တုံယမ်းငါးပေါင်းဟင်း စားမယ်

in #food3 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့ အစားပို့စ် တင်ပါဦးမယ်။ Facebook မှာလိုဆို
အစားတစ်လိုင်း ပေါ့။

မနေ့ညနေက စစ်ကိုင်းမြို့ သွားရောက်ခဲ့ပါတယ်။
ရွာမှ မိတ်ဆွေ အဖွားတစ်ဦးက သူတို့ ယာထွက်
မြေပဲတောင့် အစိုတွေ လက်ဆောင် ပေးခဲ့တာကြောင့်
မိန်းမ မြေပဲစို ပြုတ်စားရအောင် သွားပို့ခဲ့တာပါ။

ဒါနဲ့ စစ်ကိုင်း ရောက်တော့ ဈေးဘက် ဝင်ပြီး
ဟင်းချက်စရာ အချို့ ဝယ်ခဲ့ပါတယ်။ အထူးသဖြင့်
🎏 ငါးဝက်မ ကျွန်တော်ကတော့ စလားဗီးယား လို့
ခေါ်ပါတယ်။ တီလာဗီးယား ထင်ပါတယ်၊ အချို့က
ခေတ်အခေါ် ကင်ငါး လို့ ခေါ်ကြပြန်သဗျ။ ဒီ ငါး ကို
ကင်ရောင်းကြ၊ ကင်စားကြ များသကိုး။

ပြီးတော့ ဆိုင်တစ်ဆိုင်မှာ မာလာငါးနှစ် ကြည့်ရင်း
တုံယမ်းဟင်းနှစ်ထုပ် တွေ့တာနဲ့ ဝယ်ခဲ့ လိုက်ပါတယ်။
တုံယမ်းငါးပေါင်း ချက်စားမယ်ပေါ့။

ဒီတော့ အိမ်ရောက်တာနဲ့ ဟင်းထဲ ထည့်ဖို့ အဆာပလာ
ဟင်းမွှေးရွက် သုံးမျိုးလောက်နဲ့ ခရမ်းချဉ်၊ ကြက်သွန် နီဖြူ၊
ဂျင်း ရောထောင်းကာ ခုဏက ဝယ်ခဲ့တဲ့ တုံယမ်းဟင်းနှစ်
ထုပ်ဖြင့် ဆီမွှေးသပ်ကာ ငါးထည့်ပြီး ချက်လိုက်ပါတယ်။

img_0.27343860723322916.jpg

ငါး ကျက်ပြီ ဆိုကာမှာ ငါးအကောင်တွေကို ပုဂံပြားထဲ
ခပ်ထည့်ကာ ကိုက်လံ နှင့် ခါကြက်ဥ အချို့ ခုဏက
ဟင်းနှစ်အိုးထဲ ထည့်ကြော်ပါတယ်။

img_0.027290123146773045.jpg

ဟင်းသီးဟင်းရွက် ကျက်ပြန်တော့ ခုဏက
ငါး ထည့်ထားတဲ့ ပုဂံပြားထဲ ထပ်ထည့်လိုက်ပါတယ်။
အဲဒီနောက် ထိုဟင်းအိုးထဲပဲ ရေ အချို့ လောင်းထည့်ကာ
ရယ်ဒီမိတ် ဆန်ပြားခြောက်လေးများဖြင့် အရေသောက်
ဟင်းချို ချက်လိုက်ပါတယ်။
ပွက်ပွက်ဆူတာနဲ့ ဆန်ပြားဖက်လေးများကို ဆယ်ကာ
ငါးပုဂံထဲ ထည့်ပြီး မိသားစု ညစာ စားလိုက်ကြတာပါပဲ။

ကဲ ကိုယ်တိုင်ချက် တုံယမ်းငါးပေါင်းဟင်း လေး လာစားကြ
ပါဦးဗျို့။

@golden.future

Sort:  

တော်တော် အရသာ ရှိမှာပဲ စားချင်စရာ

ဂွတ်ရှယ် အရသာ သိပ်ကောင်း