နေ့ရက်တိုင်းအတွက် Cryptocurrency ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့်ယခုတလော Cryptocurrency အကြောင်းအရာများသာ ရေးသားရန် အားသာ နေသည် ဖြစ်ရာ ယနေ့လည်း Cryptocurrency အကြောင်းသာ ဆက်ကြပါအုံးစို့။ ယခုတလော ကျွန်တော်တို့ Torum နှင့်ပတ်သက်ပြီး အခြားသော Cryptocurrency များ ဆက်စပ် ရှာဖွေနေသည် ဖြစ်ရာ ယနေ့တော့ မရှိမဖြစ် METAMASK နှင့် Binance Smart Chain အကြောင်း ဖေါ်ပြပေးပါမည်။

METAMASK ကတော့ Wleo နှင့် ပတ်သက်ပြီး အားလုံးသိကြမည် ဖြစ်ပါသည်။ METAMASK သည် Airdrop ရှာဖွေနေသူများ အတွက် မဖြစ်မနေရှိထားရန် လိုအပ်ပါသည်။ ယခင်ကတော့ ERC 20 token Airdrop များသာရှာဖွေခဲ့ရမှ ယခု တော့ BEP-20 token Airdrop များလည်း ရှာဖွေနိုင်ပြီ ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း METAMASK အကောင့် ဖွင့်နည်းတော့ အားလုံး သိကြမည် ဖြစ်ပါသည်။ password နှင့် စာလုံး ၁၂ လုံးအား သေချာ ရေးမှတ်ထားရန် လိုပါသည်။ မိမိ၏ METAMASK ကို ဖွင့်လိုက်ပါ။ မိမိ အကောင့် တွင် Ethereum Mainnet ဟူ၍ တွေ့ပါလိမ့်မည်။

SC01.png

ဤသည်မှာ ERC-20 နှင့် ဆိုင်သော token များ အတွက်ဖြစ်ပါသည်။ ပိုမို သေချာစေရန် မိမိ အကောင့်ဘေးနား တွင် connected ဟူသော မီးစိမ်း လင်းနေရမည်ဖြစ်ပါသည်။ Account 1 / account 2 မိမိကြိုက်သလောက် အကောင့် ဖွင့်နိုင်ပါသည်။

Add token ဟူသော နေရာ နှိပ်လိုက်လျင် contract address / Token Symbol / Decimal အစရှိသော အကွက်များ ပေါ်လာပါလိမ့်မည်။ မိမိ Airdrop ၏ contact address ထည့်ကာ Airdrop claim လိုက်ယုံသာ ရှိပါသည်။

ဤသည်က ERC-20 အတွက် ဖြစ်ပါသည်။ Binance ၏ BSC ကတော့ ပို၍ လွယ်ကူပါသည်။ အပေါ်တွင် ပြထားသော Ethereum Mainnet အစား Binance Smart Chain Mainnet အား ပြောင်းလိုက်ပါ။ ဤသို့ ပြောင်းလိုက်သည်နှင့် မိမိသည် Binance smart chain wallet သို့ ရောက်သွားပြီ ဖြစ်ပါသည်။ Account ကတော့ မိမိအလိုရှိသလို Account 1 / account 2 ကြိုက်သလို ဖွင့် နိုင်ပါသည်။

SC02.png

SC03.png

မိမိ wallet Address ရယူရန် မိမိအကောင့်အား ထောက်လိုက်လျင် Address ပေါ်လာပါလိမ့်မည်။ Add token ဟူသော နေရာ နှိပ်လိုက်လျင် contract address / Token Symbol / Decimal အစရှိသော အကွက်များ ပေါ်လာပါလိမ့်မည်။ မိမိ Airdrop ၏ contact address ထည့်ကာ Airdrop claim လိုက်ယုံသာ ရှိပါသည်။

