Cryptocurrency စွဲလမ်းမှု ( Henry Aung )

in HIVE-MYANMAR3 years ago

111.jpeg

မင်္ဂလာပါ။ တနေ့တာလုပ်ငန်း မစခင် ဘာရယ်မဟုတ် Computer အရင်ဖွင့်ပြီး Hive အခြေအနေလေးကြည့် cryptocurrency အခြေအနေလေး ကြည့်လိုက်ရမှ နေသာထိုင်သာ ရှိသော ဘဝ မှာ အနေသားကျလာသည် မှာ အတော်ကြာပြီ ဖြစ်ပါသည်။

ဒီနေ့လည်း ဘာရယ်မဟုတ် Hive ဈေးလေး ကြည့် လိုက်တော့ တက်တော့မယောင် တွေ့နေရပါသည်။ တက်နေပြီ မဟုတ် တက်တော့မယောင် ဖြစ်ပါသည်။ ဘယ်အချိန် ပြန်ကျသွားမည် မသိသေး။ Leo token ကတော့ ဈေးတက်လာပါသည်။ ယခု အခြေအနေတွင် 1 Leo token အား 2 Hive ဈေး ပေးဝယ်နေရပြီ ဖြစ်ပါသည်။

Leo token ထပ်စုရန် Blurt ထုတ်ရောင်းမလား ကြည့်လိုက်တော့ Blurt ကလည်း ဈေးတွေ ကျနေပြန်ပါသည်။ ဒီ အတိုင်းပဲ ထားလိုက်ပါအုံးမည်။ Cryptocurrency နှင့်ပတ်သက်၍ ငွေ ရှိသူများကတော့ ရှိသလို ဝင်ငွေလည်း ကောင်းနေကြပါသည်။

ယခုတလော ခေတ်စားလာသည် DiFi တွင် Eth ရင်းနှီးမြုပ်နှံမှုမှာ ဒေါ်လာ ၁၄ ဘီလီယံ အထက်တွင်ရှိနေပြီဟု သိရပါသည်။ ငွေရှိသူတို့က ငွေဖြင့်ရင်း၍ ငွေရှာကြသည်မှာ အားရစရာ။ ကျွန်တော်တို့ကတော့ အားကျနေရုံသာ။ အမှန် ဆိုရလျင် အခြားသူများ အတွက်တော့ မသိပါ။ ကျွန်တော့ အနေဖြင့်တော့ Cryptocurrency လောကသို့ ဝင်လာသည်မှာ မိမိ ငွေရင်း စိုက်စရာမလိုပဲ ပုံမှန် ဝင်ငွေလေး ရနိုင်သော အခြေအနေ ကြောင့် ဖြစ်ပါသည်။

Bitcoin / Eth စုထားလျင် လည်း ဖြစ်ပါသည်။ ဈေးတက်၍ ထုတ်ရောင်းလိုက်လျင် အမြတ်ရပါသည်။ သို့သော် နောက်ထပ် အမြတ်ရရန် အတွက် ဈေးကျချိန်တွင် ထပ်မံဝယ်စုရမည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ထိုသို့ ပြုလုပ်ရသည်ကို သဘောမကျပါ။

ယခု ကဲ့သို့သော မိမိ အရင်း မပျက်စေပဲ ပုံမှန် ဝင်ငွေရနိုင်သော DiFi များ ပေါ်ပေါက်လာချိန်တွင် ယခင်က Bitcoin / Ethereum များ မစုခဲ့သည်ကို အနည်းငယ် နောင်တ ရသလိုတော့ ဖြစ်မိပါသည်။ သို့သော် စိတ်ပျက်ခြင်းတော့ မဖြစ်မိပါ။

မိမိတွင် နေ့စဉ် ပုံမှန်ဝင်နေသော ( အနည်းငယ် ) Hive ရှိသလို Leo နှင့် အခြား Token များလည်း ရှိနေပါသည်။ Cryptocurrency လောကတွင် အရာရာအား အဆုံးအဖြတ်ပေးသည်မှာ အချိန် ဖြစ်ပါသည်။ အချိန် စကားပြောလာသည်နှင့် အမျှ အရှုံးနှင့် အမြတ်စကားပြောပါတော့သည်။

