မြက်ရိုင်းပန်းလေးများ

in #flowers3 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ
နံနက်ခင်း ချိန်ခါ ကျက်သရေ ရှိစွာ ကျန်းမာ ချမ်းသာ
ပျော်ရွှင်ကြပါစေဗျာ။

HIVE ဈေးလေးက လှုပ်စိစိ တက်မယောင် ဖြစ်လာတော့
ဝမ်းသာရ မလိုပါ။ သို့ပေသော်လည်း ကျွန်တော် ကတော့
ပုံမှန် သာပါပဲ။
ပုံမှန် လုပ်နေရင်း ထူးခြားတာ ရချင်နေတာကတော့
ကျွန်တော် ရူးလို့နှမ်းလို့ပဲ ထင်ပါတယ်။ လူ့စိတ် ဆိုတာလည်း
အခက်သား လားဗျာ။

img_0.01930113161093154.jpg

လူ့စိတ် ခက်ဆို ခုတင်ပြတဲ့ ပန်းလေးတွေ မလှဘူးလားဗျာ။
သို့ပေသိ မြက်ရိုင်းပန်း လေးတွေ ဆိုတော့ကာ ဘယ်လူက
တန်ဖိုး ထားမှာလဲ။

ဒါပေမယ့် မြက်ရိုင်းပန်းလေးတွေ မှာလည်း သူ့ဘဝ သူ့အလှ
ရှိတာပါပဲ။ သူတို့ရဲ့ အပင်အခက်လေးတွေက ဆိတ်တို့၊
နွားတို့ အတွက် အစာ ဖြစ်သလို၊ သူတို့ အပွင့်ထဲက ဝတ်ရည်
လေးတွေက ပျားတို့ လိပ်ပြာတို့ အတွက် အစာအဟာရပဲလေ။

ဒါကြောင့်သာပဲ ကျွန်တော်ကတော့ ခုလို တန်ဖိုးထား
တင်ပြလိုက်ရတာပါပဲ။

@golden.future

Sort:  

နုလွင်လှပ ပန်းတို့ ဘာဝ

ဟုတ်ပ လှနေ နုအိလွင်ပေ