ကျွန်တော်ခရီးသွား - အပိုင်း ( ၁၀ ) ( Henry Aung )

in HIVE-MYANMAR2 years ago (edited)

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ခရီးသွားခြင်း အကြောင်းအား ဆက်ပါအုံးမည်။ ယမန်နေ့ ဆောင်းပါးတွင် Batu Cave ရှိ နတ်ဘုရားများ ဂူ အကြောင်း ဖေါ်ပြပေးပြီး ဖြစ်ပါသည်။ အမှန်တော့ ဤ ဟိန္ဒူ နတ်ဘုရားဂူမှာ အချိန်ပေး၍ လေ့လာလျင် တနေရာတည်း နှင့် ဟိန္ဒူ နတ်ဘုရားများ အကြောင်း အားလုံး သိနိုင်သော နေရာဖြစ်ပါသည်။

ဟာနုမာန် ဂူ နှင့် ဤ နတ်ဘုရားများ ဂူ တို့မှာ ဝင်ကြေး ၅ ရင်းဂစ် ပေးရပါသည်။ တရက်လျင် ခရီးသည်အပေါင်း အနည်းဆုံး ၂၀၀ ခန့်တော့ ဝင်မည် ထင်ပါသည်။ ယခင် ခရီးသွားလုပ်ငန်း ခေတ်ကောင်း စဉ်ကတော့ မည်သို့ ရှိမည် မသိပါ။ ကျွန်တော့ လည်းတောင်အောက်ရှိ ရင်ပြင်သို့ ထွက်လာရင်း မျောက်စာ ကျွေး / ခိုစာ ကျွေးနေသူများအား သွားငေးနေမိပါသည်။

ထိုနေရာတွင် အမျိုးသမီး ပုဝါ ရောင်းနေသော ကုလားမလေး နှင့် စကားပြော ဖြစ်ပါသည်။ အင်္ဂလိပ်စကား ပြော အတော်ကောင်း၍ ကျွန်တော်လည်း မဟေသီ အတွက် ရင်းဂစ် ၂၀ တန် ပုဝါ တထည် ဝယ်လိုက်သော အခါ ကျွန်တော်သိချင်သော Batu Cave အကြောင်း အတော်များများသိရပါသည်။

(Batu Cave သို့ လာလည်ကြသော တရုတ် ဗီယက်နမ် ခရီးသွားများ)

ထို အမျိုးသမီး ပြောပြသည်မှာ သာမန် အချိန်တွင် တရက်လျင် ခရီးသည် ထောင်ဂဏန်းသာ ရှိသော်လည်း ပွဲ တော်ရက် ရောက်လျင် မလေးရှား နိုင်ငံ နေရာပေါင်းစုံ မှ ဟိန္ဒူ ကုလားများ စင်္ကပူနှင့် အခြား နိုင်ငံများမှ ဟိန္ဒူကုလား များ ဘုရားဖူး လာကြသည်ဟု ဆိုပါသည်။

တောင်ခြေ ရင်ပြင် တွင် ခြေချစရာနေရာမရှိ ဘာသာရေးကြောင့် ရောက်လာသည် ဟိန္ဒူ ဘာသာဝင်များ ရှိသလို မီးနင်းပွဲ / ဓါးနင်းပွဲ များ လာကြည့်သည့် ကမ္ဘာလှည့် ခရီးသည်များလည်း အလွန်များသည်ဟု ဆိုပါသည်။

ဟိန္ဒူ နတ်ဘုရားများ ပူဇော်ပွဲကတော့ မိတ်ဆွေတို့ မြင်ဘူးကြမည်ထင်ပါသည်။ ကိုယ်ပေါ်ရှိ အရေပြားများအား အချွန်ဖြင့် ထိုးဖေါက် ထားသူများ လျှာအား ဓါးချွန်ဖြင့် ဖေါက်ထားသူများ ငါးမျှားချိတ် ကဲ့သို့သော ချိတ်ကြီးများဖြင့် အရေပြားများအား ထိုးဖေါက်ထားကာ ပစ္စည်းများ ချိတ်ထားကြသူများ / ဓားနင်း ခြင်း နှင့် မီးနင်းသည်ကတော့ အထွေအထူးပြောစရာ လိုမည် မထင်ပါ။

Batu Cave Original Image Source

Batu Cave Original Image Source

Batu Cave Original Image Source

Batu Cave Original Image Source

ဤ ကဲ့သို့ အထူးအဆန်းများအား လာကြည့် ကြသည့် ခရီးသည်များလည်း မနည်းမနော ရှိသည်ဟု ဆိုပါသည်။ ထို အမျိုးသမီး ပြောပြသည်မှာ ထို ဘုရားပွဲတော်ရက် တွင် လူမည်မျှ များသနည်း ဆိုသော် ထိုအနီးအနားရှိ ပြည်သူများသည် တနှစ်လျင် ထိုပွဲတော်ရက် အချိန်အခါ တခုတည်း အလုပ်လုပ်ရုံ မျှဖြင့် တနှစ်လုံး ထိုင်စား နိုင်ကြသည်ဟု ဆိုပါသည်။

