားတဲ့ အသီးအနှံအရွက်ပုံပါတဲ့ အချက်လေးက တစ်ချက် နောက်တစ်ခုကလည်း အသားကဒ်ပဲ အဲ့ဒါကတော့ သချင်္သင်္ကေတတွေဖြစ်တဲ့ စက်ဝိုင်း၊တြိဂံ၊လေးထောင့်တုံး၊လခြမ်း အစရှိတဲ့ အပုံလေးတွေကို ဖေဖေတို့ဝယ်ကြတယ်။ဝယ်တာသာပြောပါတယ် အကုန်လုံးက သမီးငယ်ရွေးတဲ့ဟာတွေပဲအဝယ်များတာပေါ့။

ရောင်စုံခဲတံဆိုလို့ ပုံဆွဲစာအုပ်တွေနဲ့ တခါဝယ်ကြရပြန်တာပေါ့။အဲ့ဟာကြဘာလို့ဝယ်ချင်နေတာလည်းဆိုတော့ ဖေဖေရောက်မလာခင်က သမီးလေးက ကိုမိုးဇက်တို့အိမ်မှာရှိတဲ့ ရောင်စုံတွေနဲ့က ရေးချယ်နေကြဆိုတော့ ဖေဖေရောက်လာတော့ ဝယ်ချင်ပီလေပေါ့။
မေမေကလည်း သမီးငယ်ကို flash cardလေးတွေနဲ့ ဆော့ပေးဖို့နေနေသာ သူ့လုပ်ငန်းနဲ့သူအလုပ်ရှုပ်နေရခြင်းပေါ့။ သမီးငယ်လေးက ဖေဖေတို့ရွာကနေ လားရှိုးမသွားခင်ကတည်းက အဲ့ cardလေးတွေထဲမှာရိှတဲ့ အကောင်ပလောင် လေးတွေ ၊အသီးနှံပင်လေးတွေ အကုန်နီးနီးသိနေတဲ့အပြင့် အရောင်ကလေးတွေ ကလည်း အတော်လေးသိနေပါပီ။ ခုလားရှိုးရောက်လာတာ ၃/၄လလောက်ရှိတော့ဒီခြား ဖေဖေမလာခင်ထိ အဆက်ပျက်သွားကြတာ စာတွေတောင်ဖက်ချင်လာတဲ့ပုံသိပ်မပေါ်တော့ဘူးပေါ့။
Photos by sheinthu
@sheinthu (25/1/2022) tue(10:00)pm
တောင်နေကြာပန်းတွေနဲ့ သမီးလေး ချစ်စရာကောင်းနေတာ