"အမေ ထန်းသီးဆံ စားအုံးမလား"
"ထန်းသီးဆံ စားလဲမစားချင်ဘူး၊ ကြားလဲ
မကြားချင်ဘူး၊ မြင်လဲ မမြင်ချင်ဘူး၊
စိတ်နာလွန်လို့"
"အဲ ဘာဖြစ်လို့လဲအမေ"
"ထန်းသီးဆံ တို့ ထန်းလျှက်တို့မြင်ရင်း
ခေါင်းကျိန်းလွန်လို့"
"ဒီမယ် ထန်းသီးဆံ က နုနုလေးရယ်၊ ချိုနေတာပဲ
အရည်ကိုရွှမ်းလို့၊ စားရတာ အိအိလေး၊ စာကောင်းတယ် အမေရဲ့၊ တစ်ဆံလောက် စားကြည်ပါ"
"ငါနဲ့ရော တည့်ရဲ့လား"
"အမေ ကလဲ တစ်ခုလောက်နဲ့ ဘာမှမဖြစ်ပါဘူး"
အမေသည် ထန်းသီးဆံ ကိုတစ်ကိုက်ဝါးရင်း
သူမ ငယ်စဉ်က အကြောင်းကို ပြောလေသည်။
ထန်းပင် ထန်းလက် ထန်းရွက်တွေက
အသွယ်သွယ်ပါမောင်ရယ်......
မြရင်တို့ရွာ .......
ဒေါင်းလန်းကြီးရဲ့အလယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
လက်ရည်တပြင်တည်း
ရှေးကထက် ပိုချစ်ကြတယ်.......။
အမေငယ်စဉ်က အလွန်ဆင်းရဲသည်။
ပိုက်ဆံ ငါးမူး (ပြားငါးဆယ်) ရဖို့အရေး
ထန်းလျှက် (ထန်းညက်)သည် နောက်မှ
လိုက်၍ တောင်းရွက်လိုက်ရသည်။
"ငါငယ်ငယ် 12နှစ် 13နှစ် အရွယ်ကပေါ့
ပိုက်ဆံရချင်တာနဲ့ အချိန်တစ်ဆယ်ထန်းလျှက်တောင်းကို ခေါင်းပေါ်ရွက်ပြီး ဘူတာကြီးကနေ
ဘုရားကြီးလောက်ထိ ခရီးကို ခေါင်းစပ်နေအောင်း
ရွက်သယ်ရတာ၊ ငွေငါးမူး ရဖို့"
"ဒီအကြောင်းပြောရင်း ခုထိခေါင်းကျိန်းသလို၊
ဈေးသည်ရဲ့နောက်ကနေ တောင်းကြီးရွက်ပြီး
ထန်းတောရှိရာ ထန်လျှက်လိုက်စု ဝယ်ရတယ်။
ထန်းလျှက်တွေ ဝယ်စုပြီးရပြန်တော့ ပြန်ပြီး
ရောင်းရအောင် တောင်းရွက်ပြီး လိုက်ရောင်း
ရပြန်ရော၊ အင်း ဘဝတွေ ပင်ပန်းခဲ့ရတယ်"
" အခုတော့ သားသမီးတွေကျေးဇူးကြောင့်
အေးအေးချမ်းချမ်း မပူမပင် စားသောက်ရတယ်၊
သာဓု သာဓု သာဓုပါကွယ်"
@htwegyi
30-5-2020
ရာသီစာလေး ပေါ်လာပြီဆိုတော့ စားရပေဦးမယ်ပေါ့ဗျာ
ဒါပေါ့ ဒါပေါ့
နေတတ်ရင် ကျေနပ်စရာ ဆိုပေမယ့် ဘဝဘဝတွေက.....
ဘုံဘဝ အထွေထွေ က ပြခဲ့ရတာပ။
ဘ၀တွေ... အမေတို့ခေတ်က အကြောင်းတွေပြန်ပြောပြရင် ဒီခေတ်ပင်ပန်းကြတယ်ဆိုတာ
ရယ်စရာကိုဖြစ်လို့ဗျာ။
ဟုတ်သဗျို့ ဘာမှကို မဟုတ်တာ။
ဖြတ်လမ်းက လိုက်ချင်စိတ်က များနေကြတယ်။
ရန်ကုန်မှာ ဝယ်မရဘူးကော... စားချင်တယ်...
နုနုဖတ်ဖတ် ချိုချိုလေး ရေခဲသေတ္တာထဲ ထည့်စားလို့ကတော့
အဲရစ်ရန်း စကားအတိုင်း လျှာလေမုန်တိုင်း တိုက်သွားမယ် 😁