ယခုအချိန်သည် Cryptocurrency ရှိ
Exchange များမှာ Trade လို့ လွတ်ကောင်းနေသည်ဟု
ပြောကြသည်။ ဟုတ်ပေ့၊ မှန်ပေ့ဟု
ပြောရမည်။ ကျွန်တော်လို ဟိုကလိ၊ ဒီကလိ
ဘာမသိ၊ ညာမသိသူပင် နီတုန်းဝယ်ထား။
စိမ်းတုန်းရောင်းချ စသဖြင့် ပြုလုပ်လိုက်သည်မှာ
တစ်ဒေါ်လာကြီးပင် ရရှိခဲ့လေသည်။
ကိုယ်တိုင် မြေစမ်း ခရမ်းပျိုးဆိုသလို
ပြုလုပ်ကြည့်သည်။ မြေစမ်း ခရမ်းပျိုး
ဆိုသည့် စကားက မြေကြီး ကောင်းမကောင်း
သိရန် ခရမ်းပင်ကို စိုက်ပျိုးသည်ဟုထင်ပါသည်။
အဲ ခရမ်းဆိုတဲ့အခါမှာ ခရမ်းသီးလား၊ ခရမ်းချဉ်
သီးလား မည်သည့်အသီးဖြစ်သည်ကိုတော့ မသိပါ။
Cryptocurrency မြေပြင်ကြီးမှာ Hive ခရမ်းပင်များ
စိုက်ပျိုးကြည့်မိသည်။
ထိုသို့ မြေစမ်း ခရမ်းပျိုးသည်ပဲ ဆိုဆို၊
ရမ်းသန်း မှန်းသန်းလုပ်သည်ပဲဆိုဆို
Binance မှာ Hive များကို ဝင်ရောက်
Trade သည့်အခါ တဒေါ်လာမြတ်သည်။
ပျော်ပါသည်။ ကိုယ်တိုင် ကလိ၍ ကိုယ်တိုင်
ပီတိဖြစ်သည်။ တဒေါ်လာဆိုသည့် ငွေက
နည်းပေသိ ထိုသို့ ရောင်းဝယ် ပြုလုပ်လိုက်ရသည့်
အတွက် ခံစားရသည်က ပျော်စရာကောင်း
လှပါသည်။
Exchange မှာ Trade ရသည်က
လောင်းကစားတခုပင်ဖြစ်သည်။ ကိုယ်ရဲ့
တိုကင်၊ ကွိုင်းသည် မည်သည့်အချိန်မှာ
တက်မည် ကျမည်ကို မသိရှိပါ။ အချို့သော
ဆရာကြီးများကတော့ သိကြပေမည်။
ကိုယ်ကတော့ ရမ်းသန်း မှန်းသန်းပြုလုပ်သည်။
ရန်းသန်းပြုလုပ်သည်ဆိုတော့ ငွေကြေး
အများအပြားကို ပြုလုပ်သည်မဟုတ်ပါ။
ဗဟုသုတနဲ့ အတွေ့အကြုံရရန်အတွက်
ပြုလုပ်ခြင်းသာဖြစ်သည်။
တခါက ကိုဟင်နရီအောင် ပြောဖူးသည်။
Trade ကို အစမ်းသဘောပြုလုပ်ပါက
Hive and HBD ကို ပြောင်းလဲ၍ စမ်းသပ်
ကြည့်ပါဟု ပြောသည်။ ထိုကြောင့်
ကျွန်တော်သည် HBD 30 ကို Hive
ဈေး သုံးဆယ်ရှစ်ပြားမှာ လဲလှယ်ခဲ့သည်။
ထိုနောက် Hive ဈေး လေးဆယ့်သုံးပြားမှာ
ပြန်လဲသည်။ 2 HBD ပိုရရှိခဲ့သည်။
ကိုယ်တိုင် Trade ခြင်းပြုလုပ်၍ ကိုယ်တိုင်
သဘောကျနေသည်။
ဒါတောင် လူ့သဘောအရ လောဘက
ကြီးချင်သေးသည်။ ကတောက်စ် !
ပြားငါးဆယ်ဖြစ်တုန်းက မရောင်းလိုက်ရလေခြင်း
ဟူ၍။ ကိုယ်ရောင်းဝယ်ပြီးမှ Hive ဈေးသည်
လေးဆယ့်ငါးပြားမှ အောက်သို့ မကျတော့ပေ။
ကောင်းလေးစွ။ တက်လက်စနဲ့ မထူးပါဘူး။
တဒေါ်လာ၊ သုံးဒေါ်လာ၊ ဆယ်ဒေါ်လာအထက်
ဆက်လက်တက်လိုက်ပါတော့လေဟု
ဆုတောင်းရင်ဖြင့် မိတ်ဆွေတို့က
စိတ်မဆိုးကြစေချင်။
January 25, 2025@htwegyi
!hiqvote
စျေးကျစေချင်မှ သူက ဆင်းဘူးနဲ့ တွေ့နေတယ်😂
ဈေးကျရင် မစုက ဝယ်မလို့လား။
တက်ပလေ့စေ မျက်ဖြူလန်အောင်
!LOLZ
!LUV
(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily@htwegyi, @golden.future
lolztoken.com
One more crack like that and I'll plaster you!
Credit: reddit
$LOLZ on behalf of golden.future
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ@htwegyi, I sent you an
အသာလုပ်ပါဗျာ။
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !PIMP from @hiq.redaktion.
Discord. And don't forget to vote HiQs fucking Witness! 😻For further questions, check out https://hiq-hive.com or join our