အချစ်ဆိုတာ ကောင်းသလားမေးလျှင် ကိုယ်ကတော့ ဗြောင်ကျကျပင် နိုးဟု ဖြေလိုက်မည်ပင်။ အထူးသဖြင့် ၁၅၀၀ အချစ်သည် သာ၍ပင် မကောင်းပေ။ ကိုယ်ကြုံဖူးသော ကိုယ့် ပတ်ဝန်းကျင်တွင် ကြုံနေရသော အချစ်နှင့် ထိတွေ့မိသူတိုင်း ပူလောင်ကျရသည်။ သောက ရောက်ကျရသည်။ လူတစ်ယောက်အား စိတ်ဒုက္ခ အပေးနိုင်ဆုံး အရာသည် အချစ်ဖြစ်သည်။ တချို့ အချစ်ကို ရူးသွပ်စွာ ခံစားရသူများဆိုလျှင် ဘဝလမ်းကြောင်းပင် တိမ်းစောင်းသွားကျရသည်။ ပန်းတိုင်ပျောက်ကျရသည်။ မိမိက အသည်းနစ်အောင် ချစ်ပြန်လျှင်လည်း တဖက်လူက သစ္စာဖောက်၍ ကွေကွင်းရာတွင်လည်း ခံစားရပြန်သည်။
နှစ်ဦးနှစ်ဖက် အဆင်ပြေပြေချစ်ကျပါသော်လည်း ဆွေမျိုးအသိုင်းအဝိုင်းကြောင့် ကွေကွင်းရာတွင်လည်း ခံစားရပြန်သည်။ တစ်ချို့ကလည်း ပေးဆပ်တာက အချစ်တဲ့။ တစ်ချို့ကလည်း ချစ်မှတော့ ကိုယ့်ချစ်သူကို ပိုင်ဆိုင်ရမှတဲ့။ ထို ခံယူချက် အမျိုးမျိုးကို ကိုယ့် အနေဖြင့် မငြင်းလိုပေ။ အချစ်နှင့် ပတ်သက်၍ ဆရာတော် ဦးဇောတိက၏ တရားတစ်ပုဒ်တွင် "ချစ်ပါ ချစ်လို့ရပါတယ် သို့သော် အချစ်မှာ မေတ္တာလေးတော့ ပါပါစေတဲ့"။ အရမ်းကို လေးနက်တဲ့ တရားစကားပါ။ အချစ်မှာ မေတ္တာလေး ထပ်ထည့်ခိုင်းတာပါ။ ကိုယ်တို့ရဲ့ အချစ်ဆိုတာက အပူတကာ့ အပူဆုံး။ မေတ္တာဆိုတာက အေးချမ်းခြင်းကို ပေးနိုင်တဲ့ အရာ။ အပူကို အအေးလေး လောင်းခိုင်းတာလို့ ကိုယ်တော့ ယူဆပါတယ်။
ဥပမာလေးနဲ့ ကိုယ်နားလည်သလို ရှင်းပြရရင် ကိုယ် ချစ်တဲ့ သူကို မေတ္တာလေးပါ သက်ဝင်ခိုင်းတာပါ။ အချစ်ဆိုတာက အတ္တကို ကိုယ်စားပြုတယ်။ သူက ငါ ချစ်သလို မချစ်ဘူး။ ဒီလို အတွေးဝင်တာနဲ့ ကိုယ့်မှာ ပူလောင်ရပြန်ပြီ။ ဒီ ပူလောက်မှုထဲကို မေတ္တလေး လောင်းထည့်ကြည့်ပြီး ဒီလိုလေးတွေးကြည့်ပါမယ်။ သူက ငါ ချစ်သလို မချစ်ပေမဲ့ သူအဆင်ပြေရင် ပြီးတာပါပဲလေ။ သူစိတ်ချမ်းသာရင် သူ့ဘဝလေး အဆင်ပြေရင် ငါ ကျေနပ်နိုင်ပါတယ်။ ဒီလိုလေး လှည့်တွေးရင် အရင်ဆုံး အေးချမ်းသွားတာက ကိုယ်ဖြစ်နေနိုင်ပါတယ်။
ကိုယ့်အတွက်ထက် သူ့အတွက်လေးကို ပိုတွေးပေးလိုက်ရင် ကိုယ့်အတွက် အရင်ဆုံး အဆင်ပြေသွားတာကို တွေ့ရပါတယ်။ အရင်ကလောက် ကိုယ့်ရင်ထဲ မီးမတောက်တော့တာ အသေအချာဖြစ်ပါလိမ့်မယ်။ ချစ်တဲ့သူ နောက်တစ်ယောက်တွေ့သွားလို့ ပူလောင်တဲ့ ခံစားချက်တွေ ရင်မှာပိုက်ထားတာထက် သွားပါစေလေ နောက်တစ်ယောက်ရင်မှာ သူ အဆင်ပြေပါစေလို့ တွေးပေးလိုက်တာက ကိုယ့်အတွက် ပို သက်သာရာ ရစေပါတယ်။ မီးတောက်ကို မျိုမချမိခင် အရင်ငြိမ်းသတ်တက်ရင်တော့ အကောင်းဆုံးပါပဲ။
@suhlaing
7-2-2022



အချစ်သည် အချစ်သာဖြစ်ပြီး စိတ်ခံစားချက်မျှသာ ထိုအရာကို အသုံးချသူပေါ်မှာမူတည်ပါတယ်လို့ 😀ပူအောင်လုပ်ရင် ပူပါလိမ့်မယ် အေးချင်ရင် အေးအောင်ကျင့်ပေါ့လေ 😁
အမှန်ပ ကစိုးရေ လူတစ်ဦးချင်းဆီရဲ့ ယူဆချက်ပဲ
!LUV
Thanks!LUV
@suhlaing(1/1) gave you LUV.
H-E tools | connect | <><
အချစ်ကို ခြုံငုံသုံးသပ်ခြင်းပ။
!PIZZA
ဟုတ်ပ ဘထွေးရေ
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped suhlaing (x1)
@naythan(2/10) tipped @suhlaing (x1)
hive.phyowinkoko tipped suhlaing (x1)
learningenglish tipped suhlaing (x1)
You can now send $PIZZA tips in Discord via tip.cc!
!PIZZA
!PIZZA
!LOLZ
lolztoken.com
A broom closet.
Credit: reddit
@suhlaing, I sent you an $LOLZ on behalf of @hive.phyowinkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
အရေးအသား သုံးသပ်ချက်လေးတွေကတော့
very good ပဲ
!PIZZA
ကျေးဇူးပါ မောင်လေးရေ ကြိုးစားပြီးရေးထားရတာ
Yay! 🤗
Your content has been boosted with Ecency Points, by @suhlaing.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
Thanks