မရှိတာထက် မသိတာခက်

in HIVE-MYANMAR3 years ago

image

ဘာရေးရမလဲ။
ဘာ ရေး ရ မ လဲ။ ဘယ်လိုရေးရမလဲ။
ဘယ်လိုရေးရမှန်းတောင်မသိဘူး။
အဲ့ မသိတာကို သိအောင်
ဘယ်လိုရေးပြရမလဲ။

မသိတာထက် မရှိတာခက်။
မရှိတာထက် မသိတာခက်။
အတော်ရှုပ်တဲ့ စကား။
အဲ့နှစ်ကြောင်းမှာ အောက်က
မရှိတာထက် မသိတာခက်တာ ဟာ
ပိုဆိုးတယ်။

ရေးပြရပါအုံးမယ် အဲ့
မရှိတာထက် မသိတာခက် တဲ့
အကြောင်း။ ကျွန်တော်အိမ်မှာ စနေ
နှစ်ယောက်ရှိသည်။ ထိုနှစ်ယောက်က
ကျွန်တော့် အမနှင့် အကို ဖြစ်သည်။
ကျွန်တော်တို့မိသားစုက သာမန်
လူတန်းစားပါပဲ။

သာမန်လူတန်းစားဆိုတာ
အလယ်အလတ်တန်းစားလို့
ပြောကြမလား။ မရှိမရှားတဲ့ အတန်းအစားလို့
ပြောရမလား။ ပြောချင်သလိုပြော
သတ်မှတ်ချင်သလို သတ်မှတ်ပါလေ။
ရန်ဖြစ်ရင် မောင်နှမတတွေ အော်ဟစ်ပြီး
စကားနိုင်လုကြသည်။ ရန်ဖြစ်ပြီ
သည့်အခါမှာလည်း ဟီးဟားတိုက်ကာ
အော်ဟစ်ပြောဆို ရယ်မောကာ
စကားပြောကြပြန်ပါသည်။

လိုရင်းပြောပါမည် အဲ့
မရှိတာထက် မသိတာခက်
ဆိုတာ စနေတစ်ကောင်
အကြောင်း ရေးပြမလို့ပါ။
ကျွန်တော့်အကို စနေသား
ယမကာသောက်တာ အိမ်မှာသောက်ရန်
ပြောသည် မရ။ အပြင်ထွက်သောက်သည်။

"ကိုဗစ်တွေနဲ့ ကူးလာခဲ့ရင်မကောင်းဘူး၊
အမေက အသက်ကြီးပြီး ကျန်မာရေး
မကောင်းဘူး၊ မင်းကို ကူးရင် ငါတို့ကိုလည်း
ကူးမှာ၊ ငါတို့ကူးရင်း အမေ့ကူးမှာ၊
အိမ်မှာသောက်ပါ"

ပြောခဲ့သူ အာညောင်း ယခု
စနေသကောင့်သား ဖျားနေလေရဲ့။
ရာသီတုတ်ကွေးလား၊
ကိုဗစ်လား မသိ မိသားစုတွေကို
မကူးတဲ့ အဖျား‌ရောဂါ သာဖြစ်ပါစေလို့။

@htwegyi
27-7-21

Sort:  

ဂရုစိုက်ပါ ဦးထွေးခင်ဗျာ

ခုတောင် နှာမွန်ချင်သလိုလို

ကိုယ်ဖြစ်ရင်အားလုံးခံစားရပါတယ်...ကိုယ်တိုင်ဆင်ခြင်မှရမယ်

ဟုတ်တယ် တစ်ယောက်ထဲ ဖြစ်တာမဟုတ် မိသားစုကို
ကူးနိုင်တာ။

ဖျားပြီ ဆိုရင်တော့ သတိထားရတော့မယ်.... အနံ့ပျောက်သလား ချောင်းဆိုးသလား.... လိုအပ်တဲ့ ဆေးဝါးတွေသာ ကြို ဝယ်ထားပေတော့.....

ပါရာရယ် စီဗစ်ရယ် ဘာမီတွန်ရယ် ဒါပဲရှိတာ
ဘာတွေဝယ်ရအုံးလဲ ကိုဟင်

Paracetamol 500 mg / Decolgen / Biogesic / အဲဒါ တွေကအဖျား နဲ့ အကိုက်အခဲအတွက်... သုံးခု လုံး မလိုဘူး... တမျိုးရှိထားရင် ရတယ်။ ချောင်းဆိုးရင် ပိုးသတ်ဆေး Amoxicillin 500 mg / Bronchest ဆိုတဲ့ ဆေးတောင့်လေး တွဲသောက်။ နောက် ချောင်းဆိုး ချွဲပါ / ချွဲမပါ ကြည့်ပြီး Wood နီ/ wood ပြာ ဆေးရည်သောက်ပေး။ အားဆေး တမျိုးမျိုး မှီဝဲ .... ဥပမာ Oramin G / Immuactive စသည်ဖြင့် .... Cevit 500 အားကတော့ နေ့ တကြိမ် သောက်ပေး.... Zinc / D3 အားဆေးတွေ ဝယ်သောက်... အဲဒါက Covid အတွက် သံသယရှိရင်..... အနံ့ပျောက်သွားရင်တော့ နောက်ဆက်တွဲ ရှည်ပြီ....

ကျေးဇူးပါ ကိုဟင်ရေ