ဈေးရောင်းသူရောင်း / အထည် ရောင်းသူရောင်း / အချို့က အခန်း ငှားစားကြသည်ဟု ဆိုပါသည်။ ဖြစ်လည်း ဖြစ်နိုင်ပါသည်။ ကျွန်တော့ အနေဖြင့် အဘယ့်ကြောင့် ဖြစ်နိုင်သည်ဟု ဆိုရသနည်း ဆိုသော် ကျွန်တော်တို့ ညောင်လေးပင် မယ်တော် ( ကက်သလစ်ဘာသာဝင် တို့၏ မယ်တော် ) ပွဲကာလ တွင် မယ်တော်ဘုရားကျောင်း တဝိုက်၌ နေထိုင်ကြသော ရပ်ကွက်သူ / သားများ အတော်လေး စီးပွားတက်ကြပါသည်။

မြန်မာပြည်အရပ်ရပ်မှ ရောက်လာကြသော ကက်သလစ်ဘာသာ ဝင်ဘုရားဖူး များကြောင့် ထိုမယ်တော်ပွဲတွင် ရေသန့်ဘူး ရောင်းသူများပင် အတော်တွက်ခြေကိုက်ကြောင်း ပြောပြကြပါသည်။ အချို့ကလည်း ဘုရားဖူးများ အတွက် အိပ်ခန်း ငှားစားကြပါသည်။ ဘုရားကျောင်း နှင့် နီးလေ ဈေးပိုကြီးလေ ဖြစ်ပါသည်။ ဤကာစကားချပ်။

( အဝေးမှ မြင်ရသော တောင်ခြေ ရင်ပြင် )


(တောင်ခြေ ရင်ပြင်တွင် ဓါတ်ဖမ်းနေစဉ်)

(တောင်ထိပ်မှ မြင်ရသော တောင်ခြေ ရင်ပြင်)

နောက်တနည်း ဥပမာ ပေးရလျင် မြန်မာပြည်ရှိ ပခန်းနတ်ပွဲ များနှင့် ဆင်တူမည် ထင်ပါသည်။ ကျွန်တော်ကတော့ ပခန်းနတ်ပွဲ သို့ မရောက်ဘူးပါ။ သို့သော် အမေ လုထုဒေါ်အမာရေးသော ပခန်းနတ်ပွဲများ အကြောင်း ဖတ်ကြည့် ၍သာ မည်မျှ လူများကြောင်း သိရခြင်း ဖြစ်ပါသည်။

မလေးရှားရှိ ဟိန္ဒူ နတ်ဘုရားများ အကြောင်း ဆက်ကြပါအုံးစို့။ ဤ Batu Cave တွင် နောက်ထပ်ထင်ရှားသော ဂူတခုမှာ ကောင်းကင်ဘုံ သို့တက်ရာလမ်း ဖြစ်ပါသည်။ ဤ ဂူအား အဘယ့်ကြောင့် ကောင်းကင်ဘုံသို့ တက်လာလမ်းဟု အမည်ပေးရသနည်း ဆိုသော် မတ်စောက်သော ရောင်စုံလှေကားထစ်များဖြင့် အထက်သို့ တက်ကာ ဂူပေါက်သို့ ဝင်ရသော ကြောင့် ဖြစ်ပါသည်။

ကောင်းကင်ဘုံသို့ တက်ရာလမ်း ဟူသည်မှာ ကျွန်တော့ဖာသာ အမည်ပေးထားခြင်း ဖြစ်ပါသည်။ ကျွန်တော်နှင့် မဟေသီကလည်း ထိုလှေကား တက်ဘူးသည်ရှိအောင် တက်ရန် ရည်ရွယ်ထားခဲ့ပါသည်။ အမှန်တော့ Batu Cave ရှိ ဤ ရောင်စုံ လှေကား ထစ်မှာ Tourist Attraction နေရာတခု ဖြစ်ပါသည်။ များသော အားဖြင့် Travel Blogger များ ဓါတ်ပုံ ရိုက်ကြသော နေရာ ဖြစ်ပါသည်။

မီတာ ၃၀၀ ခန့်ရှည်၍ မတ်စောက်သော လှေကား မတက်မှီ လှေကား မုဒ်ဝတွင် ဘုရား ဂေါပက များက စကတ်တိုတို ဝတ်ထားသော အမျိုးသမီး များအား ပုဝါ ဝယ်ခိုင်းကာ လုံချည်ကဲ့သို့ ရစ်ပတ်စေပါသည်။ အဘယ်ကြောင့် ဆိုသော် လှေကား အလွန်မတ်သဖြင့် အောက်မှ မော့ကြည့်လိုက်လျင် စကတ်တိုတို ဝတ်ထားပါက အတိုင်းသား မြင်နေရသောကြောင့် ဖြစ်ပါသည်။

