Inner Tune

in HIVE-MYANMARlast year

ဒီနေ့ app လေး တခုနဲ့ မိတ်ဆက်ပေး ပါရစေ။ သီချင်း နားထောင်ရတာ နှစ်သက်သူတွေ အကြိုက် တွေ့မယ့် app လေး တခုပါ။ app က open source ဖြစ်ပါတယ်။ playstore မှာ ယခု app ကို ရှာလို့ မတွေ့နိုင်ပါဘူး။ open source app အများစုကို F-Droid website နဲ့ app တွေကနေ Download ရယူနိုင်ပါတယ်။ F-Droid ကိုယ်တိုင်ကလည်း open source ပါပဲ။

App နာမည်က inner tune ပါ။ သူ့ feature က YouTube music နဲ့ ဆင်တူပါတယ်။ YouTube music ကိုပဲ open source ပုံစံမျိုး ဖြစ်အောင် လုပ်ထားပေးတဲ့ သဘောပါ။ တကယ့်ကို အတော်လေး အဆင်ပြေ ပါတယ်။ လစဥ်ကြေးတွေ ဘာတွေ သွင်းစရာမလိုတာကတော့ ယခု app လေးရဲ့ အားသာချက်ပါပဲ။ သီချင်းတွေကို အလွယ်တကူ ရှာနိုင် သလို၊ အလွယ်တကူလည်း Download လုပ်နိုင်ပါတယ်။ သီချင်း စာသားတွေပါ တပါတည်း ပါတာမို့ တကယ့်ကို အဆင်ပြေ လွန်းလှပါတယ်။

YouTube music support ပေးတဲ့ နိုင်ငံတိုင်း inner tune app ကို သုံးလို့ ရပါတယ်။ ကျနော် တို့လား ထုံးစံအတိုင်း vpn နဲ့ပေါ့။ မြန်မာနိုင်ငံ အတွက်တော့ ယခု app ကို သုံးချင်ရင် vpn အသုံးပြုဖို့ လိုပါလိမ့်မယ်။ Download လုပ်ထားလို့ရတော့ offline အနေနဲ့လည်း ပြန် နားထောင်လို့ ရတာပေါ့။

ယခင်က သီချင်း နားထောင်ဖို့ joox ကို အသုံးပြုခဲ့ရာကနေ နောက်ပိုင်း joox ကို boycott လုပ်ဖို့ အကြောင်းဖန်လာတော့ သီချင်း နားထောင်ဖို့ အတွက် အတော်လေး အကြပ်တွေ့ရပါတယ်။ သီချင်း နားထောင်ဖို့ app တွေ အများကြီးရှာဖွေခဲ့ပေမယ့် အဆင်ပြေတဲ့ app တွေတော့ မရ၊ မတွေ့ခဲ့ပါဘူး။ ခုတော့ inner tune ကြောင့် အဆင်မပြေမှုတွေ ချုပ်ငြိမ်းသွားခဲ့ပါပြီ။

inner tune ရယ်၊ viper4android ရယ်နဲ့ဆိုတော့ ဘာပြောစရာ လိုနေဦးမလဲဗျာ။ သီချင်းတွေ နားထောင်ရင်း အပန်းဖြေလို့ ရပြီပေါ့။

ဒါကတော့ Download link လေးပါဗျ။

https://github.com/z-huang/InnerTune/releases