Cryptocurrency ခရီးမနီးပါ ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ ဂွဈေး အကြောင်း တော့ နားလိုက်ကြပါအုံးစို့။ cryptocurrency ဘက် တကြော့ပြန်လည့် ကြရအောင်။ ကျွန်တော်တို့ Hive ကတော့ ၄၀ ကျော် HBD ကတော့ ၁ ဒေါ်လာကြားတွင် ဈေးငြိမ်နေပြီ ဖြစ်ပါသည်။ ယခုတလော cryptocurrency ဈေးများကလည်း အတက်ဘက်သို့ ပြန်လည် ဦးမော့လာနေယောင် တွေ့နေရပါသည်။

Cryptocurrency ကလည်း လှုပ်လှုပ် ကျွန်တော်တို့ကလည်း တလုပ်လုပ်ပေါ့။ ယခုတော့ hive အပြင် နောက်ထပ်လုပ်စရာ Torum ဟူသော platform အသစ် တခုတိုးလာနေပြီ ဖြစ်ပါသည်။ Torum အကြောင်း ကတော့ မနက်ဖြန် Post အပြည့် အစုံ တင်ပေးမည် ဖြစ်ပါသည်။ White paper အား သေချာဖတ်ပြီး အချက်အလက်များ စုဆောင်း၍ မပြီးသေးသော ကြောင့် ဖြစ်ပါသည်။

မနေ့ကတော့ Pizza နှင့် Creative coin အကြောင်း update တင်ထား သည်ကို တွေ့ရပါသည်။ Pizza ကတော့ အထူးပြောစရာမလိုပါ။ မကြာခင် Pizza လည်း staking လုပ်၍ ရတော့မည် ထင်ပါသည်။ Creative coin ကတော့ ထူးခြားပါသည်။

Creative platform ပိုမို အောင်မြင်လာစေရန် အတွက် Creative Fund ဟူသော coin အသစ် ထွက်လာမည် ဖြစ်ပါသည်။ ဤ CCCF မှာ CCC power ရှိသလောက် CCCF ရရှိနိုင်မည် ဖြစ်ပါသည်။ ဤသတင်း တက်လာပြီးနောက် CCC လည်း ဈေးတက်သွားပါတော့သည်။ ယခင်က 0.002 hive သာ ဈေးပေါက် နေရာမှ ယခု တော့ 0.007 အထိ ဈေးတက်သွားပြီ ဖြစ်ပါသည်။

ဈေးတက်လာလေ ကျွန်တော်တို့ အတွက် ကောင်းလေပင်ဖြစ်ပါသည်။ Hive မှ project များ အောင်မြင်လေ ကျွန်တော်တို့ အတွက် အကျိူးများလေသာ ဖြစ်ပါသည်။ စာရေး post တင်ရင်း ရသည့် အကျိုးအမြတ်မို့ မိမိတို့အတွက်တော့ နည်းသည် များသည် မဆိုသာ။ ရလျင် ရသလောက်ယူထားရမည်သာ ဖြစ်ပါသည်။

Hive platform ကလည်း အဆင့် မြှင့်တင်ဖို့ ကြိုးစားနေပါသည်။ ၂၀၂၂ ခန့်တွင်တော့ ကျွန်တော်တို့ အတော်လေး ခရီးပေါက်နေလိမ့်မည်ဟု မျှော်လင့်ပါသည်။ မိတ်ဆွေတို့ အနေဖြင့်လည်း power နည်းသည် ရသည့် အကျိုးအမြတ် နည်းသည်ဟု အားမပျက်စေလိုပါ။ တကယ်တော့ ဤ cryptocurrency ခရီးသည် မနီးပါ။

ခရီးရှည် ဖြတ်သန်းရင်း ရသလောက် ခရီး ဆက်သွားရမည်ဖြစ်ပါသည်။ မိမိ ရပ်လိုက်လျင် ရပ်သည့်နေရာ တွင်ကျန်ရစ်နေပါလိမ့်မည်။ ဤ ခရီးတွင် လမ်းခုလတ်တွင် ရပ်လိုက်ကြသော ကျွန်တော်တို့ မိတ်ဆွေဟောင်း များမှာ ကျွန်တော်တို့နှင့် အတော်လေး အဆက်ပြတ်သွားခဲ့သည်ကို မိတ်ဆွေတို့အားလုံး သိပြီး ဖြစ်ပါသည်။