လှေကား အတက်အဆင်း ခရီးသွား အလွန်များပါသည်။ များသော အဖြင့် အနောက်နိုင်ငံသား များဖြစ်ပါသည်။ ကျွန်တော်နှင့် မဟေသီကလည်း ဓါတ်ဖမ်းလိုက် အပေါ်တက်လိုက် ခဏနားလိုက်ဖြင့် နောက်ဆုံးတော့ အပေါ်ထပ် ရင်ပြင်ပေါ်သို့ ရောက်ရပါတော့သည်။

(တောင်ထိပ် လိုဏ်ဂူ အဝင်ဝ မုဒ်ဦးတွင် အမောဖြေ)

(လိုဏ်ဂူ အတွင်း ရင်ပြင်နှင့် နောက်တဆင့် ကောင်ကင်ဘုံ ပေါက်ဝ (အထက်ရင်ပြင် ) သို့ တက်ရန်လှေကား)

ဤ အပေါ်ထပ်ရင်ပြင်မှ လိုဏ်ဂူအတွင်းသို့ ကြည့်လိုက်လျင် ကျယ်ပြန့်သော လိုဏ်ဂူရင်ပြင်အား တွေ့ရမည် ဖြစ်သလို ထို အတွင်းလိုဏ်ဂူ ရင်ပြင်မှ နောက်ထပ် မီတာ ၅၀ ခန့် ထပ်တက်ရသော အထက်ရင်ပြင် ရှိပါသေးသည်။ ထိုအထက်ရင်ပြင်မှာ မီးတောင် ပေါက်ဝကဲ့သို့ အပေါ်သို့ ဒိုရိုပေါက် မြင်ရပါသည်။ဤ အပေါက်ဝ ကျောက်တောင်နံရံ တွင် အပင်များ ပေါက်နေကြကာ အထက် ကောင်းကင်အား လှပစွာမြင်ရပါသည်။

ဤ ကောင်းကင်ဘုံ လှေကား အတက်တွင် မော၍ ခဏခဏ နားရသလို အဆင်းတွင် လည်း မသက်သာပါ။ လှေကား မတ်လွန်းသောကြောင့် လက်ရန်း ကိုင်၍ ဆင်းသော်လည်း တထစ်ဆင်းလိုက်တိုင်း ဒူးက တဆတ်ဆတ် တုန်သွားပါသည်။

ထိုအခါကြမှ ကြောက်ဒူးတုန်သည်ဟူသော စကားအား သေချာ နားလည်လာပါတော့သည်။ ငယ်စဉ်က ဧရာဝတီ ကမ်းဘေးရှိ ညောင်ပင် ထိပ်ဖျားထိ တက်ကာ ဧရာဝတီမြစ်ထဲသို့ ဒိုင်ဗင်ထိုး ချခဲ့သော သကောင့်သား Henry Aung သည် လှေကား ဆင်းရင်း ကြောက်ဒူးတုန်သည်ဆိုတော့...... အသက်ကလည်း မငယ်တော့ဘူးကိုလို့။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

01/10/2022 - Saturday - 18;12 Pm

Sort:  

တစ်ချိန်ချိန်တော့ သွားနိင်အောင်ကြိုးစားရအုံးမယ် !MEME


Credit: memess
Earn Crypto for your Memes @ hiveme.me!

တကယ်သွား လည်သင့်တဲ့ နေရာဒေသပါလို့။ !PIZZA

အ​တော်မတ်​ဆောင်ပုံရတယ်​နော် ​တောင်ကုန်းက
!PGM
!LUV

မတ်သလားတော့ မမေးနဲ့ အပေါ်မော့ကြည့်ရင် အတိုင်းသားပဲ... တောင်ထိပ်ကို .. 🤪😜

😄😄😄

ခရီးသွားဆောင်းပါးတွေ ဆက်ရေးသင့်တယ်ဆာဟင် Please !hiqvote

အမြဲတမ်း ခရီးသွားနေပါ့မယ်လို့ !PIZZA

သေချာ ထိန်းသိမ်း ပြင်ဆင်ထားတော့ ခရီးသွားများ အတွက် လေ့လာကြည့်ရှုစရာ ကောင်းသလို နိုင်ငံ နှင့် ဒေသခံတွေ အတွက်လည်း ဝင်ငွေ ကောင်းတာပေါ့။
!pizza

ကိုယ်တွေ နိုင်ငံမှာ လိုဏ်ဂူ တွေ ပေါပါ့။ !PIZZA

!PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped donjaun (x1)
@htwegyi(1/5) tipped @kachinhenry (x1)
kachinhenry tipped ansoe (x1)
kachinhenry tipped kaungsett8388 (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!

Loading...

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

အသက် က စကားပြောထာ ဆိုတာ အဲ့သလို။
ကျွန်တော်တို့ဆီမှာလည်း တောင်ပြုံးပွဲတော်
တနှစ်ဆို တနှစ်ထိုင်စားယုံပ။
!PIZZA