ကျွန်တော်နှင့်ဂွဈေး ( အပိုင်း-၃ ) ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ ။ ဟုတ်ကဲ့ မပြီးပြတ်သေးသော ဂွဈေးသွားသည့် အကြောင်း ဆက်ကြပါအုံးစို့။ ဆိုခဲ့သည့် အတိုင်း သားငါးရောင်းသည့် နေရာတွင် အသားငါးများ အတော်လေး စုံစုံလင်လင်တွေ့ရ၏။ ပင်လယ်ငါး များကလည်း အရောင်အသွေးစုံလင်စွာ။ အကောင်ကြီးလည်းရှိ၏။ အကောင်သေးလည်းပါ၏။

အချို့ငါးများမှာ အမည်ပင် မခေါ်တတ်။ လတ်လတ် ဆတ်ဆတ် ကင်းမွန် ကြီးများလည်း တွေ့ရ၏။ ကင်းမွန်အား ရေနွးဖျောပြီး သုပ်စားလျင် အလွန်စားကောင်း၏။ အနည်းငယ်ညှီနံ့ရှိ၍ သံပယိုရည်ဖြင့် အလျင် ဆေးကြောသင့်၏။ ကင်းမွန်အား ပြည်ကြီးငါး ဟုလည်း ခေါ်ကြ၏။ အရောင်းအသွေး စုံလင်သော ပင်လည် ဂဏန်းများအားလည်း တွေ့ရ၏။

ဤ ဂဏန်း များအား တွေ့၍ စင်္ကပူ တွင် သူဌေးသား ဝယ်ကျွှေးသော အလားစကား ဂဏန်းချက်အား သတိရမိ၏။ အလစကား ဂဏန်းကာ ထမင်းစား ပန်ကန်လောက်ရှိကာ သူ၏ ခြေလက်များကာ လူကြီး ခြေမလောက် လုံးပတ်ရှိ၏။ ဂဏန်း လက်များကာ ၂ ပေနီးပါးရှည်၏။ အလွန်စားကောင်း၏။

သို့သော် တကောင်လျင် စင်္ကပူ ဒေါ်လာ ၂၀၀ ကျော်ပေးရ၏။ မြန်မာငွေဖြင့် တွက်လျင် တကောင် ၂ သိန်းကျော် တန်ကြေးရှိ၏။ သူများ ဝယ်ကျွေးသောကြောင့်သာ စားရခြင်း ဖြစ်၏။ မိမိ ကိုယ်တိုင်ဝယ်စားလျင်ကာ ကဏန်းတကောင်ဖြင့် တလစာ မီးဖိုချောင်စရိတ် ကိစ္စပြတ်မည့်သဘောဖြစ်၏။ ရှိစေတော့။ ဤ အလာစကား ဂဏန်းအား ကော်မန့်တွင် ဖေါ်ပြထားပေးပါသည်။

ထို ငါးသည်၏ ဘေးတွင်ကာ ကြက်သားသည်ရှိ၏။ CP ကြက် ဗမာကြက် မျိုးစုံစွာရနိုင်၏။ ကြက်ရင်ပုံအား တခုလျင် ၁၀၀၀ ကျပ်ဖြင့် ရောင်းနေ၏။ ကြက်သား ခုတ်နေသော အမျိုးသားကာ ကွမ်း တဖွတ်ဖွတ်ဝါးရင်း ကြက်သားအားကျင်လည်စွာခုတ်နေ၏။ မိန်းမတယောက်ကာ ကြက်အူများ ဝယ်နေ၏။ တုတ်ထိုး လုပ်ရန်ဟူလို။

ကြက်သားသည်ဘေးတွင်ကာ ရေချိုငါးရောင်းသော ငါးသည်ရှိ၏။ ငါးကြင်းဖြူအကောင်လိုက် ချိန်နေသည်ကို တွေ့ရ၏။ ငါးမြစ်ချင်းလည်းရှိ၏။ ငါးမြင်းလည်း တွေ့ရ၏။ ဤ ငါးမြင်းခေါင်းကြီးအား ထက်ခြမ်းခွဲကာ ပျဉ်းမနား မြစ်ချဉ်ဖြင့် ချက် ထို့နောက် ငရုတ်သီးစိမ်း ထည့်ကာ ပင်စိမ်းအုပ်လိုက်လျင်ဖြင့် ထမင်း ၃ ပန်ကန်လောက် ချောနိုင်မည် ဖြစ်၏။

ငါးမြင်းဘေးတွင်ကာ ပုဇွန်ထုပ်ကြီးများပုံနေ၏။ ယခင်က အိတ်စပို့ လုပ်သော ပုဇွန်ထုပ်များကာ ယခု ဝယ်ယူသူ မရှိတော့၍ထင် ဈေးအတွင်းသို့ ရောက်လာပြီ ဖြစ်၏။ ပုဇွန်ထုပ်ကြီးများကာ တကောင်လျင် ၁၅ ကျပ်သားခန့်ရှိ၏။ ပုဇွန်ထုပ်ဆီပြန်ဟင်းအား ရွှေဘို ပေါ်ဆန်းမွှေး ထမင်းပူပူ ဖြင့် စားလိုက်ရလျင်ကာ သကြားမင်း စည်းစိမ်ရသည် ကဲ့သို့ ဖြစ်မည်ထင်ပါ၏။ သူဌေးစာ ဖြစ်သောကြောင့် မိမိကာ ထိုပုဇွန်ထုပ်အားကြည့်ရုံသာ ကြည့်ခဲ့၏။ အမှန်ဆိုရလျင် ကျွနုပ်ကာ ယခုအချိန်ထိ ပုဇွန်ထုပ် ဆီပြန်ဟင်း မစားဘူးပါ။

