ထူးဆန်းသွားလား။

in HIVE-MYANMAR2 years ago (edited)

img_0.7621092795142147.jpg

ကျွန်တော်တို့ရပ်ကွက်က ရေပေးရေးမရပါ။
မရဆို ကိုယ်နေတဲ့အရပ်က သူဌေးများသကိုး။
ကိုယ်တွေသာ မပါထာ။ ဂျပန်အကူအညီနဲ့
ရေပေးဝေတာ ရပ်ကွက်လူကြီးက မည်သို့
လုပ်သည်မသိ တလမ်းကျော်က အိမ်များ
ရေရပြီး ကိုယ်တွေ အုပ်စုသာ မရခဲ့ပါ။

ယခု အိမ်ရှေ့လမ်းသို့‌ မြေများလာတူးသည်။
မြေတူးသူများကို ဘာအတွက်တူးသလဲဟု
မေးသည့်အခါ ရေပိုက်မြုပ်ဖို့ဟု ပြောသည်။
ရေပိုက်မြုပ်သည်ဆိုတော့ ရေပေးရေး
ကဟုထင်ပါသည်။ ကျွန်တော်ယခင်က
ပိုစ့်ရေးခဲ့သလို မန္တလေးမြို့သစ် ကို ရေ
ဖြန့်ဝေမှသာ မြေအောက်ရေ ထုတ်ယူမှု
နည်းပေမည်။

နို့မို့ အဝီစိတွင်းများက ဆယ်ပေ၊ ဆယ့်ငါးပေ
ပတ်လည် တူးနေကြသည်။ သုံးဆယ်အတွင်း
တူးသည်များလည်းရှိသည်။ အဝီစိတွင်း
တူးမှုကြောင့် မြေနိမ့်ကျွံခြင်းမှ ကာကွယ်ရန်
ဂျပန်အကူအညီဖြင့် ရေပေးသည်ဟု
သိရှိရသည်။ ယခင်က ရေပေးဝေမှုတွင်
မရခဲ့သော ကျွန်တော်တို့ကို ယခုအခါ
လာရောက်ပေးခြင်းဖြစ်ပေမည်။

ယနေ့ အိမ်ရှေ့မှာ မြေတူးသူက အမျိုးသမီး
ဖြစ်နေသည်။ ထိုကြောင့် အနည်းငယ်
ထူးခြား၍ ထရံကြားမှ ချောင်း၍ ဖုန်းဖြင့်
ဓာတ်ပုံရိုက်ရသည်။ မမြင်အောင် ပုန်းကာ
ဝှက်ကာရယ် ဆိုသလိုပ။ မြင်သွားရင်
အပြောခံထိမလား၊ သေချာရိုက်ပါကလည်း
မကောင်းတော့ ဝင်းအတွင်း ထရံ‌ပေါက်
ကြားမှ ရိုက်လိုက်သည်။

မိန်းမသား ဆိုပေသိ သန်တုန်း မြန်တုန်း
အရွယ်ဆိုတော့ မြေတူးနိုင်သည်။
သေချာစုံစမ်းကြည့်မှ မိသားစုလိုက်
လာတူးကြခြင်းဖြစ်သည်။ ခဏနေတော့
သူ့ မိသားစုရောက်လာကာ ဝိုင်း၍တူးကြ
သည်။ လူအများဆိုတော့ ခဏနှင့် မြေတူး
တာ ပြီးစီးသွားလေသည်။

@htwegyi
29-9-2022

Sort:  

Please !hiqvote

Loading...

ရေ ရတေ့ာမယ်ပေါ့
!pizza

ဒါပေါ့။

Yay! 🤗
Your content has been boosted with Ecency Points, by @htwegyi.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

တကယ့်ပုံကောင်းလေးတပုံပါ။ သွားပြီးတော့ စကားစမြည်း ပြောကြည့်ရင်ဖြင့်... ခန်းဆက် ဆောင်းပါး တွေ အတော်လေး ရပါလိမ့်မယ်။ !PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(1/10) tipped @htwegyi (x1)

Please vote for pizza.witness!