ဘိုင်နက်အကောင့် ချာချာလည်။

in HIVE-MYANMARlast year

img_0.7621092795142147.jpg

ယနေ့ Binance account ဖွင့်သည့်
အကြောင်း ဖောက်သည်ချပါအုံးမည်။
ဟိုယခင်က Binance account ဖွင့်ဖို့
ဆိုသည်မှာ မလွယ်ကူပါ။ မလွယ်ကူဆို ကိုယ်တွေလို
ပတ်စ်ပို့စ် မရှိသူတွေ အတွက်ဖြစ်သည်။
ပတ်စ်ပို့စ် ရှိသူများအတွက်တော့ လွယ်ကူ
ပေမည်။

ထို အကောင့်ကို ယခင်က လွယ်လွယ်ကူကူ
ဖွင့်ရသည်ထင်ပြီး ကလိခဲ့သည်။ ထိုနောက်
လုပ်မရတော့ ပစ်ထားခဲ့သည်။ ယခုနောက်ပိုင်း
ထိုအကောင့်က ခေတ်စားလာသည်။ ခေတ်စားဆို
Trade လုပ်မည့်သူများအတွက် ဖွင့်ထားသင့်
သည်။ နောက်ပြီး တလောက ခေတ်ထလိုက်သေးသည်။ မြန်မာငွေတွေ တန်ဘိုးကျတော့ ဒေါ်လာ
ဝယ်ကိုင်ထားချင်သူများအတွက် USDT
သည် သဲသဲလှုပ်ခဲ့သည်။

တဖန် Binance Exchange က စိတ်မချရ
ဟု သတင်းသဲ့သဲ့ကြားရပြန်သည်။ သူ့ထဲမှာရှိသော
ငွေများ များများမထားရန် သတိပေးကြပြန်သည်။
မည်သိူ့ဆိုစေ သူ့ထံ အကောင့်ဖွင့်ထားပါက
ကိုယ်တိုင် ရောင်းဝယ်နိုင်တော့မည်။ ဆိုတော့
ထိုကဲ့သို့ ကိုယ်တိုင် ရောင်းဝယ်ရန် အကောင့်ဖွင့်
ခဲ့ပါသော်လည်း Verified မဖြစ်၍ ဘာမှ
ပြုလုပ် မရခဲ့ပါ။ ယခုတော့ ကိုတင်အောင်စိုး
မှ မြန်မာမှတ်ပုံတင်ဖြင့် ပြုလုပ်၍ ရသည်ဟု
ပြောလာသည်။

ထိုကြောင့် သူပေးထားသော လင့်မှ ဝင်ရောက်ခဲ့သည်။
ကိုယ်တွေက ကလိထားသောကြောင့်
အကောင့်ဖွင့်ထားသည် password မေ့နေသလားဟု
သတိပေးခံရသည်။ ထိုကြောင့် ဟိုကလိ ဒီကလိ
ဖြင့် Verified ရဖို့ ကြိုးစားကြည့်သည်။

Verified ရ မရ တော့ မသိပါ။ ပုံပါအတိုင်း
ဝင်ရောက်ကလိခဲ့သည့်မှတ်တမ်းများကို ဖော်ပြ
ပေးလိုက်ပါသည်။ အောင်မြင်သွားသလား
မသိပါ။ 2022-11-29 နေ့ဆိုသည် ရက်စွဲတခု
တော့ ပေါ်လာတာတွေ့ရပါသည်။

@htwegyi
27-11-2022

Sort:  

ခုက အသစ်ဖွင့်တာ ဟုတ်ဘူးလား။
အရင် အကောင့်ဟောင်း ပြန်ဝင်သုံးတာလား။
မှတ်ပုံတင်နဲ့ တင်ပြီးပြီလား။
!LOL

မှတ်ပုံတင်နဲ့ တင်ပြီး။
ယခင် အကောင့်နဲ့ ပြန်ဝင်သည်။

!LOLZ !PIZZA

🍕 PIZZA !

I gifted $PIZZA slices here:
@golden.future(4/5) tipped @htwegyi (x1)
ansoe tipped htwegyi (x1)

Send $PIZZA tips in Discord via tip.cc!

Google Authenticator code တွေရော ထည့်ပြီးပလား။
Gmail စစ်ကြည့်ပါ။
Verify complete ပြပါတယ်။
သိချင်တာ SS ပြ မေးပါ။
!PIZZA

ကျေးဇူးပါ မသိပါက မေးပါမယ်။