ထို့နောက်တော့ သားငါးတန်းမှ ဗဟိုလမ်းမ ဘက်သို့ ထွက်လာလိုက်တော့၏။ ဗဟိုလမ်း ပလက်ဖေါင်း ပေါ်တွင်ကာ ပန်းရောင်းသူတို့ အစီအရီ။ လမ်းတလျှောက် ပန်းခင်း ထားသည်နှင့်ပင် တူသေး၏။ ပန်းမျိုးစုံလင်လှ၏။ ထို့နောက်တော့ ဟင်းသီးဟင်းရွက် သီးနှံများ ရောင်းသော ဘက်သို့ လျှောက်လာမိ၏။

ဟင်းရွက်သည်တို့ကာ တကြော်ကြော်ခေါ်နေကြ၏။ ဆိုင်တဆိုင်တွင် အရွက်မျိုးစုံလင်စွာတွေ့ရ၍ လှန်လှော်ကြည့်မိ၏။ ဈေးသည် အန်တီကြီးကာ " အရွက်တွေ အကုန်လတ် တယ် မလတ်တာဆိုလို့ ကျွန်မ ပဲရှိတယ်" ဟူလို။ဟင်းရွက်များကာ မျိုးစုံလင်လှ၏။ ရှားနံနံလည်း တွေ့၏။

ဖက်ဖယ်ရွက်ဟုခေါ်သော ကချင်လူမျိုးတို့၏ ဟင်းရွက်ကို တွေ့ရ၏။ ဤအရွက်သည်ကာ ကချင်လူမျိုးတို့ သားငါးချက်ရာတွင် မပါမဖြစ် အရေးကြီးသော အရွက်ဖြစ်၏။ ဝက်သား သုံးထပ်သားအား လက်တောက်ခန့် အတုံးသေးသေးလေးများ တုံးပြီးသော် ဇလုံထဲတွင်ထည့် ။

ထို့နောက် ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ငရုတ်သီး ထောင်းထည့် ။ စီချွမ်း ငရုတ်ကောင်းဟုခေါ်သော မက်ခါ သီးထောင်းထည့်။ မှည့်လိမ် သီးအား ရေစိမ်ထားသော အရည် အနည်းငယ်ထည့် ။ ဆား ဆနွင်းထည့် ၊ အချို အဖြစ် ဟင်းခတ်မှုန့် အနည်းငယ်ထည့် ထို့နောက် ဖက်ဖယ်ရွက်ထည့် ကာ သမအောင် နယ်ဖတ်ကာ ထိုဝက်သားဟင်းနယ် အား ဖက်ဖြင့် သေချာထုတ်၍ ဝါးစိမ်း အတွင်းသို့ထည့် ။

ထို့နောက် ထိုဝါးစိမ်းအား မီးကင်လိုက်။ ဝါးစိမ်း အပြင်ဘက် မီးတူးသွားလျင် ထိုဝါးစိမ်းအား ဓားဖြင့် ခွဲကာ အထဲမှ ကချင် ဝက်သား ဝါးစိမ်းပေါင်းအား မွှေးကြိုင်သော ရနံ့ နှင့်အတူ အရသာ ရှိစွာ သုံးဆောင်နိုင်ပြီ ဖြစ်၏။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

02/06/2021 - Wednesday - 09;50 Am

Sort:  

ဟိ သများဆီမှာ စုံနေတာဘဲ စားစရာတွေ


Posted via proofofbrain.io

ဗိုက်ဆာနေပြီဟုတ်..?

ဟုတ် 😊😊😊

ဟင်းချက်နည်း အမယ်စုံ ချက်ပြီး မျှဝေပေးပါဗျို့။

ဟုတ်ပါ့။ နောက်မှ ချက်ပြီး Foodie ထဲ တင်ဦးမှပါ။

ဂွစျေးကတော့ အတော်စုံသဗျာ။ ကျွန်တော်တို့ ပြင်ဦးလွင်
အနီးစခန်း စျေးကတော့ သိပ်မစုံဘူး။ ဒါပေသိ အနီးနားက ရွာတွေမှာ
စျေးမရှိလို့ စည်ကားပါတယ်။ Sunday စျေးရက်မျိုးဆိုရင်တော့
ဘေသည်တွေ ပေါသဗျာ။ လူကြီး၊ လူငယ်၊ လူပျို၊ အပျို၊ ကလေး၊ ခွေး အယ်
ခွေးတော့မပါဘူးပေါ့ ခွေးတွေက ဘုန်းကြီးကျောင်းမှာ နပ်နေကြတာ😁။
အကုန်လုံး အဲ့ အဝတ်စား ဘေထုတ်ကြီးကို ရွေးနေကြတာ။
တခါတလေ ကိုယ်တောင်ပါသေး။

!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza

အနီးစခန်းက ဈေးက ဟိုတခါ ညီလေး ရှမ်းခေါက်ဆွဲ နဲ့ ထမင်းကြော် ရောင်းတဲ့ ဈေးလား..?

အမငီး ဘာစားလို့ စားရမှန်းတောင်မသိတော့ပါဘူးကွယ်ရို့။
ဂဏာန်းကြီး စားဖို့မပြောနဲ့ ခုမှ မြင်ဘူးတာ။

ဟုတ်ပေါ့ ဂဏန်းကြီးက ဂြိုလ်သားကြနေတာပဲ😁

!PIZZA

Connect

Trade


@htwegyi! I sent you a slice of $PIZZA on behalf of @myanmarkoko.

Learn more about $PIZZA Token at hive.pizza

အဆင်ပြေတာတခုခုစားလိုက်ပေါ့။ ဂဏန်းကတော့ တကောင် ၂ သိန်းကျော်တည်းပါ။

3467.jpeg

အလက်စကား ကဏန်း