ပြန်လည်ဖြစ်တည်လာရခြင်းတစ်ခု

in HIVE-MYANMAR4 years ago

အားလုံး အားလုံး မင်္ဂလာပါ

လောကသဘာဝအရ ပျက်စီး/ဖျက်ဆီးပြီးသွားရင် လောကကြီးထဲကနေ လုံးဝ ပျောက်ကွယ်သွားတာမဟုတ်ပဲ နောက်ထပ် နောက်ထပ် အသစ် အသစ်တွေ ပြန်လည် ဖြစ်တည်လာရတာပဲဗျို့။ အစကနေပြန်စရသလိုပါပဲ။ မစလို့မရ ပြန်မဖြစ်လို့မရလေတော့ အသစ်တဖန် ပြန်လည်ဖြစ်တည်လာရတော့တာပေါ့။ ဒါကို သံသရာလည်နေတယ်လို့ဆိုရလေမလား။

IMG_20200905_102023.jpg

အသစ်တဖန် ဖြစ်တည်လာတဲ့အခါ တန်ဖိုးဆိုတာကလည်း ကပ်ပါလာသေးသဗျ။ အသစ်ဖြစ်တည်မှုက တန်ဖိုးကြီးလေလေ ဒုက္ခများလေလေပါပဲဗျာ။

IMG_20200907_155840.jpg

‌လူ့လောကကြီးမှာ လူတွေနဲ့အတူ နေထိုင် သွားလာဆက်ဆံမှုတွေက မလုပ်လို့မရ။ ငွေဆိုတာကိုလည်း မရှာလို့ကလည်းမဖြစ်။ ငွေမရှာနိုင်လို့ကတော့ နာဖို့သာပြင် 😁 ဒီတော့ ရသလောက်တော့ရှာကြရစမြဲ။ ဆက်လက် ငွေရှာကြပါအုံးစို့ 😁 ငွေကိုလည်းရှာ ကိုဗစ် ဆိုတဲ့ကောင်ကိုည်း ကိုလည်း တတ်နိုင်သမျှရှောင်၊ အဲ့ကောင်နဲ့လည်း ထိပ်တိုက်မတွေ့စေနဲ့အုံး။ အဲ့ကောင်ကို အဝေးကမြင်တာနဲ့ မြန်မြန်သာထွက်ပြေးပေတော့ဗျို့ 😂

@ansoe

Sort:  

တိုက်သစ်တက်ပွဲ ဖိတ်ဦးနော်

အိုခီ အိုခီ 😁

RC ဘယ်နှထပ်လဲဗျ

တစ်ထပ်ထဲပါဟ

မိုက်တယ်။ Steem ရောင်းပြီးတိုက်ဆောက်ပလိုက်တယ်။

အမငီး အဲလောက်များရလို့ကတော့ ဆာဟင်ရယ် 😂