အိတ်ပိန် စိတ်ဖောင်း

in HIVE-MYANMAR2 years ago

ပိုက်ဆံအိတ် ပိန်နေတာ ကြာခဲ့ပြီ။ ဘယ်ကတည်းကလည်းဆို ငဗစ် စကတည်းကနေ ခုထိတိုင်ပဲ။ လူ့စိတ်ကလည်း ရယ်ရသား။ ယခင် ငွေဝင်စဥ် ကာလတွေတုန်းကတော့ ပိုက်ဆံ အိတ်ကြီး တကားကားနဲ့ပေါ့။ ပိုက်ဆံ အိတ်ကြီး ဆိုလို့ အထင်လည်း မကြီးစေလို။ အိတ်သာ ကြီးနေတာပါ၊ ပိုက်ဆံကတော့ အများကြီး မပါပေ။

မြန်မာပြည်မှာ ဆန်းရှိုင်းဆိုပြီး နာမည်ကြီးခဲ့သည့် ပြည်တွင်းလုပ် ပိုက်ဆံ အိတ် ကိုင်၏။ လွန်ခဲ့သည့် ၁၀ နှစ်လောက်က မန္တလေးမှာ ဝယ်ခဲ့ခြင်း ဖြစ်၏။ အဆိုပါ ပိုက်ဆံ အိတ်လေးက အပြင်သွားတိုင်း ခရီးတွေ သွားတိုင်း ကျနော် နှင့်အတူ အမြဲ ပါခဲ့၏။ ထိုစဥ်က ပိုက်ဆံ အိတ်ထဲ အနည်းဆုံးတော့ ငွေသား ၃ သောင်းလောက်တော့ ပါ၏။ ပြီး ငွေသား နည်းနည်းရှိသည့် ATM card လေး ကောပေါ့။

ပိုက်ဆံအိတ်က ယောကျာ်းလေးကိုင် အိတ်အရှည် အမျိုးအစား ဖြစ်၏။ ကနဦးတုန်းက ခေါက်အိတ်တွေသာ ကိုင်ဖြစ်ခဲ့ပေမယ့် အဆိုပါ sunshine အိတ် ဝယ်လိုက်ပြီး ကတည်းက အိတ်အတိုတွေ ထပ်မဝယ်ဖြစ်၊ မကိုင် ဖြစ်တော့ ပေ။ ခုတော့ ဘယ်ပိုက်ဆံအိတ်မှ မကိုင်ဖြစ်တော့ပေ။ အပြင်သွားတိုင်း ပါနေကြ sunshine လေးလည်း ခုတော့ အိမ်က သေတ္တာလေးထဲမှာပဲ ကျန်နေခဲ့တော့၏။ သူက လိုက်ချင်ပေမယ့် ကျနော်က ထားခဲ့ခြင်း ဖြစ်၏။

ငဗစ် မတိုင်ခင် အစောပိုင်း နှစ်တွေမှာတော့ အပြင်သွားတိုင်း စာသင်သွားတိုင်း sunshine ပါ၏။ တမင် ရှိုးထုတ်၊ တမင် ကြွားစရာကို မလိုဘဲ သူ့အလိုလိုကို ဝင့်ထည်နေစေခဲ့၏။ ပြီး ထိုစဥ်က fino auto ဘီးလေးနှင့် ဆိုတော့ ဆိုင်ကယ်မှာ ထည့်စရာလေး ပါနေတော့ ကွက်တိပေါ့။ ကျနော် sunshine fino တို့က ထိုစဥ် တတွဲတွဲ မခွဲ အတူပေါ့လေ။

ကိုယ်ပိုင် ကျူရှင် လုပ်ပြီး ငွေကြေး လိုအပ်ချက်အရ fino လေးကို ရောင်းလိုက်ရ၏။ ကျနော်နဲ့ sunshine လေးပဲ ကျန်ခဲ့၏။ sunshine နဲ့ ကျနော်ပဲ တတွဲတွဲ ပေါ့လေ။ trio ကနေ duro ဖြစ်သွားခဲ့ရ၏။ ခုလား ငဗစ်နောက်ပိုင်းမှာတော့ ကျနော် တယောက်ထဲ ဖြစ်သွားခဲ့ပြီ။ တချိန်တော့ sunshine လေးနဲ့ duro ပြန်ဖြစ်လာပါဦးမည်။ ပြီး auto ဘီးလေး တဘီးတော့ ထပ်ဝယ်ဦးမယ်။

ကျနော့် အိပ်မက်မှာ auto ဘီး တစီး၊ 125 တစီး၊ ဘီးကြီး (Racing သို့မဟုတ် အင်ဂျင်ပါဝါ အမြင့်၊ အများ) တစီး ပိုင်ဆိုင်နိုင်ဖို့ ဖြစ်၏။ အိပ်မက်သို့ သွားသည့် လမ်းမှာ အဆင်မပြေမှုတွေ ကြုံရနိုင်တာကလည်း သဘာဝပင် မဟုတ်လား။ အိတ်ဖောင်း (အဆင်ပြေ) နေတုန်းကလည်း ဒီစိတ်၊ အိတ်ပိန် (အဆင်မပြေ) တော့လည်း ဒီစိတ်ပင်။ ပျော်ပျော်ပဲ နေမယ်ဆိုသည့် စိတ်ပေါ့။ ကျနော့် အတွက် ဘဝမှာ အရေးကြီးဆုံးက ပျော်ပျော်နေရ နေနိုင်ဖို့ပင် ဖြစ်၏။

Sort:  

ဆိုင်ကယ် ကြိုက်သူဆိုတော့ Racing Bike ကြိုက်မှာပေါ့... ကျွန်တော် စလုံးမှာ Bike Crazy တွေနဲ့ တွေ့ခဲ့ဘူးတယ်...အဲဒီဘဲက Suzuki 1000 ကို ကိုင်တာ... ကျွန်တော်ကတော့ နားမလည်ပါဘူး။ သူတို့ကြားထဲ Honda gold wing တွေရော ... BMW bike တွေရော... နားမလည်ပါဘူး။ ကျွန်တော်မှ ဆိုင်ကယ်မစီးတတ်တာ

racing ထက်စာရင် နည်းနည်း ခန့်တဲ့ ဖက်ကို ပိုကြိုက်သား။ ဖောင်ထောင် ကုန်းကွပြီး မစီးချင်ဘူး ရယ်။
ဟီးဟီး
!PIZZA

ဟုတ်တယ် ကိုဒွန် မန္တလေးမြန်မာပြည် ဆန်းရှိုင်း က ပစ္စည်းတွေအကုန်ကောင်း တယ် သူ့ဆိုင်က မြွေရေခွံပိုက်ဆံအိတ်နဲ့ လွယ်အိတ်ဆို ၅နှစ်လောက် သုံးလိုက်ရတယ် တော်တော်အကြမ်းခံတယ်
သူစီက ဈေးလည်းတန်တယ်

ဟုတ်ပ
သုံးလို့ ကောင်းတယ်
!PIZZA

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Balls of Steel - HiveFest⁷ Petanque Tournament Results
Support the HiveBuzz project. Vote for our proposal!

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped aein.shwin.lann (x1)
@donjaun(4/5) tipped @kachinhenry (x1)

Join us in Discord!

ကျွန်တော်လည်း အော်တို ဘီးလေး တစီးလောက်
အိပ်မက်ရအုံးမယ်။
!lol

Some jerk threw a bottle of omega 3 pills at me.
Luckily my injuries were only super fish oil.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi

Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
(1/4)