ဗာဒံပင်လေးရဲ့ အောက်မှာ ထိုင်ထုစား။

in HIVE-MYANMAR2 years ago

img_0.7621092795142147.jpg

Hive ဈေးက $2 နားရစ်ဝဲပျံသန်းနေသည်။
တက်မလား ကျမလား တခုခုပေါ့။ ဒီတော့
ကိုယ်တွေလည်း တနေ့ တစ်ပိုစ့်တင်ရန်
ကြိုးစားရသည်။ တစ်ပိုစ့်ကို 2 Hive
ရရ 1Hive ရရ နည်းမှတ်လား။ ကိုဟင်
ဗုတ်တာက 1Hive၊ ဟိုကဗုတ် ဒီကဗုတ်က
1Hive နှင့်ဆိုပါလျှင် 2 လောက်ကတော့
အေးဆေးရသည်။ ဆိုတော့ 7 ရက်ပြည့်ပါလျှင်
ကိုယ်ရဲ့ Wallet သို့ 1.30HBD 0.56HP
ခန့်ရ‌ ပေသည်။

ဒီတော့ နေ့စဉ် ရေးတင်နေရတော့ ရေးစရာ
ကုန်ကြမ်းက တခါတရံ ပျောက်နေတတ်သည်။
မရ ရအောင်တော့ရေးတင်ရမည်။ Dbuzz
မှာ ပုံတင်သည့် ပိုစ့်က မရပါဘူးဆို အနည်းဆုံး
0.3 လောက်တော့ရသည်။ တနေ့ 2 Hive
လောက်ရပါက အနည်းဆုံးမြန်မာငွေ
8000 ကျပ်က အသာလေးရသည်။ တနေ့
ရှစ်ထောင် တလ 240000ကျပ် အိုး
မိုက်တယ်မဟုတ်လား။ သူ့လောက်
မိုက်တာတောင် Hive လောက် မမိုက်ဘူး။

img_0.3066703543600995.jpg

ပိုစ့်ရေးဖို့ ခြံအပြင်ထွက် ကုန်ကြမ်းရှာတာ
တွေပါပြီး ဗာဒံပင်ကြီး။ ဗာဒံသီး‌ ခြောက်တွေ
ကောက်ပြီးစုပုံထား၍ ဓာတ်ပုံရိုက်သည်။
အံမယ် ဗာဒံသီး‌ကလည်း ရှားသဗျို့
ရှဉ့်တွေ မစားလို့ ပြုတ်ကျတဲ့ အသီးလေးတွေ
ကောက်စုရတာ။ နို့မို့ ဒီကောင်တွေက
အပြင်က အခွံရော၊ အတွင်းက အဆံရော
အကုန်စားကြတာ။ သူတို့လက်က မစားပဲ
ပြုတ်ကျတဲ့ အသီးသာ ကံကောင်းလို့
စားရတာ။ ဗာဒံပင်ဆိုတာ ဘာညာကွိကွ
အောက်မှာ အင်တာနက်က ကူးထားတာ
ဖတ်ကြည့်။

img_0.24224468264175275.jpg

ဗာဒံပင် သည် အပူပိုင်းဒေသဖြစ်သော အာရှတိုက်၊ အာဖရိကတိုက်နှင့် ဩစတြေးလျတိုက်တို့တွင် ပေါက်ရောက်သည့် အရွက်ဖြာပင်ဖြစ်သည်။
အင်္ဂလိပ်ဘာသာဖြင့် Indian-almond ဟုခေါ်ဆိုပြီး သိပ္ပံနာမည်မှာ Terminalia catappa ဖြစ်သည်။အပင်သည် ၃၅ ပေအထိ ကြီးထွားပြီး ပင်စည်၏ ဘေးပတ်လည်သို့ အခက်များ ဖြာထွက်သည်။ ဗာဒံသီးသည် ရေဖြင့် ပြန့်ပွားကာ အစေ့သည် စားသုံးနိုင်သည်။ အရွက်သည် ကြီးမားပြီး ၅ -၉ လက်မခန့် ရှိသည်။

img_0.4625881763745667.jpg

img_0.6831411084273934.jpg

ဆိုတော့ ဖော်ပြပါ ဗာဒံပင်က အသီးရဲ့ အတွင်းက
အဆံကို ထုစားသည်။ သူကတော့ အစေ့တဲ့
ကျုပ်ကတော့ အဆံပ။ အပြင်အခွံပျော့ကိုခွာ
သည်။ အတွင်းက အခွံမာကို တခါပြန်ထု၍
အထဲမှ အဆံလေးကို စားရသည့်အခါ
ဆိမ့်ဆိမ့်လေးနဲ့ အချိုဓာတ်လေး
မဆိုစလောက်ပါသည့်အရသာကို လျှာဖျားမှာ
ခံစားရပါလေသည်။

@htwegyi
2-12-2021

Sort:  

ဗာဒံပင်အောက် ထိုက်ထုစားရင်း ငွေဝင် ငွေရွှင်နေတယ်ပေါ့

!PIZZA

တတ်နိုင်သလောက် ဝုန်းရတာပဲ မောင်ရေ။

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped htwegyi (x1)
nyinyiwin tipped htwegyi (x1)
donjaun tipped htwegyi (x1)
@uthantzin(8/9) tipped @htwegyi (x1)
golden.future tipped htwegyi (x1)

Learn more at https://hive.pizza.

ဟာ
ဘယ်လိုတောင်လဲ
ထိုင်ထုစားတဲ့
!PIZZA

အရသာကို လျှာဖျားနဲ့ ခံစားနေတာတဲ့ 😁

မနာလိုနေကြတာပ
!PIZZA
!LOLZ

OH NO!
You are out of jokes for the day!

@htwegyi you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ပိန်းရွက်မှာ ဗာဒံစေ့လေး တင်ထားတာ သဘောကျမိတယ် !PIZZA

ရှိတဲ့အရွက် ခူးတင်ထားတာ

နောက်တစ်ခါကြုံရင် ဗာဒံသီးလေးပေးပါအုံးအေ။
မစားရတာကြာပေါ့။

ရှားတယ်ဟ အတော်ရှာစားရတာ။

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

လဖက်သုပ်ထဲ ထည့်စား ... စားလို့ကောင်းတယ်။ !PIZZA. !LOL. !LUV

OH NO!
You are out of jokes for the day!

@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!

ဟုတ်လား တခါမှ မစားဖူးဘူး

သူများတွေက ဗာဒန်စေ့ကို ထုပီး ရောင်းစားတာ ဦးထွေးကလဲ ဗာဒန်စေ့ကို ဗန်းပြစာရေးတာ တူတူပဲ ပိုက်ဆံရတယ် :D

အင်း စီးပွားရှာကြတာ အတူတူပ

ဗာဒန်စိလေး လွမ်းထာ ငယ်ငယ်တုန်းက အဲလိုထုစားခဲ့ကြတာလေ။ !PIZZA

လွမ်းလို ထုစားတာ စားကောင်းသပ

ငယ်ဘဝကို သတိရ၊ အဲလို ထုစားကြတာ။ အခုတော့ ဗန်ဒါပင်တွေလည်း မရှိတော့ဘူး။

ကျွန်တော်တို့ဆီမှာတော့ရှိသေးတယ်
ငယ်ဘဝက ထုစားတာ အင်ကျီတွေ ဗာဒံ အရည်တွေ စွန်းတာဖျက်မရဘူး။