ငွေနှင်းမှို စိုက်မလား ?

အားလုံးသော HIVE MYANMAR အဖွဲ့သားများ မင်္ဂလာပါခင်ဗျာ။ အားလုံးသော မိတ်ဆွေ အစ်ကို အစ်မ များ ကျန်းခမ်းသာလို့ မာပါစ။

ဒီနေ့တော့ ကျွန်တော်တို့ နေ့စဥ်စားသုံးနေတဲ့ အစားအစာများထဲမှ ငွေနှင်းမှိုစိုက်ပျိုးရေး အကြောင်း အနည်းငယ်မျှ မျှဝေပေးချင်ပါတယ်။ တတ်သိနားလည်လို့မဟုတ်ပဲ အနည်းငယ် ရရှိခဲ့တဲ့အတွေ့အကြုံ တစ်ချို့ကို မျှဝေခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်ငွေနှင်းမှိုကို စီးပွားဖြစ် စိုက်ပျိုးဖြစ်ခဲ့တဲ့အကြောင်းကို ပို့စ် ၂ ခု ၃ ခု ခန့် ရေးတင်ခဲ့ဖူးပါတယ်။ သူငယ်ချင်း ၄ဦး စုပေါင်း လုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ငွေနှင်းမှို မျိုးထုပ် ၃သောင်း ခန့် စိုက်ပျိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုံး၀န်ထမ်းတွေမို့ အချိန်မပေးနိုင်တာ မပြုစုနိုင်ခဲ့တာကြောင့် မှိုရုံလေးကို ရပ်နားလိုက်ရပါတယ်။

ဒီနေ့ တော့ အတူဆုံနေကြ သူငယ်ချင်း တစ်ယောက် ဖုန်းဆက်လာပါတယ်။ သူ့အိမ်မှာ ငွေနှင်းမှိုထုပ် အနည်းငယ် ၀ယ်ယူထားကြောင်းနှင့် စိုက်ပျိုးနည်း ရေလောင်းပြုစုနည်းများကို မျှဝေပေးရန် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။

သူ့အိမ်က အရင်က ဝဥ နှင့်ကွမ်းသီးနုများကို ကုန်သည် ပြုလုပ်တာဖြစ်ပါတယ်။ အခုက နယ်စပ် အခြေအနေနဲ့ တရုပ်ဘက်က အ၀ယ်ရပ်ထားမှုကြောင့် လုပ်ငန်းလည်း ရပ်နားလိုက်ရပါတယ်။ အခုတော့ ငွေနှင်းမှို စိုက်ပျိုးရန် ပြန်လည် အားထုတ်ပုံရပါတယ်။

ဒါနဲ့ ကျနော်လည်း ညနေခင်းရုံးဆင်းတာနဲ့ သူ့အိမ်ကို စီးတော်ယာဥ် ဆိုင်ကယ်လေးနဲ့ သွားရောက်ခဲ့ပါတယ်။ မှိုရုံအဖြစ် အရင်က ဝဥ ပေါင်းခံတဲ့အခန်းငယ်မှာပဲ စင်လေးတွေနဲ့ တင်ထားပါတယ်။

တိုက်ခန်းငယ်မျိုး ဖြစ်နေတာမို့ လေ၀င်လေထွက် သိပ်မကောင်းပေမယ့် စိုထိုင်းစနဲ့ အပူအအေး ကတော့ အတော် အဆင်ပြေပါတယ်။ တံခါးမကြီးဖွင့်ထားရင် အဆင်ပြေပါတယ်။ လောလောဆယ်မှာ မှိုထုပ်တွေက မျိုး မဆင်းသေးပဲ နောက် ၁၀ရက်ခန့်မှ စတင် ၍ မှိုပွင့်ကို ခူးဆွတ်နိုင်မှာဖြစ်ပါတယ်။

အဆောက်အဦး အခြေအနေနဲ့ စင်အခြေအနေတွေလည်းအတော်ကောင်းတာမို့ ကျွန်တော့်အနေနဲ့ ရေလောင်းပုံလောင်းနည်း၊ အထုပ် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းများကို တတ်သလောက် မှတ်သလောက် ပြောပြခဲ့ပြီး သူ၀ယ်တိုက်တဲ့ လက်ဖက်ရည်လေး သောက်ရင်း စျေးကွက်အထိ ဖြန့် ဖို့နဲ့ ထပ်မံတိုးချဲ့ဖို့ အာပေါင်အာရင်း သန်သန်ပြောပြဖြစ်ခဲ့ပါတယ်။

မိတ်ဆွေများ အနေနဲ့လည်း ငွေနှင်းမှို စိုက်ပျိုးရန် စိတ်ဝင်စားပါက စိုက်ပျိုးသင့်နဲ့ တစ်နိုင်အလုပ်လေး တစ်ခုဖြစ်ပါတယ်။ လွယ်ကူပြီး ထိန်းသိမ်းရ အလုပ်အရမ်းမများတဲ့အပြင် အခုအချိန်ဆို စိုက်ပျိုးသူ ရှားပါးမှုကြောင့် စျေး ကောင်းရနေတဲ့အချိန်လည်း ဖြစ်ပါတယ်။

သန်းနိုင်စိုး
၁၃.၇.၂၀၂၂

Sort:  

မှိုကြိုက်လှ
!LOL
!LUV

Where does a martial arts instructor in Bankok live?
In a Thai con-do.

Credit: reddit
@callmemaungthan, I sent you an $LOLZ on behalf of @walarhein
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(4/6)

မှိုကြော် မှိုသုပ် ရှယ်ပါပဲ !LOLZ !MEME


Credit: metzli
Earn Crypto for your Memes @ hiveme.me!

မှိုစိုက်တာလည်း စိတ်ဝင်စား။
မှိုလည်း ကြိုတယ်တအား။
!LOL

A termite walks into a bar and asks
“Is the bar tender here?”

Credit: reddit
@callmemaungthan, I sent you an $LOLZ on behalf of @htwegyi
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(1/4)

စမ်းသပ်စိုက်ပျိုးကြည့်ပါလားစားလို့ကောင်းတယ် တအား !LOLZ

ငွေနှင်းမှိုထက် ကောက်ရိုးမှိုကိုပိုကြိုက်တယ်ဗျ

ဟုတ်ကဲ့အကို ကောက်ရိုးကတော့ စားလို့လည်းကောင်း စျေးလည်းကောင်း စိုက်ပျိုးနည်းကလည်း ဂရုစိုက်ရဗျ !LOLZ !PIZZA

Congratulations @callmemaungthan! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 5250 replies.
Your next target is to reach 5500 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!

အဲ့ဒီမှို ကြိုက်တယ် စိုက်နည်း သင်​ပေးပါ🙂
!LOLZ

ဟုတ်ကဲ့ပါ အမ စိုက်ထုပ်၀ယ်ပြီးရင်တော့ စိုက်ရတာ လွယ်ပါတယ် အထုပ်၀ယ်ဖြစ်တဲ့အခါ သေချာလေးပြောပြပါမယ်ခင်ဗျာ !MEME !LOLZ


Credit: dogemoon
Earn Crypto for your Memes @ hiveme.me!

မှိုစိုက်တာတော့စိတ်ဝင်စားတယ်
!LUV

ဟုတ်ကဲ့အကို တောင်ကြီးဘက်ဆို နွေ မိုး အဆင်ပြေမယ်ထင်တယ် ဆောင်းတော့ အေးလွန်းတယ် !MEME !LOLZ


Credit: crossedmat
Earn Crypto for your Memes @ hiveme.me!

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(8/10) tipped @callmemaungthan (x1)

Learn more at https://hive.pizza.

Yay! 🤗
Your content has been boosted with Ecency Points, by @callmemaungthan.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

လာရောက်ကြည့်ပေးလို့ကျေးဇုပါ😍

အက်လယ့် !PIZZA !LOLZ

Introspection sucks
If you think about it.

Credit: reddit
@aein.shwin.lann, I sent you an $LOLZ on behalf of @callmemaungthan
LOLZ staking coming August 14! Please read our latest update for details on how it will impact you.
(10/10)