ငုဝါအလှ

in #flowers4 years ago

အလှခြင်းပြိုင် ဘယ်သူနိုင်မလဲ မပြောချင်ပါဘူး။
ပိတောက်ရယ် ငုရယ် ...
pjedo7.jpg
ပိတောက်လည်း ဝါ ၊ ငုလည်း ဝါလွင်
ဝါရွှင်လှပ ဝင်းပလေတော့
မြင်သူဘဝင် ကြည်လင်ပါ၏။

ပိတောက်သည်ကား တစ်နှစ်တစ်ခါ
ပွင့်လာသည့်ပန်း အမြင်လှဆန်း
သင်းမြရနံ့ မွှေးပျံ့သည်မို့
လူတို့တန်ဖိုး ထားယူနမ်းရှိုက်
ကြိုက်ကြလေသည်။

ငုသည်လျှင်လည်း ဆင်းလှရောင်ဝါ
ပိတောက်နှင့်ပြိုင် လှနိုင်‌သော်မှ
ရနံ့သင်းထုံ နည်းပါကုန်ကြောင့်
လူတို့နှလုံး မကြုံးပိုက်နိုင်
သို့ပေတမုံ့ ပိတောက်ထက်ခိုင်
ကြာရှည်နိုင်သည် သူလည်းဂုဏ်မြင့်
နိုင်သည်မလား။

@golden.future

Sort:  

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android: https://android.esteem.app, iOS: https://ios.esteem.app mobile app or desktop app for Windows, Mac, Linux: https://desktop.esteem.app
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks