Heroများ

in #esteem8 years ago

အကောင်းဆုံးနဲ့ ဆိုးရွားတဲ့ စူပါဟီးရိုးဝတ်စုံများ
စပိုက်ဒါမန်း၊ ဘတ်မန်း၊ ကပ္ပတိန်အမေရိကစတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကပရိသတ်တွေအကြားရေပန်းစားလွှမ်းမိုးပြီးသားဇာတ်ကောင်တွေဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ အဲဒီဇာတ်ကောင်တွေ ၀တ်ဆင်တဲ့ ၀တ်စုံတွေအကြောင်း တင်ပြပါမယ်။ ဒီဝတ်စုံတွေဟာ လူတွေရဲ့ ဖန်တီးမှုတွေဖြစ်တာကြောင့် အကောင်းဆုံးဝတ်စုံနဲ့ ဆိုးရွားတဲ့ဝတ်စုံတွေအကြောင်း တင်ပြပေးပါမယ်။

၁။ Thor

၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ Thor ဇာတ်ကားထဲမှာ Thor ဇာတ်ကောင်ဝတ်ဆင်တဲ့ ၀တ်စုံကတော့ ကောင်းမွန်တဲ့ဝတ်စုံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ်စုံကို အေဒီ ၁၁၀၀ ကနေ ၁၄၀၀ ၀န်းကျင်ကြားအနေအထားနဲ့ ကိုက်ညီအောင် ဖန်တီးပြုလုပ်ထားပြီးပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့ ၀တ်စုံတစ်စုံဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုမှာလည်းပေါ်လွင်စေတဲ့ ကောင်းမွန်တဲ့ သံချပ်ကာဝတ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။

၂။ Captain America

၁၉၇၉ ခုနှစ် Captain America ဇာတ်လမ်းတွဲမှာ Captain America ဇာတ်ကောင်ဝတ်ဆင်ခဲ့တဲ့ ၀တ်စုံက ဆိုးရွားတဲ့ဝတ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။ ဇာတ်ကောင်ဖန်တီးထားတဲ့ အချိန်ကာလနဲ့ ကိုက်ညီမှုမရှိသလို ၀တ်ဆင်ထားတဲ့ ၀တ်စုံပုံစံကလည်း တော်တော်ကချော်ကချွတ်နိုင်တယ်လို့ ဆိုပါတယ်။

၃။ Catwoman

၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ Catwomanဇာတ်ကားထဲကCatwoman ၀တ်စုံကလည်း ဆိုးရွားတဲ့ဝတ်စုံတစ်ခုဖြစ်ခဲ့ပါတယ်။ လုံခြုံတဲ့ ၀တ်စုံပုံစံ မဟုတ်ခဲ့ပဲတီထွင်ဖန်တီးမှုလည်းနည်းပါးတဲ့ ၀တ်စုံတစ်စုံဖြစ်ခဲ့ပါတယ်။ စူပါဟီးရိုးတွေရဲ့ ထုံးစံအတိုင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရတဲ့အတွက် ခန္ဓာကိုယ်မလုံခြုံတဲ့ဝတ်စုံဒီဇိုင်းက ကြည့်ရတာတစ်မျိုးဖြစ်စေပါတယ်။

၎။ Captain America

၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Captain America ဇာတ်ကားထဲက ၀တ်စုံကတော့ ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Captain America ဇာတ်ကောင်ရဲ့ ပါဝါ၊ သွင်ပြင်စတာတွေကိုပေါ်လွင်စေတဲ့ ၀တ်စုံဖြစ်ခဲ့ပါတယ်။ ဒီဝတ်စုံအပေါ် ကျွမ်းကျင်သူတော်တော်များများကလည်းချီးကျူးခဲ့ကြပါတယ်။အကောင်းဆုံးနဲ့ ဆိုးရွားတဲ့ စူပါဟီးရိုးဝတ်စုံများ

၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Captain America ဇာတ်ကားထဲက ၀တ်စုံကတော့ ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Captain America ဇာတ်ကောင်ရဲ့ ပါဝါ၊ သွင်ပြင်စတာတွေကိုပေါ်လွင်စေတဲ့ ၀တ်စုံဖြစ်ခဲ့ပါတယ်။ ဒီဝတ်စုံအပေါ် ကျွမ်းကျင်သူတော်တော်များများကလည်းချီးကျူးခဲ့ကြပါတယ်။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by mgmg from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.