စုပါ လေ

in HIVE-MYANMAR22 days ago

0.67$ လောက်ထိ တက်ခဲ့သော Hive က တဖြည်းဖြည်း ပြန်ကျလို့ သွားခဲ့၏။ ခုဆို 0.42$ ဝန်းကျင်လောက်သာ ရှိတော့၏။ ကိုယ်ရွှေ Hive က ဈေးကောင်းခြင်းနဲ့ မတည့်သည့် ရောဂါ ရှိသည် ထင်ပါရဲ့။ ခဏသာ ဈေးတက်လေ့ ရှိပြီး မူလဈေးတန်း ဆီသို့ ပြန်ပြန်၍ သွားလေ့ ရှိ၏။ ယခုထက် ဈေး မကျသွားဖို့တော့ မျှော်လင့်မိ၏။ ဒီထက်ကိုမှ ထပ်ကျရင်လည်း မဟုတ်တော့ပေ။ သူများ တက်လည်း သူ မတက်ပေမယ့် သူများ ကျရင်တော့ လိုက်လိုက်ကျတတ်သည့် ကိုယ်ရွှေ Hive ပင်။

ကျနော် Hive ထုတ်ရောင်းတိုင်း ဘယ်တုန်းကမှ ဈေးတက်ချိန်နဲ့ မကြုံပေ။ ကံက အဲ့လိုပါ ဆို။ ကိုယ့် လက်ထဲ Hive ရှိချိန်ကြ ဈေးက မကောင်း၊ ဈေး ကောင်းချိန်ကြ ကိုယ့်လက်ထဲ Hive မရှိနဲ့ရယ်။ ရယ်ရတာ ပြောပါတယ်။

Hive ‌ဈေး ဘယ်အချိန် ထပ်ကောင်းမည်တော့ မသိသေးပေ။ ခဏ တက်လိုက် ပြီး ပြန်ကျလိုက်နဲ့ လုံးခြာလည် လိုက်နေခဲ့သည်မှာ ကြာခဲ့ပြီ။ 1 Hive = 10$ ဆိုတာထားဦး 1 Hive ကို 1$ ဖြစ်ဖို့ပင် ခက်ခဲနေလေ၏။ ဘယ်အချိန် ဖြစ်မည်တော့ မသိသေးပေ။ တချိန်ချိန်တော့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မိ၏။ ဒါမှမဟုတ် မဖြစ်လာနိုင်တာမျိုးလည်း ဖြစ်သွားနိုင်၏။

မည်သို့ပင် ဆိုစေကာမူ တချိန်မှာတော့ 1$ နဲ့ အထက်မှာ ရှိနေလိမ့်မည်ဟု တထစ်ချ ယုံကြည်ထား၏။ မင်းက ဘာတွေ သိထားလို့ ဒီလောက် ယုံကြည်နေတာလဲဟု မေးက ကျနော် မဖြေတတ်ပေ။ ဒါပေမယ့် တချိန်မှာတော့ ဈေးကောင်းကို ကောင်းလာပေလိမ့်မည်။ ထိုအချိန် မတိုင်ခင် Hive power ကို ရသလောက် စုထားနိုင်ဖို့ လို၏။ ‌ဈေးကောင်းချိန် ကိုယ့်မှာ power များများ ရှိနေပြီဆိုရင် ပျော်စရာပင် မဟုတ်လား။

တနေ့တလံ ပုဂံဘယ်ရွေ့ ထုံး နှလုံးမူ၍ နေ့စဉ် ပိုစ့်တင်ရင်း power စုနေပါဦးမည်။ အားလုံးပဲ Hive သူဌေးလောင်းများ power များများ စုနိုင်ကြပါစေ။

Sort:  

ကိုဒွန်က စုပါဆိုမှ ဒီနေ့ လေးဆယ့်တစ်ပြားမှာ
ရောင်းလိုက်သေးသဗျို့။ ကိုယ်ရောင်းပြီးမှ
ပြားငါးဆယ်ရောက်သွားသေး အဲ့သလို
ကိုယ်တွေ ကံကောင်းချက်။
!LOLZ
!MEME

ဘဝတူတွေ။
😅

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !WEED from @hiq.redaktion.

Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our