ထို့ ကြောင့် ကျွန်တော့ မိတ်ဆွေများကလည်း အားတင်းထားရင်း ဤခရီးအား တရက်ပြီး တရက် မနားတမ်း ဆက်လျှောက်စေချင်ပါသည်။ ဤ ခရီးတွင် အောင်မြင်မှု ပန်းတိုင်ဆိုသည်မှာ လမ်းဆုံးတွင် ရှိသည်မဟုတ်ပါ။ လမ်းလျှောက်နေရင်း ခရီးသွားနေရင်း လမ်းခုလတ်တွင် တွေ့ရသည့် အသီးအပွင့်များအား စားသောက်ရခြင်းက မိမိတို့ အောင်မြင်မှု ဖြစ်ပါသည်။

မိမိရပ်လိုက်လျင် ရှေ့တွင် ရှိနေသော အခြားအခြားသော အောင်မြင်မှု အသီးအပွင့်များ နှင့် လက်လွတ်သွားမည် ဖြစ်ပါသည်။ Cryptocurrency တွင် ရှေ့သွားနှင့် တူတို့က အောင်မြင် မှု အသီးအပွင့် ကြီးကြီးမားမား ခူးဆွတ်စွားကြပြီး ဖြစ်ပါသည်။

သို့သော်လည် ကျွန်တော်တို့ကဲ့ သို့ နောက်မှ လိုက်လာသူများအတွက်လည်း အသီးအပွင့်များ ကျန်ပါသေးသည်။ Cryptocurrency ခရီးသည် ရှေ့ဆက်သွားလေလေ မိမိ လက်တံရှည်လာလေလေ ဖြစ်ပါသည်။ မိမိလက်တံရှည်လာသည့် အလျောက် ခူးဆွတ်နိုင်သော ပမာဏလည်း ပိုများလာမည်သာ ဖြစ်ပါသည်။ ဤ ခရီးမနီးပါ။ မနားတမ်းလျှောက်နိုင်ဖို့သာ လိုပါသည်။

Henry Aung ( Kachin )

04/06/2021 - Friday - 10;10 Am

Sort:  

Crypto ခရီးက သွားသလောက် ရောက်နေပါသည်။
ပန်းတိုင်သည်ကား မိမိတို့ သတ်မှတ်သည့် ပမာဏသာ ဖြစ်ပေမည်။
ချောမွေ့ ဖြောင့်ဖြူးလှသော လမ်းတော့ မဟုတ်။
အကွေ့အကောက် ခလုပ်ကန်သင်းတော့ ရှိမည်။
ဇွဲသန်ဖို့တော့ အရေးကြီးသည်။

မူးစု .. ပဲစု .... ရသလောက်စု နေသူတို့ ပိုသိပါတယ်... အဓိက ရှေ့ဆက် လျှောက်နေဖို့ပါ... အသီးအပွင့်တွေက လမ်းခုလတ်မှာပါ။

မိုးရေပေါက်ကလေးေတွ ဖလားခွက်နဲ့ ကောက်ယူရမှာပဲ အကို

အစ်ကိုလည်း အဲဒီလိုပဲ လျှောက်ခဲ့ရတာပါ.... ၅ နှစ်ဆိုတဲ့ ခရီးက မနီးပါဘူး....

Hive မှာ ၅ နှစ်လား အကို

Hive က ၂၀၂၀ တုန်းကမှ Steemit က ခွဲထွက်သွားတာ။ Steemit ကို ၂၀၁၆ ကတည်းကနေ လုပ်နေတာ။ ခု ညီလေး လိုပေါ့ ။ Power သုံည ကနေစခဲ့တာ။

ဟုတ်ကဲ့အကို

တဖြည်းဖြည်းချင်း တလှမ်းချင်း မှန်မှန်လေး လျှောက်သွားနေတာလေ
တစ်နေ့ ပန်းတိုင်းက လှမ်းကိုင်ဖို့နီးလာပါပြီ။

ကိုင်ကို ကိုင်ရမယ်ဟေ့..... ကိုင်ကိုကိုင် ရမယ်.... ပန်းတိုင်ကို....

ကိုဟင်တို့ ရထားခေါင်းကြီးတွေ ခုတ်မောင်းနေတော့မှဖြင့် ကပ်လျက်ရှိတဲ့နောက်တဲွလေးတွေလည်း အရှိန်မပျက်တော့..ပိုပီးခရီးပေါက်နေရော

Posted Using LeoFinance Beta