စောင့်စားနိုင်သူတို့ အကျိုးရှိပါသည်ဟု ဆိုသော်လည်း မိမိ ရွေးချယ်သော Cryptocurrency project ခိုင်မာဖို့ရန် အလွန်အရေးကြီးပါသည်။ အမှန်ဆိုရလျင် ကျွန်တော် Cryptocurrency အားထိတွေ့ပြီးနောက် မိမိလက်ဝယ်တွင် Cryptocurrency တမျိုးမျိုး မရှိမှာ အလွန်တွေးပူနေမိပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိတွေ့ကိုင်တွယ်၍ မရသော်လည်း တန်ဖိုး များ ရုတ်တရက် ပြောင်းသွားတတ်သော ထို Cryptocurrency အမည်ရှိသော အရာသည် တခါတရံ မိမိဘဝအား ပြောင်းလည်း စေတတ်သော ကြောင့် ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်မှ စခဲ့သော ကျွန်တော့ Cryptocurrency ခရီးသည် ယခု ၂၀၂၀ အထိ ၄ နှစ်တာကာလ ဖြတ်ကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ဤ ၄ နှစ်တာကာလတွင် ကျွန်တော့ အနေဖြင့် အပြောင်းအလည်း မြန်လွန်းသော Cryptocurrency အခြေအနေများ ကို တွေ့ကြုံခဲ့ရသလို ခိုင်မာသော Cryptocurrency အမျိုးအစားများကိုလည်း တွေ့ခဲ့ရပါသည်။

အစပိုင်း တွင် Cryptocurrency များအား တရားမဝင် သယောင် ၊ ပိတ်ပင်မည့် အရိပ်အရောင်များ ရှိခဲ့သော်လည်း Cryptocurrency သည် တနှစ်ထက် တနှစ် အင်အားကြီးလို့သာ လာခဲ့ပါသည်။ ယခုအချိန်တွင် ကျွန်တော့အား Cryptocurrency မရှာနဲ့တော့ဟု ပြော၍ ရမည်မထင်ပါ။

အဘယ့်ကြောင့် ဆိုသော် ကျွန်တော်ကိုယ်တိုင် စွဲလမ်းနေသော ကြောင့် ဖြစ်သလို မည်သို့ရှာဖွေရမည်ကိုလည်း သိနေသော ကြောင့် ဖြစ်ပါသည်။ လမ်းကြောင်း မသိသော်လည်း သိအောင် လိုက်လံရှာဖွေနေမိပြီ ဖြစ်ပါသည်။ Cryptocurrency သည် ဆက်လက်ရှင်သန်လျက်ရှိသလို ကျွန်တော်လည်း အလိုက်သင့် စီးမျှော နေအုံးမည် ဖြစ်ပါသည်။ သို့ အတွက် ကျွန်တော်ပေးဆပ်ရသည်မှာ တနေ့ လျင် ၂ နာရီ ခန့်မျှ အချိန်ပေးရုံသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

24/11/2020 - Tuesday -10;45 Hrs

Sort:  

ဟုတ်ကဲ့ ရှိသမျှအား​လေးနဲ့
ဆက်လက်က ကြိုးစားသွားပါဦးမယ်။
💪💪💪

ချသာချ... အားပေးတယ်... တနေ့ တနေ့ FB ပွတ်ရင်တောင် အချိန် ပေးရသေးတာပဲ

ကိုဟင်တို့ ကိုဟိန်းတို့ အားကျစရာကောင်းလှပ။
ကိုဒွန်းကလည်း ဇွဲကြီးသူပါ။ အားလုံးပန်းတိုင်ကို
တက်လှမ်းနိုင်ကြပါစေ။

Cryptocurrency ဆိုရင်တော့ တပြားရရ၊ တခြမ်းရရ ရရင် ရသလောက်ယူမှာပဲ

အားရင် အားသလို ဝင်ရောက် လုပ်ကိုင်နိုင်သည့် Online earning ဖြစ်၍ စိတ်ရှည် ဇွဲသန် ရည်မှန်းချက် မှန်မှန် ဖြင့် အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ကြရအောင်လားဗျာ။

Posted Using LeoFinance Beta

လောလောဆယ်အထိတော့ စိတ်မပျက်သေးဘူး.... စိတ်မပျက်အောင်လည်း အမြဲတမ်း မွှေနှောက်ရှာဖွေနေပါတယ်လို့

ကိုယ်တွေကတော့ Cryptocurrencies ကို အရူးအမူး ရှာနေတာပါပဲ။
လူကလည်း အားနေတာကိုးဗျ။

ရှာသာရှာ.... တချိန်ကျရင် ပိုက်ဆံ မြင်ရပါလိမ့်မယ်။