အစေ့လွတ်

in HIVE-MYANMARlast year

သံပုရာသီးက အတော်လေး သီး၏။ ပိန္နဲသီး အစား သီးသလားဟု ထင်ရလောက်အောင်ပင်။ ပိန္နဲသီးက ဒီနှစ် အသီးနည်း၏။ ပိန္နဲသီးရေ မင်း အများကြီး သီးထားခဲ့ပြီးပြီ ဒီတခါတော့ ငါ့ကို ပေးသီးဟုပြောပြီးတော့ကို သီးပစ် နေသလိုလိုပင်။ ပိန္နဲသီးနဲ့ ယှဥ်လျှင် များများ သီးပေမယ့် အလုံး အရွယ်က ကွာတော့ မသိသာနေခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ သီးပင်စားပင်လေးတွေက ခုလို အသီးလေးတွေ သီးနေတော့လည်း မဆိုးပေ။ တခုပဲ ပိန္နဲသီးက အသီးတွေ ကွဲကွဲထွက်နေတာလေးပဲ။

သံပုရာသီးကို ပင်တိုင် စားသုံးသူက အိမ်မှာ ကျနော် လောက်သာ ရှိ၏။ သံပုရာသီးသုပ် စားခြင်း၊ black coffee အဖြစ် ဖျော်သောက်ခြင်းတို့ပေါ့။ သံပုရာရည် အဖြစ်တော့ မဖျော်သောက် ဖြစ်ပေ။ သံပုရာရည်က အကြိုက် စာရင်းထဲ မပါပေ။ coffee နှင့်ရောကာ black coffee အဖြစ် သောက်ရခြင်းကို ပို သဘောကျ၏။ သံပုရာသီးက အလုံးလည်း ကြီးသလို အရည်လည်းရွှမ်း၏။

ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့ လုပ်စား ကြော်စား ဖြစ်သည့်အခါမျိုးတွေ ဒါမှမဟုတ် ပဲဟင်း ချက်သည့် အခါမျိုးတွေမှာ ခြံထွက် သံပုရာသီးကို ခူးပြီး သုပ်စားလေ့ ရှိ၏။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ်ဆိုတော့ကာ အရသာက ပြောနေစရာကို မလိုပင်။

တနေ့က ပင်မှည့် (အဝါရောင်သန်း) လေးတွေ တွေ့လို့ အမေတောင် ၂ လုံးလောက် ခူးလိုက်သေး၏။ တလုံးက သေးပြီး၊ တလုံးက ကြီး၏။

ဒီနေ့ ပုန်းရည်ကြီး ထမင်းကြော် ကြော်စား၏။ အစကတော့ ပုန်းရည်ကြီး ထမင်းသုပ် သုပ်စားမလို့ပင်။ သို့ပေမယ့် မီးမလာတော့ ထမင်းက အေးနေသဖြင့် အသုပ်အစား အကြော် ပြောင်းလိုက်၏။ Gas မီးဖိုနဲ့ဆိုတော့ မြန်လည်း မြန်၏။ ပုန်းရည်ကြီး ထမင်းကြော်ဆိုတော့ သံပုရာသီး သုပ်လေးနဲ့ဆို ကွက်တိပဲ မဟုတ်လား။ တလုံးကို အသုပ်မှာ သုံးလိုက်ပြီး နောက်တလုံးကို နေ့ခင်း coffee သောက်ချိန်မှာ coffee ထဲ ရောပြီး black coffee အဖြစ် ဖန်တီးလိုက်လေ၏။

ထူးဆန်းစွာပင် coffee ထဲထည့်သည့် သံပုရာသီးက အစေ့ မပါနေပေ။ တကယ်ကို တစေ့မှ မပါတာ။ အမေရေ ဒီမှာ အစေ့လွတ် သံပုရာသီး ဟု အမေ့ကိုတောင် လှမ်းပြောပြ ဖြစ်သေး၏။

Sort:  

🍕 PIZZA !

I gifted $PIZZA slices here:
ansoe tipped donjaun (x1)
@htwegyi(2/5) tipped @donjaun (x1)

Join us in Discord!

ကျုပ်တို့အိမ်က သံပုရာပင်လေးတော့ ရေဝပ်လို့
သေရှာပြီးထင်ပ။
!MEME
!PIZZA


Credit: memess
Earn Crypto for your Memes @ hiveme.me!

!PGM
!hiqvote

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @myothuzar

remaining commands 7

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


@myothuzar, the HiQ Smart Bot has recognized your request (3/2) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