အိမ်မှာပဲ နေကြပါ

in #covid3 years ago

ဒီနေ့ အဖြစ်အပျက်လေးတစ်ခု မနေနိုင်လို့ ပြောပြဦးမယ်။

ကျမတို့ရပ်ကွက်ထဲက အဒေါ်ကြီးတစ်ယောက်ကို ဆေးစစ်တာ
Covid ပိုးတွေ့တယ်။ မနက်ဖြန် ကားတွေ လာခေါ်မယ်ပေါ့....

ဒီနေ့ မန ္တလေးမှာ သီချင်းတွေဖွင့်ပြီး ကကြတယ်။
"မဲပေးကြပါစို့''
"မေမေနိုင်မှဖြစ်မှာပါ''
"ဒေါက်ဖိနပ်လျှောက်သံ တုန်ဟီနေ''
စတဲ့ သီချင်းတွေ လော်စပီကာကြီးနဲ့ဖွင့်ပြီး ပျော်ကြ, ကကြတယ်။

Covid ပိုးတွေ့ထားတဲ့ အဒေါ်ကြီးက ဝင်ပြီး က ခုန် တယ်။

မေးချင်တာက
မကြောက်ကြဘူးလားဟင်?

အဲ့ဒီ အဒေါ်ကြီးနဲ့ ဘယ်နှယောက် ထိတွေ့ပြီးပြီလဲ?

ဘယ်နှယောက် ပိုးကူးကုန်ပြီလဲ?

IMG_20201110_211339.jpg

အဒေါ်ကြီးကိုတော့ ကားတွေ လာခေါ်သွားပါပြီ။ ။

အိမ်မှာပဲ နေကြပါ 🙏🙏🙏

@honeysara