SC04.png

ရရှိလာသော Airdrop သည် မိမိ BSC wallet တွင် ချက်ချင်းလာပေါ်မည် ဖြစ်ပါသည်။ ဤ မျှလောက်ဆိုလျင် BEP-20 Airdrop Claim လုပ်ရန် မည်မျှ လွယ်ကူသည်ကို တွေ့ရပါလိမ့်မည်။ မိတ်ဆွေ တို့ အနေဖြင့် BEP-20 Airdrop များ ရှာဖွေလိုလျင် ကော်မန့်တွင် လင့်များ ချထားပေးပါသည်။

Airdrop များရယူရန် အတွက် မိမိတွင် Telegram/ Tweeter/ Facebook/ Reddit/ Medium / Discord / YouTube စသည် အကောင့် များလိုအပ်ပါသည်။ အချို့ Airdrop ကတော့ YouTube အကောင့် မတောင်းပါ။ အချို့ ကတော့ အစုံအလင် တောင်းပါသည်။ Airdrop အားလုံးနီးပါက Telegram မှ စတင်ခြင်း ဖြစ်ပါသည်။ Airdrop link များအား ကော်မန့်ထဲတွင် ရယူနိုင်ပါသည်။ အဆင်ပြေလိမ့်မည်ဟု ယုံကြည်ပါသည်။

Henry Aung ( Kachin )

08/06/2021 - Tuesday - 13;12 Pm

Sort:  

Airdrop တွေများကြီးပဲ။ ခုဘေလ်နဲ နေသေးလို့
ဘေလ်ဖြည့်ပြီး ရှယ်လုပ်တော့မယ်ဗျာ။

ရသလောက်ယူထား။ နည်းသည်များသည် မတွက်နဲ့ ။ ဈေးကွက်ထဲ ရောက်တာနဲ့ ပိုက်ဆံရပြီလို့သာ မှတါလိုက်တော့။

ကျနော့ဆီမှာ binance smart chain မပေါ်ဘူး ဘာများလိုနေသေးလို့လည်းမသိဘူး
D0EB841A-BD66-4870-966C-65A9EF8173D4.png

ဟုတ်တယ် ကိုရှိန်းသူ နက်ဖြန်ကြရင် BSC wallet နဲ့ ချိတ်ဆက် နည်း အပြည့် အစုံ တင်ပေးပါ့မယ်...

တော်ပြီလေ ရွာလည်နေပါပြီး။ သိတော့ သိထားရတာပ။
Hive မှာစာရေးဖို့တောင် မနည်းအားစိုက်နေရတာ။
လိုက်မှီဖို့ မနည်းလိုက်ရတာ မျက်စိတွေပြာလာပေါ့။
သေချာပြောပေး ရေးပေးသော ကိုဟင်
ကျေးဇူးပါ။

ကွန်ပြူတာရှိရင်တော့ အတော်လေး လွယ်တဲ့ သဘောရှိတယ်။ ဖုန်းနဲ့ ဆိုရင်တော့ မသက်သာလောက်ဘူး။ ဟိုဝင်ရ ဒီထွက်ရ link ယူရ နဲ့။

Airdrop တွေ များလှချည်လား။
လုပ်အားပြီး တကယ်ရရင်တော့ ရှယ်ပါ့။
ဈေးကောင်းမကောင်းထက် ရဖို့က ပထမပဲ ဟဲဟဲ။
!PIZZA

Connect

Trade


@kachinhenry! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (3/10)

ကျွန်တော်လည်း အချိန်ရနေလို့ လုပ်ထားလိုက်တာ။ ဘယ်လောက်ရမယ်တော့ မသိသေးဘူး။

ကျွန်တော် မေ့သွားတယ်။ METAMASK ထဲကို Binance Smart Chain Network ထည့်ပေးနည်း ကို ရေးဖို့ မေ့သွားတယ်။ နက်ဖြန်မှ အသေးစိတ် ရေးပြပေးပါ့မယ်။ ဒါမှမဟုတ် အရမ်းသိချင်တယ်ဆိုရင်တော့ YouTube ကနေသာ ရှာကြည့်ပေတော့ဗျို့။ How to Connect Metamask with Binance Smart Chain.....

ဟုတ် ကြည့်လိုက်ပါအုံးမယ် အကို
ကျေးဇူးပါခမျ...

Loading...

Air dopsသေချာ လိုက်ကောက်ရမယ်