A Pigeon On Roof

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဘာလိုလိုနဲ့ Weekend Friday သို့ ရောက်ရှိလာပြန်ပါပြီ။
သောကြာနေ့ ရောက်ပြီ ဆိုတော့ တင်နေကြ ငှက်မွှေးပို့စ်လေး တင်ပါဦးမယ်ဗျာ။

ဒီငှက်ကလေး ကတော့ ခို 🐦လေးပါ။
ခိုလေးတွေ ကတော့ လူတွေနဲ့ အနီးကပ်ဆုံး နေတတ်ကြပါတယ်။
အထူးသဖြင့် အိမ်မြင့်တွေမှာ ခိုနားနေတတ်ကြပါတယ်။

ခိုတွေ အများဆုံး နေကြတဲ့ အိမ်ကြီးအိမ်ဟောင်းတွေ အတွက်တော့ ခို ညည်းသံ နှင့် ခိုချေးနံ့ ခံရပါလိမ့်မယ်။

IMG_20201202_101727.jpg

ခု တင်လိုက်တဲ့ ပုံလေးကတော့ အိမ်တစ်အိမ်၏ ခေါင်မိုးပေါ်မှာ
ခို နားနေတာ မြင်ရတာနဲ့ ခုလို ပုံရိုက် တင်လိုက်ရတာပါပဲ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Sort:  

ခိုညည်းသံဟာ တစ်ခါတစ်ခါ နားမခံသာ

ဟုတ်ပါ့ နားမချမ်းသာ

ခိုတွေမှာ ဗိုင်းရပ်စ်တွေပါလာတတ်တယ်တဲ့ ခိုချေးတွေက ကျွန်တော်တို့
ဘူတာကြီးမှာအတော်ဆိုးရွားတယ်။

ဗိုင်းရပ်စ်တော့ ကြောက်လှပါပြီဗျာ

Thanks for taking a photo for the Feathered Friends Community! It's always nice to see a post from you @golden.future