ကျွဲခေါင်းသီးပြုတ်။

in HIVE-MYANMARlast year

img_0.7621092795142147.jpg

အလုပ်မရှိတော့ စားဖို့ကို အလုပ်တခုလို
ဖြစ်နေသည်။ အလုပ်ရှိပါက ထိုအလုပ်မှာ
စိတ်ကနှစ်ထား၊ အာရုံစိုက်ထားသော စားဖို့
သောက်ဖို့ သတိမေ့နေတတ်သည်။ ဟော့
ခုတော့ အလုပ်မရှိသူ ကိုယ်တွေ စားဖို့
သာ စိတ်ကရောက်နေသည်။

နေ့လယ်ခင်းအစာပြေ ဘာလေးစားရမလဲ။
ဆယ့်နှစ်နာရီ ထမင်းစားပြီးပါရင် နှစ်နာရီ
ကျော်လာသည့်နှင့် တခုခုစားချင်လာသည်။
လက်ဖက်ရည်နှင့် မုန့်လေးစားချင်သလို။
အချို အချဉ်မုန့်လေးစားချင်သလို ဒီပါးစပ်ကြီးက
အကြောင်းကွဲသည်။

အမှန်က အကျင့်ဖြစ်သည်။ နေ့ခင်း ဗိုက်တင်းအောင်
ထမင်း အဝစားထားပါက ဗိုက်ကပြည့်၍
တော်ယုံ နှင့် အစာ မစားချင်ပါ။ နေ့ခင်းကို
သွားရည်စာ စားသည့် အကျင့်ဖြစ်နေတော့
တခုခုစားပါမှ ဗိုက်ဝသည်ဟုထင်သည်။
ယနေ့ နေ့ခင်းစားရန် ကျွဲခေါင်းသီးပြုတ်
စားသည်။

အဆိုပါ ကျွဲခေါင်းသီးက @nweoomon
တို့အိမ်က ပေးလိုက်သည်။ ကျွဲ‌ခေါင်းသီးကို
ပြုတ်ပြီးသား ဝယ်စားဖူးသည်။ ကိုယ်တိုင်
ပြုတ်မစားဖူးပေ။ ဆိုတော့ ကျွဲခေါင်းသီးကို
မည်သို့ ပြုတ်ရမည်မသိ။ အကြာကြီး ပြုတ်ရမလား။
ခဏသာ ပြုတ်ရမလား စဉ်းစားရသည်။
အမ ကတော့ ပြောသည်။ သူ့သူငယ်ချင်းတဦးက
ကျွဲ‌ခေါင်းသီးကို အစိမ်းစားသည် ချိုသည်ဟု
ပြောသည်။

ဒီတော့ အစိမ်းကိုပင် စားရတာ။ အကြာကြီး
ပြုတ်ရန်မလိုဟုထင်သည်။ ပိန်းဥ၊ ကန်စွန်ဥတို့
ပြုတ်သလောက် ပြုတ်ကြည့်သည်။ အိုကေ
သည်။ ပြုတ်ထားသည့် ကျွဲ‌ခေါင်းသီးများမှ
ကြီးပြီးစိမ်းသည့် အသီးများက နု၍ ကိုက်စား
ရတာလွယ်သည်။ မဲ၍ သေးသည့် အသီးများက
ကိုက်စားရတာ မာ၍ အထဲမှ အဖြူဥလေးများက
အနည်းချို၍ စီးကာ ပိုစားကောင်းပေသည်။

@htwegyi
28-11-2022

Sort:  

ချို ချဥ် ဖန် ခါး အရသာလေးကလည်း ခံစားချင်သေးတာကိုး !lolz !meme !pizza

I threw a boomarang a few years ago that never came back.
I now live in constant fear.

Credit: bulldog-joy
@htwegyi, I sent you an $LOLZ on behalf of @callmemaungthan

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(4/6)


Credit: slothlydoesit
Earn Crypto for your Memes @ hiveme.me!

ဟုတ်ပေဗျို့။

!LUV
!LOL

Scientists just discovered a cow-like plant.
They’re calling it a BO-VINE.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of @walarhein

Use the !LOL or !LOLZ command to share a joke and an $LOLZ
(1/4)

စိမ်းတာ နု
မဲတာ ရင့်
အကြိုက်ပေါ့
!PIZZA

ခုမှ ပြုတ်စားဖူးတာ။

🍕 PIZZA !

I gifted $PIZZA slices here:
@golden.future(1/5) tipped @htwegyi (x1)

Send $PIZZA tips in Discord via tip.cc!

စားကောင်းတယ်နော်